Skip to main content

မြန်မာ ယူနီကုဒ် သုံးချင်လာလို့ အိုင်ဖုန်းထဲဘယ်လို ထည့်ရမလဲ ?

Myfont ဆိုတဲ့ apps ထဲကနေ နှစ်မျိုးမြင်ဖေါင့် ဖြစ်တဲ့ hybrid font ဖြစ်ဖြစ် Unicode font ဖြစ်ဖြစ်တစ်ခုခုထည့်လိုက်ရင် ယူနီကုတ်နဲ့ရေးထားတာတွေမြင်လာရပါမယ် ဒါပေမယ့် ဇော်ဂျီစာတွေတော့ ယူနီကုဒ်ထည့်လိုက်ရင် ဖတ်မရတော့ပါဘူး၊ ၂ မျိုးမြင် hybrid font ထည့်သုံးရင်တော့ ၂ ခုစလုံးဖတ်လို့ရသွားမယ် ဒါပေမယ့် ဇော်ဂျီနှင့် ရေးထားတာတွေကတော့ ၈၀% နှုန်းဘဲအတည့်မြင်ပါမယ် (ဆိုတာက သဝေထိုးရှေ့နောက်နေရာလွဲတာတို့ ယပင့် ရရစ်တွေလွဲပါတယ်)
ယူနီကုဒ်ဖေါင့်/ ၂ မျိုးမြင် hybrid font ထည့်လိုက်ပီးရင်တော့
ယူနီစာတွေဘဲ အတည့်ပေါ်ပါမယ် (hybrid font ဆို ဇော်ဂျီ ၈၀ ရာခိုင်နှုန်းဘဲ အတည့်မြင်ပါမယ်) ဆိုတော့ ရေးတဲ့ကီးဘုတ်ကလဲ
ယူနီကုဒ်ပုံစံစာစီထားတာတွေ ထွက်လာမှ အတည့်ပေါ်ပါမယ်
စာပို့စာယူဆိုလဲ တစ်ဖက်က လက္ခံတဲ့စက်က ယူနီကုဒ်ဖေါင့်ထည့်ထားမှ ယူနီကုဒ်ကီးဘုတ်နဲ့ ရိုက်ပို့လာတဲ့စာတွေကို မြန်မာလို အတည့်မြင်ရပါမယ်၊
အိုင်ဖုန်းမှာ ယူနီစာစီစနစ်တွေရေးဖို့ရာ တီတီကီးဘုတ်ထဲမှာပါဝင်လာပီးသားပါ၊ ဇော်ဂျီဖေါင့်တစ်ခုဘဲ ဖုန်းထဲထည့်ထားရင်တော့
ယူနီကီးဘုတ်နဲ့ရိုက်ရင်/ ရိုက်ထားတဲ့စာတွေ အတည့်မမြင်/ဖတ်မရပါဘူး၊ အိုင်ဖုန်းမှာ ယူနီကီးဘုတ်အလုပ်လုပ်ဖို့ရာ စတိုးကနေ တီတီကီးဘုတ် apps ထည့်ပီးရင် အောက်ပါအတိုင်းလုပ်ဆောင်ပေးရင်ရပါပီ
https://www.facebook.com/myanmariosusergroup/posts/1049052151853030:0
စာရိုက်ရတာ အတူတူဘဲလား တီတီယူနီကီးဘုတ်မှာ ယခင်ထက် စာရိုက်ရအနည်းငယ်ကွဲပြားပါလိမ့်မယ်
ငယ်ငယ်က သတ်ပုံအတိုင်းရေးရတဲ့ စာရေးစနစ်ကို မှတ်မိရင်တော့မခက်ပါဘူး ဥပမာ မြို့ကိုရိုက်ချင်ရင် မ ရရစ် လုံးကြီးတင် တစ်ချောင်ငင် အောက်ကမြင့် စသည့် အစီအစဉ်အတိုင်းရိုက်ရပါလိမ့်မယ်၊
(MyanSan keyboard not UniZG😅)
MyFont - Myanmar Font by Hein thet Khin zaw
https://appsto.re/sg/cXI-Y.i
ttKeyboard by Hein thet Khin zaw
https://appsto.re/sg/inf12.i
ဖေါင့်ပြန်ဖျက်လို့ရလား?
Settings>> General >> Profile ကနေ သက်ဆိုင်ရာဖေါင့် profile ထဲဝင်ပီး ဖျက်ပေးလို့ရမှာပါ
ကီးဘုတ်ရော မကြိုက်ရင်ဖျက်လို့ရလား?
Settings >> General >> Keyboard >> Keyboards >> ဖျက်လိုတဲ့ ကီးဘုတ်ပေါ်မှာ ဗယ်ကနေညာဘက် ပွတ်ဆွဲပီး ဖျက်ပေးရုံပါဘဲ၊
iOS 10 မှာ မြန်မာစာထည့်ပေးဖို့လိုအုန်းမလာ?
iOS 10 မှာ မြန်မာစာ အပြည့်ပါဝင်လာလို ယခင်လို ထည့်သွင်းစရာမလိုတော့ပါဘူး၊
မကြိုက်လို့ ဖျက်လို့ရောရသေးလား ?
အတွင်းကျကျပါဝင်လာလို့
ဂျေးဘရိတ်မရရတော့ ဖြုတ်လို့မရနိုင်တော့ပါဘူး၊
မသုံးချင်ရင်ရောရလား?
ရပါတယ် Facebook ကို စတိုးမှ Likebook ဆိုတဲ့ apps နှင့်ဖြစ်စေ
Safari ထဲကနေဆို Zawgyi force ကို အသုံးပြုပီး အသုံးပြုလို့ရပါသေးတယ်
နောက်ထွက်မယ့် iOS တွေမှာ မြန်မာယူနီကုဒ် မပါလာဖို့ရာရှိပါသလား?
မရှိပါသေးပါ ယူနီကုဒ်စနစ်က လက်ရှိကမ္ဘာသုံး စံစနစ်ဖြစ်နေလို့ အခြားဘာသာစာပေ စာလုံးများနည်းတူ ရှေ့ရှောက်လဲ ပါလာပါလိမ့်အုန်းမယ်

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________