Skip to main content

Posts

Showing posts from September, 2019

Unicode Vs Zawgyi

အခုတလော အင်တာနက်ပေါ် လှုပ်လှုပ်ရွရွဖြစ်နေတဲ့ကိစ္စတစ်ခုကို ပြောပါဆိုရင် ယူနီကုဒ်နဲ့ ဇော်ဂျီတို့ရဲ့ ကိစ္စကိုပြောရပါလိမ့်မယ်။ Unicode အတွက် ကြိုးစားကြနေသူတွေ အားကောင်းလာကြသလို google translate မှာ မြန်မာစာပါလာတဲ့ကိစ္စ၊ OS version အသစ်တွေ ထွက်လာတဲ့ကိစ္စတွေဟာလည်း Unicode နဲ့ Zawgyi တို့ရဲ့ ရှည်ကြာနေပြီဖြစ်တဲ့ ပဋိပက္ခကို တစ်ဖန်ပြန်လည်ပြင်းထန်စေခဲ့ပါတယ်။ ယူနီကုဒ်ဆိုတာဘာလဲ၊ ဇော်ဂျီဆိုတာဘာလဲ၊ အဲဒီနှစ်ခု ဘာတွေကွာခြားလဲ၊ ဘာကြောင့် အဲဒီနှစ်ခု ပြဿနာဖြစ်နေကြသလဲ၊ ကိုယ်ကိုယ်တိုင်ကကော အခုလက်ရှိ ဘာကိုသုံးနေသလဲ ဆိုတာတွေဟာ အင်တာနက်ပေါ်မှာ မြန်မာစာရေးနေဖတ်နေသူတိုင်း သိကိုသိထားရမယ့် အကြောင်းအရာတွေဖြစ်ပါတယ်။ ယူနီကုဒ်ရယ် ဇော်ဂျီရယ်လို့ ခွဲမပြောခင် ကွန်ပျူတာ၊ ဖုန်းတွေမှာ စာတွေကို ဘယ်လိုသိမ်းသလဲဆိုတာကို အကြမ်းဖျင်း နားလည်ထားသင့်ပါတယ်။ စာဖတ်သူက 'က' (ကကြီး) လို့ရိုက်လိုက်ပေမယ့် ကွန်ပျူတာတွေ ဖုန်းတွေက ကကြီးရယ်လို့ သိတာမဟုတ်ပါဘူး။ သူတို့နားလည်တဲ့ နံပါတ်တွေ (ဥပမာ - ကကြီးဆိုရင် 1000) နဲ့ပဲ မှတ်သားထားတာပါ။ စာဖတ်သူက ကကြီးလို့ရိုက်ပြီး တစ်ဖက်ကဖုန်းတစ်လုံးကို လှမ်းပို့လိုက်တယ်ဆိုပါစို့။ စာဖတ်သူက ကကြီးလို့ ရိုက

MSX Converter

MSX Converter v2.0 [updated] Microsoft word, excel, powerpoint ဖိုင်တွေကို ဇော်ဂျီ font ကနေ unicode ပြောင်းပေးမယ့် အခမဲ့ windows application တစ်ခုဖြစ်ပါတယ်။ Rabbit Converter ကို အသုံးပြုထားပြီး Python နဲ့ရေးသားထားပါတယ်။ bulk စနစ်ဖြင့် folder လိုက် လွယ်လွယ်ကူကူပြောင်းပေးနိုင်အောင် လုပ်ပေးထားပါတယ်။ လက်ရှိမှာ .docx, .xlsx, .pptx ဖိုင်တွေကို ပြောင်းပေးနိုင်ပါတယ်။ လိုအပ်ချက်အနေနဲ့ windows 7 sp1 နှင့်အထက်၊ C++ Redist Package သွင်းထားဖို့လိုပြီး၊ မရှိသေးပါက  အောက်မှာပေးထားတဲ့ link ကနေ သွင်းယူလို့ရပါတယ်။ Download here https://tinyurl.com/msxconverter2-0 Visual C++ Redistributable Packages https://tinyurl.com/msxaddition changelogs: v2.0 (notepad) .txt ,  (subtitle) .srt supported anti-virus မှာ false positive ပြနေတာကို ပြင်ထားပါတယ်။ စာကြောင်းတွေမှာ font တွေကွာနေတာ မမှန်တာတွေ ပြင်ထားပါတယ်။ UI အတွက် clear logs button ထပ်ထည့်ထားပါတယ်။ convert လုပ်ပြီးပေမယ့် microsoft office မှာ fontface ပြန်ချိန်းမှ အမှန်မြင်ရတာအတွက် တစ်ခါတည်း မြင်ရအောင် ပြင်ထားပါတယ်။ export location အတွက် C:/MSX_OUT