iOS 10 မှာ မြန်မာစာ မှန်ပီလား ?

အခုနေ အများသုံးနေတဲ့ဖေါင့်က ဇော်ဂျီဖေါင့်ပါ၊ အခု iOS 10 မှာပါလာတာက ယူနီကုဒ်ဖေါင့်ပါ၊ ဇော်ဂျီဟာ
ယူနီကုဒ်ဖေါင့်မဟုတ်ပါဘူး၊ ဒါကြောင့် iOS 10 မှာတော့ စနစ်မှန်တဲ့ ယူနီကုဒ်ဖေါင့်ပါလာလို့ အသုံးပြုသူမှ ဇော်ဂျီဖေါင့် ထည့်သုံးရင် ယခင်လို မှန်ကန်စွာမပြနိုင်တော့ပါဘူး၊ ပါလာတဲ့ မြန်မာယူနီကုဒ်ဖေါင့်ကို ဂျေးဘရိတ်ရမှ ဖယ်ထုတ်/အစားထိုးမှဘဲ ဇော်ဂျီနဲ့ရေးထားတဲ့ စာတွေ အတည့်မြင်ရတော့မှာပါ၊
မဂျေးဘဲနဲ့ အတည့်မြင်အောင်လုပ်မရဘူးလား?
Facebook အစား Like book apps သုံးမယ်
ဆို likebook ထဲမှာတော့ ဇော်ဂျီနဲ့ရေးထားတာတွေ
အတည့်မြင်ရမှာပါ
Safari ထဲမှာလဲ zawgyi bookmark လေးသုံးရင်
ရပါသေးတယ်
Message, Viber တွေကတော့ ဇော်ဂျီနဲ့ရေးထားတာတွေဆို
အတည့်မြင်ဖို့ရာ zawgyi Uni converter apps တွေ
သုံးရပါလိမ့်မယ်၊ ဇော်ဂျီနဲ့ ရေးပို့လာတာတွေ တိုက်ရိုက်ဖတ်မရတော့ပါ၊
Contact ထဲမှာလဲ ယခင် ဇော်ဂျီကီးဘုတ်နဲ့ ရေးမှတ်ထားတဲ့ မြန်မာအမည်တွေဆို အတည့်အတိုင်းမပေါ်တော့ပါဘူး၊ အဲဒီအခါကျ ဖေါင့် converter သုံးပီးဘဲ
ယူနီကုဒ်စနစ်ကို ပြောင်းသိမ်းပေးမှ အတည့်မြင်ရမှာပါ
iOS 10 မှာ မြန်မာစာ မှန်ပီလား ?

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ