ဒီနှစ်ထဲ Japan သီချင်းတွေ နားထောင်ဖြစ်တယ်။ ဂျပန် သီချင်းတွေ နားထောင်တယ် ဆိုလို့ ဂျပန်စကား ဂျပန်စာ တတ်တယ် မထင်နဲ့။ တစ်လုံးမှကို နားမလည်တာ။ အရင်ဆုံးက Baby Metal နားထောင်တယ်။ ပြီးတော့ iron bunny နားထောင်တယ်။ နားထောင်ဖြစ်တဲ့ အကြောင်းရင်းက Baby Metal အဖွဲ့ကွဲသွားတော့ Iron Bunny က နေရာယူမှာ ဆိုပြီး သတင်းတက်လာတာ တွေ့ပြီး နားထောင်ဖြစ်သွားတာ။ နောက်တော့ Wagakki Band(和楽器バンド) ကို သွားတွေ့တယ်။ အားပါးပါး။ မိုက်မှ မိုက်ပဲ။ ခေတ်ပေါ်ဂီတနဲ့ ရိုးရာဂီတ ကို mix လုပ်လိုက်တာ။ ဂျပန် ကြိုးသုံးချောင်းတပ် မယ်ဒလင် အသံက Rock နဲ့တွဲလိုက်တော့လည်း အတော်နားထောင်လို့ ကောင်းတာပဲ။ Performance တွေကလည်း အတော်မိုက်တယ်။ တီးနေတာကိုက လုံးဝ mood ဝင်ပြီး တီးနေတာ။ မျက်နှာတွေကို ကြည့်လိုက်တာနဲ့ ကိုယ်ပါ mood ဝင်သွားတယ်။ Solo တွေ တီးသွားတာ arrangement တွေ က အစ လုံးဝ ကြိုက်တယ်။သူတို့ အဖွဲ့က အစက vocaloid သီချင်းတွေပြန်ဆိုပေမယ့် အဲ့ကတည်းက ကိုယ်ပိုင်သီချင်းတွေ ရှိနေပြီးသား။ Stage တီးတဲ့ အခါမှာလည်း ဝတ်ထားတာတွေက ရိုးရာဝတ်စုံနဲ့ပဲ။ ( မြန်မာမှာဆို ဆဲခံ နေရလောက်ပြီ) သီချင်းဆိုတော့လည်း ဂျပန်ယပ်တောင်လေးကိုင် ဂျပန်ထီးလေးကိုင်ပြီး ဆိုတာ ( အဲ
I keep all of my memos here.