Skip to main content

Posts

Showing posts with the label lensbaby. trio

LensBaby Trio

Lensbaby ကို စတွေ့ကတည်းကသဘောကျပေမယ့် ဝယ်ဖို့ ပိုက်ဆံမတတ်နိူင်တာရော online ကဝယ်မှပဲ ရတာကြောင့်ရော ဘယ်mount အတွက်ဝယ်ရမယ်မှန်းဆုံးဖြတ်လို့မရတာကြောင့်ရော မဝယ်ဖြစ်ခဲ့ဘူး။ အဲ့ဒါနဲ့ ခုကျတော့ အမတစ်ယောက်က သူ့ဆီမှာ lens တစ်ခု အပိုရှိနေတယ်။ သူက canon ပဲကိုင်တာ ဆိုတော့ သူလည်း မသုံး ၊ကျွန်တော့်မှာ fujifilm xt20 ရှိမှန်း သိသွားတော့ x mount နဲ့ lens အပိုကို ကျွန်တော့်ကို လက်ဆောင် ပေးလိုက်တာနဲ့ အတော်ပဲ    ဖြစ်သွားရော။ Lensbaby trio ဆိုတဲ့အတိုင်း sweet, valvet နဲ့ twist သုံးခုစလုံးကို lens တစ် ခုထဲမှာသုံးလို့ရအောင် လုပ်ပေးထားတာပါ။ Fuji xt20 မှာ တပ်သုံးတာဆိုတော့ fuji ရဲ့ film simulation တွေနဲ့ ပေါင်းသုံးလိုက်တော့ အတိုင်းထက်အလွန်ပေါ့။ Fuji မှာ တပ်သုံးဖို့ အရင်ဆုံး auto focus ကို manual ကို ပြောင်းရပါတယ်။ နောက်ပြီးတော့ setting ထဲမှာ shoot without lens ကို on ပေးရပါမယ်။ ပြီးရင် manual focus ဖြစ်တဲ့အတွက် focus peak ကို ဖွင့်ပေးရပါမယ်။ ကျွန်တော်ကတော့ Red ကိုပဲ သုံးပါတယ်။ ( Focus peak ဆိုတာ lens က manual focus ဖြစ်တဲ့အတွက် ဘယ်နေရာကို focus ဖြတ်တယ်ဆိုတာ သိဖို့အတွက် focus ဖြတ်တဲ့ နေရာကို အနီရ...