Skip to main content

Posts

Showing posts from February, 2022

ပျောက်ဆုံးသွားတဲ့ မနက်ခင်းလေးများ

ဒီစာကို ရေးမယ် ဆိုတော့ အရင်ဆုံး ဘယ်ဟာကို သတိရမိသလဲဆို ဆရာမဂျူး ရဲ့ စာအုပ်ပဲ။ ဆရာမဂျုးကို ကျွန်တော် စသိခဲ့တာ သူ့ရဲ့ အချစ်ဝတ္ထုနဲ့ မဟုတ်ခဲ့ဘူး။ ၂၀၀၉ တုန်းက လှည်းတန်းလမ်းဘေးက စာအုပ်ဆိုင်တစ်ဆိုင်မှာ စာအုပ်တစ်အုပ်ကို တွေ့မိလိုက်တယ်။ စာအုပ်နာမည်က နိုဝင်ဘာမိုး တဲ့။ ရေးတာက ဂျူး။ အဲ့စာအုပ်က နာမည်ကြီး english သီချင်းတွေကို မြန်မာလို ခံစားပြီး ပြန်ရေးဖွဲ့ထားတာ။ သီချင်းတွေနဲ့ သီချင်းတွေကို ဖန်တီးသီဆိုသူတွေရဲ့ နောက်ကြောင်းရာဇဝင်တွေကိုလည်း ထည့်ရေးထားတယ်။ အဲ့အချိန်တုန်းက ကျွန်တော်က သီချင်းတွေကို အငမ်းမရ နားထောင်နေတဲ့ အချိန်ဆိုတော့ အဲ့စာအုပ်ကို ရေရေလည်လည် ကြိုက်သွားတာပေါ့။ စာအုပ်နာမည်ဖြစ်တဲ့ နိုဝင်ဘာမိုး ဆိုတာက Guns & Roses ရဲ့ November Rain သီချင်းပေါ့။ အဲ့သီချင်းအကြောင်း သိချင်ရင်တော့ အဲ့စာအုပ်သာဖတ်ကြည့်တော့။ အဲ့မှာ ရေးထားတယ်။ ကြားထဲကဖြတ်ပြောရရင် အကြိုက်ဆုံးက slash ကြီး guitar solo တီးတဲ့နေရာပဲ။ မျက်လုံးထဲကကို မထွက်တာ။   Intro က နည်းနည်းရှည်သွားပြီ။ ကျွန်တော်က အဲ့စာအုပ်ဖတ်မိသွားပြီး သီချင်းတွေ အကြောင်း ရေးချင်လာတယ်။ အခု ကျွန်တ

Hi Res Songs

  ✨Telegram Groups 🎶Foreign  https://t.me/flac_hub https://t.me/flacmusics https://t.me/kpopfllac https://t.me/FLACSong https://t.me/LossLess_Music_Group https://t.me/musicalossless https://t.me/psytrance_music https://t.me/FLAC_DSD_LOSSLESS_HIRES https://t.me/hireslossless https://t.me/CpopAlbum_IR 🎶Myanmar https://t.me/myleo30songs https://t.me/mmflacchannel https://t.me/FlacQualityMyanmar ✨Facebook Groups 🎶Foreign https://www.facebook.com/groups/205760798033786 https://www.facebook.com/groups/FlacLosslessNet https://www.facebook.com/groups/566634473874658 https://www.facebook.com/groups/605427643126641 https://www.facebook.com/groups/957671324980055 🎶Myanmar https://www.facebook.com/groups/246191920237008 https://www.facebook.com/groups/385304033056994 https://www.facebook.com/groups/325793842117009 https://www.facebook.com/groups/329347301153764 ✨Website  https://choice4music.com/ https://kollersi.com/

သီချင်းများ၊ ခံစားချက်များ

  ကိုမင်းပိုက် ဆွဲထားတဲ့ artwork လေးကိုမြင်တော့ အတော်ကြိုက်မိတယ်။ 30 Seconds to Mars ရဲ့ Hurricane သီချင်းထဲက စာသားပေါ့။ ဒီစာသားအရဆို လူတစ်ယောက်ကို သတ်ပစ်မှ ရမယ်။ အဲ့လူကကျွန်တော်ဖြစ်နေတာ တခုပဲ။ သတ်မယ့်သူကလည်း ကျွန်တော်၊ သေရမယ့် သူကလည်း ကျွန်တော်ပဲ။ ခင်ဗျား နားရှုပ်သွားပြီ ထင်တယ်။  နောက်ပြီးတော့  ခင်ဗျားထင်နေသလို suicide လည်း မဟုတ်ပြန်ဘူးဗျ။ သေဆုံးခြင်းက အရှုံးပေးခြင်းမဟုတ်သလို လက်နက်ချခြင်းလည်း မဟုတ်ဘူး။ ဆိုတော့ ဘယ်နည်းလမ်းနဲ့ သတ်မလဲ ဆိုတာကတော့ ကျွန်တော် ရွေးရမှာပေါ့။   သီချင်းတွေက အတော် လွှမ်းမိုးမှု့ရှိတယ်လို့ ပြောလို့ရတယ်။ အသည်းမကွဲခင်က အသည်းကွဲ သီချင်းတွေ တအားကြိုက် တအားနားထောင်တာပေါ့။ တကယ်လည်း အသည်းကွဲရော အသည်းကွဲ သီချင်း တပုဒ်မှကို နားမထောင်နိုင်တော့တာ။ လူက အီလည်လည်ကြီး။ Void ဖြစ်သွားတယ် ပြောရမလား။ ဘာမှ ခံစားချက်မရှိနိုင်တော့တာ။ သွားလည်း ဒီစိတ်၊ စားလည်း ဒီစိတ်၊ အိပ်လည်း ဒီစိတ်နဲ့ ဖြစ်ကုန်တော့တာပဲ။ Depression ဝင်လု ဝင်ခါနီးဖြစ်သွားတယ်။ စိတ်က နေမကောင်းတော့ လူလည်း နေမကောင်းဖြစ်တော့တာပဲ။ အဲ့ ခံစားချက်ကြီး က အတော်ကို ဆိုးတာဗျာ။ ဘာနဲ့မှ ကုလို့လည်း မရဘူး။ လူကလည်း လ

မရှိတော့သော ကျွန်တော့်ရဲ့ အစိတ်အပိုင်း ဆီသို့ ပေးစာ

Artwork By Yuval Robichek ကျွန်တော် Romania က 3rd Engineer တစ်ယောက်နဲ့ တွဲ အလုပ် လုပ်တုန်းက ကျွန်တော့်ကို တွေ့တိုင်း part of the ship , part of the crew ဆိုပြီး စ နေကြ။ ဘာလို့ စ သလဲဆိုတော့ ကျွန်တော်က အဲ့ သင်္ဘောပေါ်မှာ ရောက်နေတာ တနှစ်ပြည့်တော့မယ်လေ။ အဲ့ စကားလုံး ဘယ်ကလာသလဲဆိုရင် Pirate’s of the Caribbean ထဲမှာ ဇာတ်ဝင်ခန်း တခန်း ရှိတယ်။ Flying Dutchman ပေါ်မှာ Captain ရှိမှ ဖြစ်မယ် ဆိုပြီး Turner ရဲ့ နှလုံးကို ထုတ်တဲ့ အခန်းမှာ Part Of the Ship, Part of the crew ဆိုပြီး ပြောသွားတာ။ ဒါက ရုပ်ရှင်ထဲမှာပေါ့။ အပြင်မှာကျ ဘယ်လိုလဲ ဆိုတော့   သင်္ဘောပေါ်မှာနေလာတာ ကြာတဲ့ Engine ဌာနက လူတစ်ယောက် Engineer တစ်ယောက်က သင်္ဘောရဲ့ machine တစ်ခု အနေနဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ ဖြစ်လာပါတယ်။ အဲ့ လူတစ်ယောက် နေမကောင်းဖြစ်လို့ နားရရင် သင်္ဘောရဲ့ စက်ပျက်တာနဲ့ အတူတူပါပဲ။ လူတစ်ယောက်မရှိတော့တာဟာ ဘယ်လောက် ဒုက္ခများတယ် ဆိုတာ သင်္ဘောပေါ်မှာ shortage နဲ့ နေဖူးတဲ့ သူတွေက ပိုသိပါလိမ့်မယ်။ လူတစ်ယောက်နဲ့ ဆယ်စုနှစ်တစ်ခုကျော် အတူနေလာတဲ့ အခါမှာလည်း အဲ့လူက ကိုယ့်ရဲ့ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း part of the b