Skip to main content

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင်
၁။ ဗျည်းအက္ခရာစဉ်
၂။ ဗျည်းတွဲ
၃။ သရကာရန်
၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။

၁။ ဗျည်းအက္ခရာစဉ်
******************
ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။ 

ဥပမာ
>>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။
အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။

ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<<

၂။ ဗျည်းတွဲ
**********
ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။

ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်)

ရှင်းအောင်ပြရပါက
ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ
ကျွ=က ယ ဝ။ ကြွ=က ရ ဝ
ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ
ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ
ဖြစ်ပါသည်။

ဥပမာ
>>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။

မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<<

 ၃။သရကာရန်
************
သရကာရန် ၂၂ လုံးရှိပါသည်။ အလွယ်တကူမှတ်ရန် အ၊အိ၊အု၊အေ၊အဲ၊အော၊အံ၊အို သရကာရန် ၈ လုံးကို အရင်မှတ်သားပြီး ထပ်ဖြည့်ရပါသည်။

အ၊ အာ၊ အား
အိ၊ အီ၊ အီး
အု၊ အူ၊ အူး
အေ၊ အေ့၊ အေး
အဲ၊ အဲ့
အော၊ အော့၊ အော်
အံ၊ အံ့
အို၊ အို့၊ အိုး

ဥပမာ
>>>မီးရထား၊ မာလာ၊ မုသား၊ မော်လမြိုင်၊ မဒမ၊ မံသ၊ မိုးကောင်း၊ မဲပြာ၊ မေးခွန်း၊ မိဘ။

မဒမ၊ မာလာ၊ မိဘ၊ မီးရထား၊ မုသား၊ မေးခွန်း၊ မဲပြာ၊ မော်လမြိုင်၊ မံသ၊ မိုးကောင်း။ <<<

၄။အသတ်ကာရန်
****************
မြန်မာအသတ် ၁၀ ခုသာရှိသည်။ အလွယ်တကူမှတ်ရန်မှာ ကဝဂ်၊ စဝဂ်၊ တဝဂ်၊ ပဝဂ် တို့၏ အစနှင့် အဆုံးအက္ခရာများ အဝဂ်ဗျည်းတွင် ယ စုစုပေါင်း ၁၀ လုံးရပါသည်။ 

(က်၊င်။ စ်၊ ဉ်၊ည်။ တ်၊န်။ ပ်၊မ်။ ယ်)

အဆိုပါ အသတ်ဆယ်မျိုးကို အ၊အိ၊အု၊အော၊အို ဟူသော သရ ၅  လုံးနှင့် ပေါင်းစပ်ပါက ပေါင်းနိုင်သမျှ အသတ်ကာရန်များကို ရပါသည်။

-က်= အက်၊ အုတ်၊ အောက်၊ အိုက်
-င်= အင်(အင့်၊ အင်း)၊ အောင်(အောင့်၊ အောင်း)၊ အိုင်(အိုင့်၊ အိုင်း)
-စ်= အစ်
-ဉ်= အဉ်(အဥ့်၊ အဉ်း)
-သည်= အည်(အည့်၊ အည်း)
-တ်= အတ်၊ အိတ်၊ အုတ်
-န်= အန်(အန့်၊ အန်း)၊ အိန်(အိန့်၊ အိန်း)၊ အုန်(အုန့်၊ အုန်း)
-ပ်= အပ်၊ အိပ်၊ အုပ်
-မ်= အမ်(အမ့်၊ အမ်း)၊ အိမ်(အိမ့်၊ အိမ်း)၊ အုမ်/အုံ(အုမ့်/အုံ့၊ အုမ်း/အုံ
-ယ်= အယ်

အုမ် နှင့် အုံ အတူတူဖြစ်သည်။ အုံ၊ အုံ့၊ အုံး ကို မသတ်ဟုမှတ်ရသည်။ သို့သော် အုမ်ပြီးမှ အုံ၊ အုမ့်ပြီးမှ အုံ့၊ အုမ်းပြီးမှ အုံး စဉ်ရသည်။

တစ်ချို့သော့ အသတ်များတွင် အောက်မြစ် နှင့် ဝိဇ္ဇသနီ ပေါင်းပါက အသံပွားများရရှိပါသည်။ ဥပမာ- အင်(အင့်၊ အင်း)

ဥပမာ
>>>မုံရွာ၊ မုန်းပင်၊ မိန်းမ၊ မုန့်စား၊ မန်းမြို့၊ မိတ်ဆွေ၊ မင်အိုး၊ မက်မော၊ မောင်းမ၊ မိုင်တိုင်

မက်မော၊ မင်အိုး၊ မောင်းမ၊ မိုင်တိုင်၊ မိတ်ဆွေ၊ မန်းမြို့၊ မိန်းမ၊ မုန့်စား၊ မုန်းပင်၊ မုံရွာ <<<

အပေါ်တွင် ပြထားခဲ့သော မ အက္ခရာစာလုံးကို စုပေါင်းကြည့်ပါက အောက်ပါအတိုင်းရပါသည်။
>>>မဒမ၊ မာလာ၊ မိဘ၊ မီးရထား၊ မုသား၊ မေးခွန်း၊ မဲပြာ၊ မော်လမြိုင်၊ မံသ၊ မိုးကောင်း၊ မက်မော၊ မင်အိုး၊ မောင်းမ၊ မိုင်တိုင်၊ မိတ်ဆွေ၊ မန်းမြို့၊ မိန်းမ၊ မုန့်စာ၊ မုန်းပင်၊ မုံရွာ၊ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<<

မှတ်ချက်
********
၁။ ပါဌ်ဆင့်ပုဒ်များ၊ ကင်းစီးပုဒ်များကို ရိုးရိုးအသတ်နှင့် တစ်ပေါင်းတည်းစဉ်ရသည်။
ဥပမာ- ခတ်တက်(ရိုးရိုး)၊ ခတ္တာ(ပါဌ်ဆင့်)။ 
သင်ဖြူးဖျာ(ရိုးရိုး)၊ သငေ်္ဘာ(ကင်းစီး)

၂။ သံယုဂ်ဗျည်းများကို အမြင်အတိုင်း ရိုးရိုးအက္ခရာနောက်မှ စဉ်သည်။
ဥပမာ- ဉ၊ ည၊ ယ၊ ယျ

၃။ ဝိသဇ္ဇနီသံပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စာလုံးပေါင်းအတိုင်း စဉ်သည်။
ဥပမာ- ဧချင်း (အေ အုပ်စု)၊ ဧရာဝတီ (အေ အုပ်စု)

ပါဠိအက္ခရာစဉ်နည်း
******************
ပါဠိအက္ခရာစဉ်နည်းသည် မြန်မာ အက္ခရာစဉ်နည်းနှင့် တူပါသည်။ ပါဠိတွင် အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ သရ ၈ လုံးလာပြီးမှသာ က မှ ဠ အထိ ဗျည်းများကို စဉ်သည်။

အကိုးအကား- ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ မြန်မာစာရွေးချယ်ချက်။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...