ဝ မဟုတ်ပဲ ဝိ လုပ်ခြင်း
ဇော်ဂျီနဲ့ဆို ၀ မရှိပဲ(မဟုတ်ပဲ) ဝိ လုပ်လို့ရတယ် (သုညနဲ့) Unicode နဲ့ဆို ၀ မရှိဘဲ ဝိ လုပ်လို့မရတော့ဘူး ဘယ်ဟာ ပိုကြိုက်လည်း ----------------------------------------------------- ကျမအပါအဝင် ဇော်ဂျီအသုံးပြုသူအချို့ဟာ ဝလုံး လို့ရေးချင်ရင် ဝလုံး ကိုလိုက်မရှာဘဲ သုည ကိုပဲ ဝလုံး အဖြစ်ရိုက်ထည့်လိုက်ကြတယ် (ပွင့်ပွင့်လင်းလင်းပြောရရင် ကျမစိတ်ထဲ ကီးဘုတ်ပေါ်မှာ ဝလုံး သီးသန့်ရှိမှန်းတောင်မသိဘူး တလောကမှ ကျမအကိုက နင်တင်တဲ့ status တွေမှာ ဝလုံး အစား သုည တွေရေးနေတာတွေ့တယ်တဲ့ ဘာဖြစ်လည်း တူတူပါပဲ ဆိုတော့ မတူဘူးတဲ့ ဝလုံး သက်သက်ရှိတယ် အိုင်တီကဆရာမဆိုတော့ မမှားသင့်ဘူးပေါ့ အဲလိုပြောတယ် ဒါပေမယ့် ခုထိ ဝလုံးရှာရမှာပျင်းလို့ သုညဘဲသုံးတယ် :) ) ဆိုလိုတာက ဇော်ဂျီမှာ ဝိ လို့ရေးချင်ရင် သုည လုံးကြီးတင် လည်း ဝိ ဖြစ်တာပဲ ဝလုံး လုံးကြီးတင် လည်း ဝိ ဖြစ်တာပဲ Unicode ကတော့ မရဘူး စည်းကမ်းကြီးတယ် ၀ မရှိဘဲ သုည ကို ဝိလုပ်လို့မရဘူး စည်းကမ်းတကျ သိမ်းပေးထားတော့ ပြန်စီရ ပြန်ရှာရလွယ်တာပေါ့ အဲဒါပါပဲ Credit Htar Htar Saw Lwin