Skip to main content

Posts

Showing posts from May, 2020

ဓါတ်ပုံ မှတ်စု

M 50 ဝယ်ပြီးနောက်နေ့ ကင်မရာဖွင့်ပွဲ လုပ်ပေးမယ်ဆိုပြီး ဆရာသမားက ခေါ်လို့ လိုက်သွားတာပဲ။ အဲ့မှာ စတွေ့တာပဲ။ အမှန်အကန်ရိုက်တာပေါ့။ ISO ကလည်း အနိမ့်ဆုံး 100 ထိ ချထားတယ်။ F ကလည်း နောက်က ဝါးအောင်ဆိုပြီး f 1.4 အထိ ဖွင့်ပစ်ထားတာ။ ရိုက်ပြီးသား ပုံ ကို ပြန်ကြည့်တော့ တော်တော် ဆိုးဆိုးကြီး။ အဲ့တာနဲ့ shutter ကို ဂိတ်ဆုံးတင် တော့ 1/4000 ဖြစ်သွားတယ်။ ထပ်ရိုက်တယ်။ မရသေးဘူး။ စောနလောက် မဆိုးတော့ပေမယ့် ပြီး မှ ပြင်မယ်ကွာ ဆိုပြီး လုပ်လိုက်တာ။ ခု ပြင်တော့ အဲ့ အလင်း တအားဝင်တဲ့ နေရာက ဘယ်လိုမှ အလင်းလျော့ မရတော့ဘူး။ Lesson learned က တခါတည်း ကင်မရာထဲမှာ တတ်နိုင်သလောက် အပြီးရိုက်ပါ။ ဒါလေး photoshop နဲ့ ပြင်လိုက်မယ် ဆိုတဲ့ စိတ် ဖြောက်ပါ။ နောက်တခုက f ကို အကျယ်ဆုံးထားတိုင်း မဝါးပါဘူး။ f 1.4 ထိရတဲ့ lens ဆိုရင် 1.8 လောက်မှာ ထားကြည့်ပါ။ Lens တလုံးချင်းဆီမှာ sweet aperture ဆိုတာရှိပါတယ်။ ကိုယ့် lesn က ဘယ်လောက်မှာ ကောင်းတယ် ဆိုတာ ရိုက်နေမှပဲ သိမှာပါ။ ဒါကြောင့် ဆရာတွေက များများရိုက် လို့ ပြောနေတာပါ။ နောက်တခုက DSLR နဲ့ mirrorless ကွာတာပါ။ ကျွန်တော်က ကျွန်တော့်မှာ burn နေတယ် ရိုက်မရဘူး ဆိုပြီး သွားပြော ပြ

Kindle တွင် Unicode ထည့်နည်း

■ Kindle Reader များတွင်ယူနီကုဒ်ဖတ်၍ရအောင်ပြုလုပ်ခြင်း■ Software 3 ခုလိုပါတယ်။ ၁။ Calibre ၂။ Kindle Previewer 3  ၃။ KFX zip တို့လိုပါတယ်။ ပထမအဆင့် Kindle Previewer 3 ကိုသွင်းပါ။ ပြီးရင် calibre မှာ KFX plug in ကိုသွင်းပါ။ ပြောင်းချင်တဲ့စာအုပ်ကိုCalibre  ထဲထည့်ပြီး .KFX သို့ ပြောင်းပါ။ စက်ထဲထည့်ပါ။ Kindle မှာ ဖောင့်ကို  ပြည်ထောင်စုချိန်းလိုက်ပါ။ ရသွားပါပြီ။ အားလုံးအဆင်ပြေချောမွေ့ကြပါစေဗျာ။ ■ Kindle Previewer 3 ■ https://www.amazon.com/gp/feature.html?docId=1003018611 Previewer3 ကိုသွင်းရတဲ့ရည်ရွယ်ချက်က Calibre မှာ KFX ကိုပြောင်းတဲ့အခါ Fail မဖြစ်ရအောင်လို့ဖြစ်ပါတယ်ခင်ဗျ။ ■ KFX plug in.zip ■ https://my.pcloud.com/publink/show?code=XZE3xdkZPsqHBbTnTKzBxFgwyo7qQQ05Wwy7 မှတ်ချက်။ စက်ထဲမှာ ပြည်ထောင်စုဖောင့်ရှိနေဖို့လိုပါတယ်။ ပြီးရင် စာအုပ်ကို ဖောင့် 𝐬𝐞𝐭𝐭𝐢𝐧𝐠 ထဲမှာပြည်ထောင်စုရွေးပေးရပါမယ်။ ဖောင့်မထည့်တတ်ပဲရှိခဲ့သော် ဒီမှာကြည့်ပါခင်ဗျ။ ခက်ခဲလွန်းတယ်လို့ထင်ရင်ကြည့်ဖို့ပါ။ တူတူပါပဲ။ Video Version ပေါ့ဗျာ။ ■ Special Thanks to mobile-read forum.■

My Media Server Set Up

အိမ်မှာ ရုပ်ရှင်ကြည့်တယ်ပေါ့။ ပြဿနာက ဒီလို။ အိမ်ရှေ့ခန်းထဲမှာက  Mi TV 4S နဲ့ ကြည့်တယ်။ အိပ်ရာထဲရောက်သွားရင် Tablet or phone or laptop နဲ့ ကြည့်တယ်။ အိမ်ရှေ့က ဆိုင်ထဲမှာဆို ဆိုင်ထဲမှာထားတဲ့ desktop PC နဲ့ကြည့်တယ်။ ဒီနေရာမှာ Netflix ဝယ်ကြည့်လေလို့ ပြောရင်လည်းခံရမှာပဲ။ Netflix လည်း ဝယ်ကြည့်ပါတယ်။ ဝယ်သာဝယ်ထားတာ သိပ်လည်း မကြည့်ဖြစ်ပါဘူး။ နောက်ပြီးတော့ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားတိုင်းက Netflix မှာ မရှိဘူး။ ပြီးတော့ လစဉ်ကြေးကလည်း ထည့်တွက်ရဦးမယ်။ အဲ့ဒါနဲ့ Media server လုပ်ဖြစ်သွားတာပဲ။ Media server ဆိုတာကတော့ ရုပ်ရှင်တွေ media တွေကို အိမ်မှာရှိတဲ့ HDD တစ်လုံးထဲကိုထည့်ထားပြီးအဲ့ထဲက ရုပ်ရှင်တွေကို အိမ်မှာရှိတဲ့ TV, Tablet, Phone နဲ့ Computer တွေကနေ ဝင်ကြည့်လို့ရသွားတာကို ပြောချင်တာပါ။ အဲ့ဒါနဲ့ ဘာ softwareသုံးရမလဲ လိုက်ရှာရင်း Flex ကို တွေ့တယ်။ ဒါပေမယ့် free version မှာ streaming က တစ်မိနစ်ပဲရတယ်။ Kodi ကျတော့ standalone ပဲ သုံးလို့ အဆင်ပြေတယ်။ ဘယ်လိုလုပ်ရမလဲ မသိလို့လားတော့ မသိဘူး။ အဲ့ဒါနဲ့ လိုက်ရှာရင်း EMBY ကို သွားတွေ့တယ်။ https://emby.media/ Emby က platform တော်တော်မ

ခင်ဝမ်း သို့

တကယ်တမ်း ကိုယ့်ဟာကိုယ်လှည်းတန်းမှာ ဘော်ဒါတစ်ယောက်နဲ့ ချိန်းထားရင်း ကန်ဘောင်ရှေ့က လမ်းဖြတ်လျှောက်မိတော့ ဂစ်တာသံ ကြားတော့ မနေနိူင်ပဲ ဝင်နားထောင်မိသွား တာ။ စပြီးနားထောင်တော့ကင်မရာကိုသတိမရပဲဂစ်တာသံတွေကြားမှာ မျောနေသေးတယ်။ နောက်ကျမှ ရိုက်ဖို့သတိရသွားတာ။ အဲ့အချိန်မှာ စိတ်ထဲ ရိုက်ရမလား မရိုက်ပဲဇိမ်လေးနဲ့ ဆက်နားထောင်ရမလားဆိုပြီး တွေဝေနေသေးတယ်။ နောက်ကျမှ ရိုက်ပြီးသိမ်းထားလိုက်ရင် ဘယ်အချိန်ပြန်နားထောင်ထောင် ရတာပဲ ဆိုပြီး ရိုက်တဲ့ အထဲ စိတ်ထည့်လိုက်ရတာ။ ဒီ video တွေကို အစက တယောက်တည်းပဲ ကြည့်နေတာ။ နောက်ကျတော့ ကိုယ့်လို ကြည့်ချင်တဲ့သူတွေလည်း ရှိမှာပဲ ဆိုပြီး ဒီမှာလာတင်ဖြစ်သွားတာ။ အဲ့တုန်းက ဖြစ်ချင်တော့ ကင်မရာ battery က အပို တစ်လုံးပဲ ပါလာတာ။ 4K က ကြာကြာ ရိုက်လို့လည်းမရဘူး။ ရိုက်ရင် ကင်မရာက ပူလာရော။ အဲ့ဒါနဲ့ပဲ ရသလောက်ပဲ ရိုက်ခဲ့ရတယ်။ သီချင်းတွေ အကုန်ပါအောင် ရိုက်ချင်ခဲ့တာပေါ့။

ဖုန်းဆိုင်ပုံပြင် (၂)

၂၀၂၀  ရောက်တော့ လူတွေ မြန်မာယူနီကုဒ် စနစ်ကို ပြောင်းကုန်ကြတယ်။ ကိုယ်ကအစကတည်းက unicode ပဲ ဆိုတော့ ကိုယ့်ဆိုင်မှာ လာပြောင်းရင်တော့ ပိုက်ဆံမယူပဲ အလကားပဲ လုပ်ပေးလိုက်တယ်။ တစ်ရက်ကြတော့ ကောင်လေးတစ်ယောက် ဆိုင်ကိုရောက်လာတယ်။ မြန်စံ ထည့်ချင်လို့တဲ့။ ကိုယ်ကတော့ ချက်ချင်းသဘောပေါက်ပါတယ်။ ရတယ် ညီလေး ဆိုပြီး လက်ခံလိုက်တယ်။ အဲ့ဒါသူ့ဖုန်းကို ယူကြည့်တော့ unicode က ပြောင်းပြီးသား။ ကီးဘုတ်ကလည်း Bagan Keyboard ကို unicode input နဲ့ပဲ။ အဲ့ဒါနဲ့ ကိုယ်လည်းခေါင်းကုက်လိုက်ရတယ်။ အဲ့ဒါနဲ့ သူ့ကို ပြန်မေးတော့လည်း မြန်စံ ထည့်ပေးရမှာလေ အကို တဲ့။ နောက်ဆုံး အတော်စဉ်းစားလိုက်မှ သဘောပေါက်သွားတယ်။ ကိုသန့်သက်ရဲ့ TT keybard ထည့်ပေးလိုက်တော့မှ။ ဟာ ဟုတ်တယ် အကို။ ကျွန်တော်ပြောတာအဲ့ဒါတဲ့။ မြန်စံဖောင့် ထည့်တာ ဒီရပ်ကွက်ထဲက ဆိုင်တွေ လိုက်ထည့်တာ တဆိုင်မှထည့်မရလို့ ကျွန်တော်တိုင်ပတ်နေတာ တဲ့။ (စိတ်ထဲမှာတော့ ဒင်းကို နားရင်းချည်း ရိုက်ပစ်ချင်နေတာ ) 

YouTube alternative Mi TV

YouTube ကို Mi TV တွေမှာ သုံးလို့ မရဘူး။ Sign in ဝင်ခိုင်းတယ်။ Google Play Service ထည့် မရတော့ sign in လည်း ဝင် မရ။ အဲ့တာနဲ့ လိုက်ရှာတော့ ဒါလေးတွေ့တယ်။ စမ်းသုံးကြည့်ကြတာပေါ့။ တခါတလေ error တက်တာတော့ ရှိတယ်။ Beta ပဲ ရှိသေးတာကိုး။ https://github.com/TeamNewPipe/NewPipe/