Fujifilm XC230mm (သို့) ပြောင်းရှည်
အစက တော့ fujinon lens တွေက ဈေးကြီးလို့ မဝယ်တော့ဘူးနေပေမယ့် XC လိုဈေးသက်သာတဲ့ပလတ်စတစ်နဲ့ လုပ်ထားတဲ့ lens တွေ ရှိတာကို သိသွားတော့ဝယ်ဖို့စိတ်ကူးမိသူငယ်ချင်းတစ်ယောက်ပြန်ရော။ စိတ်ကူးမိယုံပဲရှိသေးတယ် facebook ပေါ်က သူငယ်ချင်း တစ်ယောက်က အသုံးမလိုလို့ ပြန်ရောင်းနေတဲ့ပိုစ်ကို တွေ့မိတာနဲ့ ချက်ချင်း ဝယ်မိသွားတယ်။XC 230mm မှာ ဈေးသက်သာတယ် ဝိတ်လျှော့ထားတယ် ဆိုတော့ aperture ring ကို lens မှာ တပ်မထားပဲ camera body ကနေ ကစားရတာရယ် IS ကို lens မှာ ခလုပ်တစ်ခုအနေနဲ့ မပါပဲ menu ထဲကနေ သွားသွားပြောင်းနေရတာပဲ ကွာတာပါ။ ကျွန်တော့် အတွက်တော့ အဲ့ဒါတွေက မပါလည်း အဆင်ပြေပါတယ်။အဓိကကတော့ build material ကွာလို့ ဈေးကွာတာပါ။ ဒီပုံတွေကတော့ XC230mm နဲ့ ရိုက်ထားတဲ့ပုံတွေပါ။ တစ်ချို့ပုံတွေကို မကောင်းပေမယ့် သည်းခံပြီး ကြည့်ပေးကြပါလို့။ ပုဂံရောက်တိုင်း ကိုယ့်ပုံကို မရိုက်ဖြစ်ခဲ့ဘူး။ ရိုက်ပေးမယ့်သူမပါတော့ မရိုက်ဖြစ်ဘူးပေါ့။ ဒီတစ်ခါတော့ ဝင်းမြတ် ပါလာပြီး မင်းပုံကို ငါရိုက်ပေးမယ် ကင်မရာငါ့ကိုပေးဆိုပြီး ရိုက် ပေးတော့မှ ရိုက်ဖြစ်သွားတာ။ ရန်ကုန် လှော်ကားဥယျာဉ် သွားရင်း သမင်လေးတွေတွေ့လို့ ရိုက်မိခဲ့တာ။ တကယ်က ကျွန်တော့်ဟ