ဖုန်းဆိုင်ပုံပြင် (၃)

လွန်ခဲ့တဲ့ သုံးနှစ်ကပေါ့။ ကျွန်တော့်သူငယ်ချင်းတယောက် Xiaomi Redmi Note 3 လေး ခါးပိုက်နှိုက်ခံလိုက်ရတယ်။ အဲ့တာနဲ့ find device နဲ့ရှာတယ်။ မတွေ့ဘူး။ မတွေ့တာနဲ့ lost mode ဖွင့်ထားလိုက်တယ်ပေါ့။ ပြန်လည်း မတွေ့တော့ပါဘူး။ အဲ့လိုနဲ့ မေ့မေ့ ပျောက်ပျောက်နေလိုက်တာ။ လွန်ခဲ့တဲ့ ၂ လ က ကျွန်တော့်ဆီကို ဖုန်း ဝင်လာပါလေရော။ ဖုန်းထဲမှာက မိန်းကလေး အသံနဲ့ "အကို အကို့ ဖုန်း ရဲ့ password လေးပေးပါတဲ့"။ ကျွန်တောင်လည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားတယ်။ အဲ့တာနဲ့ "ဘာဖြစ်လို့လဲ" လို့ ပြန်မေးမှ "ညီမ ဖုန်းကို လေး လို့ဆိုပြီး factory reset ချလိုက်တာ ပြန်ပွင့်လာတော့ အကို့ဖုန်းနံပါတ်ကြီးပဲပေါ်နေတော့တာ ။ ဘာမှ လုပ်မရတော့လို့" ဆိုပြီး ပြောပါလေရော။ အဲ့ကျမှ သတိရတယ်။ ဟိုကောင် ဖုန်းပျောက်တုန်းက lost mode ဖွင့်တုန်းက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို ကျွန်တော့်ဖုန်း ထည့်ထားမိတာကိုး။ 
အဲ့တာနဲ့ ကျွန်တော်လည်း password ပေးချင်ပေမယ့် ကိုယ်ဖုန်းမဟုတ်တာရော ဖုန်းပိုင်ရှင်ကလည်း နိုင်ငံခြားရောက်နေတာ ဖြစ်တဲ့အတွက် မေးပေးလို့ မရတော့တာ ဖြစ်လို့ " ညီမရေ အဲ့ဖုန်းကတော့ ကျွန်တော် ပျောက်တာ ၃ နှစ်ရှိသွားပြီ။ ပြန်လည်း မလိုချင်တော့ပါဘူး။ ညီမ ဖာသာ ဖုန်းဆိုင်မှာ သွားပြီး lock ဖြေလိုက်ပါ" လို့ ပြောတော့ ဖုန်းပြန်ချသွားတယ်။ ၁၅ မိနစ်လောက်နေတော့ ဖုန်းပြန်ဆက်ပြန်ရော။ " အကိုရေ မရဘူး အကိုပဲ password ပြောပါ။ညီမ က ဗိုက်ကြီး နဲ့ ၊အိမ်က ယောကျာ်းကလည်း မရှိဘူး ဖြစ်နေလို့ ၊ကူညီပါ" ဆိုပြီး ထပ် ဆက်ပါလေရော။ ကိုယ်လည်း ကိုယ့်ဖုန်းလည်း မဟုတ်။ ကိုယ့် အကောင့်လည်း မဟုတ်တော့ ဘယ်လိုလုပ် သိမလဲ။ အဲ့တာနဲ့ ဘယ်မြို့မှာ နေတာလဲ မေးပြီး အနီးဆုံး ကိုယ့်အကောင့်ထဲမှာ ရှိတဲ့ ဖုန်းဆရာ တယောက် ဆိုင်ကို လှမ်းပြောပြီး ကိုယ်အခိုးခံရတဲ့ဖုန်း lock ၊ဖြေဖို့ ကူလိုက်ရသေးတယ်။ 

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ