Podcast လုပ်မယ် လုပ်မယ်နဲ့ မလုပ်ဖြစ်ဘူး။ စိတ်ကူးထဲမှာလုပ်နေတာတော့ ၂ နှစ်လောက်ရှိပြီ။ တကယ်လုပ်မယ်ဆိုတော့ ဘေးပတ်ဝန်းကျင်က အသံတွေ ဆူတာနဲ့ အသံဖမ်းစရာက ဖုန်းတစ်လုံးပဲ ရှိပြီး အဲ့ဖုန်းက မကောင်းလို့ အဆင်မပြေတာနဲ့ အခက်အခဲတွေ အများကြီးပဲ။ အဲ့ဒီိလိုနဲ့ ဟိုတလောက စိတ်ကူးပေါ်လာတာက ကျွန်တော်မရှိတော့တဲ့နောက် ကျွန်တော်ပြောချင်တာတွေ သူ့ကို နားထောင်စေချင်တာတွေကို podcast လုပ်မှ ဖြစ်တော့မယ်။ ငါ့မှာလည်း အချိန်က သိပ်မကျန်တော့ဘူးဆိုတာ ရုတ်တရက် တွေးလိုက်မိပြီး လုပ်ဖြစ်သွားတာ။ Recording တစ်ခါမှ မလုပ်ဖူးတော့ အဆင်မပြေတာ ရှိရင်လည်း သည်းခံကြပါလို့။ P.S - တခြား podcast လုပ်စေချင်တဲ့ topic လေးများ ရှိရင်လည်း comment or email ပို့ပေးလို့ ရပါတယ်နော် လို့။
I keep all of my memos here.