Skip to main content

၂၀၂၀ ရန်ကုန် နှုတ်ဆက်စာ

၂၀၂၀ ရဲ့ ရန်ကုန် နောက်ဆုံး နေ့တွေကို swab test နဲ့ နှုတ်ဆက်လိုက်တယ်။ အစက swab test က Sunday မှဆိုတော့ စနေနေ့ မနက်မှာ အေးဆေး အိပ်နေတာပေါ့။ အိပ်ရာက စောနိုးနေတာတောင် ပြန်အိပ်နေလိုက်သေးတယ်။ ၉ နာရီလောက် ကျ ဖုန်းခေါ်လာတာ ကိုင်မိတော့  "သားလေး မင်း ဘယ်ရောက်နေပြီလဲ" ဆိုတဲ့အသံကြားလိုက်တော့ "အိမ်မှာ အိပ်နေတာလေ၊ ဘာဖြစ်လို့လဲ" ပြန်မေးတော့မှ နာရီဝက်အတွင်း ရောက်အောင်လာခဲ့တော့ swab ယူရမှာ တဲ့။ ကမန်းကတန်း ဘောင်းဘီ အင်္ကျီ ကောက်လဲပြီး လွယ်အိတ်လွယ်ပြီး ပြေးရတာ တန်းနေတာပဲ။ မျက်နှာတောင် မသစ်ခဲ့လိုက်ဘူး။ 


သူများတွေပြောတာ swab ယူရင် မျက်ရည်ကျတယ် ဆိုတော့ လန့်တာပေါ့။ တကယ်ကျတော့ နာလို့ မဟုတ်ဘူး။ ယား လို့ မျက်ရည်ကျတယ် ဆိုတာ ကိုယ်တိုင် swab ယူခံရမှ သိတယ်။ အာခေါင် က swab ယူတာ ယူလို့ ယူလိုက်မှန်းတောင် မသိဘူး။ နှာခေါင်းက ယူတာကျတော့ အတော် ခံရခက်တာ။ ယားကျိ ယားကျိနဲ့ ခံရခက်ကြီး။ အဲ့မှာ မျက်ရည် ဝိုင်းလာတာပဲ။ swab ယူပြီးသွားတာတောင် မျက်ရည်တွေ ဝဲပြီး ကျန်ခဲ့တာ။ 


CovidDays


ဒီလိုနဲ့ ရန်ကုန်ကထွက်လာပြီး ကော့သောင်းရောက်တော့ တရေးအိပ်ပျော်သွားတာနဲ့ ဘယ်မှ မသွားလိုက်ရဘူး။ ဒါတောင် ညနေဘက် မိုးတွေရွာနေတာကို ပုလုံးတုံတုံးကျွန်းဘက် ထွက်လာလိုက်သေးတယ်။ အဲ့ရောက်တော့လည်း မိုးက မတိတ်သေးဘူး။ မိုးရွာနေလို့လားမသိဘူး။ ဘယ်သူမှကို မရှိဘူး။ ကျွန်းနဲ့ ကုန်းနဲ့ဆက်ထားတဲ့ တံတားက အတော် ဟောင်းနေတော့ ဆိုင်ကယ်ကို မနည်းထိန်းမောင်းရတယ်။ သစ်သားတွေက ဆွေးပြီး ချောနေတာကိုး။ အဲ့တာနဲ့ ဟိုတယ်ပြန်ရောက်တော့ တခန်းတည်းနေရတဲ့ ဘော်ဒါက သူ့ဂစ်တာလေး အသံစမ်းနေတာ တွေ့လို့ ဆိုရအောင်ကွာ ဆိုပြီး တစ်ပုဒ်လောက် ဟစ်လိုက်သေးတယ်။ သီချင်းမဆိုတာလည်း ကြာပြီ။ သီချင်းစာသားကလည်း အလွတ်မရတာတော့ နည်းနည်းသည်းခံပေးကြပါကုန်။ 




အဲ့တာနဲ့ ဂစ်တာတီးသီချင်းဆိုပြီးတော့မှ Google map ဖွင့်ကြည့်မိတယ်။ မြန်မာနိုင်ငံရဲ့ တောင်ဖျားဆုံး အငူလေးက ဟိုတယ်ဘေးနားလေးတင် ဖြစ်နေတာကိုး။ မသိလိုက်လို့ပေါ့။ သိရင် သွားတယ်။ အချိန်က နောက်ကျနေပြီလေ။ အဲ့တာနဲ့ မနက်အစောကြီး ၅ နာရီထပြီး အဲ့ အငူလေးကို ရောက်ဖူးအောင် သွားလိုက်သေးတယ်။


အဲ့က အပြန်မှာ ဟိုတယ်ဘေးက ထမင်းကြော်ပူပူလေးစားပြီး စပိဘုတ်တစီးနဲ့ မြန်မာနိုင်ငံကနေ ထွက်လာခဲ့တယ်။ ပရိတ်သတ်ကြီးရေ မီးခဏမှိတ်ပေးပါ ကျွန်တော်ပြန်လာခဲ့ပါ့မယ် ဆိုသလိုပေါ့။ 







Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။