Skip to main content

Mi Book Air 12.5 hackintosh


Hackintosh  လုပ်မယ် လုပ်မယ်နဲ့ အတော်ကြာသွားတယ်။ MacOS ရှိရင် ပိုလွယ်တယ်။ မရှိရင် Window ကနေ OSX ကို downloader နဲ့ ဆွဲပေါ့။ Window အတွက်ကတော့ မူရင်းပိုစ့်မှာ ရေးထားတယ်။ ကျွန်တော်ကတော့ window အတွက် မရေးတော့ဘူး။ အရင်ဆုံး ကိုယ်တင်ချင်တဲ့ OSX ကို bootable USB installer လုပ်ရမယ်။ Apple website မှာ အသေးစိတ်ရေးထားတယ်။ အဲ့အတိုင်း လိုက်လုပ်လိုက််။ မလုပ်ခင် bootable လုပ််မယ့် USB drive ကို OSX မှာ ပါတဲ့ disk utiltity နဲ့ Format ရိုက်ရပါမယ်။ Name ကို လွယ်တာပေးလိုက်ပေါ့။ Format က MacOS Extended (Juournaled) ကို ရွေးပေးပါ။ Schema မှာ GUID partation table ကို ရွေးပြီး မှ format ရိုက်ပါ။





https://support.apple.com/en-us/HT201372
အပေါ်က Apple website မှာရေးထားသလို OSX installer ကို download လုပ်ပြီး USB Drive ကို တပ်၊ ready ဖြစ်ပြီဆိုရင် သူပေးတဲ့ command ကို terminal မှာ ရိုက်လိုက်ယုံပဲ။ သတိထားရမှာက နောက်ဆုံးမှာ ပါတဲ့ MyVolume ဆိုတဲ့ နေရာမှာ စောန usb drive ကို format ရိုက်တုန်းက ပေးခဲ့တဲ့ နာမည်ကို ထည့်ပေးရမှာပါ။ (ကျွန်တော့်တုန်းက အဲ့တာ ရွာလည်သွားလိုက်သေးလို့)





ပြီးရင် ဒီကနေ နောက်ဆုံး version ကို download လုပ်လိုက်ပါ။
https://github.com/johnnync13/EFI-Xiaomi-Notebook-air-12-5/releases
သူ့ဆီမှာတော့ Clover ရော Opencore ရော ၂ မျိုးစလုံး အတွက် ရေးပေးထားပါတယ်။ ကျွန်တော်က opencore နဲ့ပဲ လုပ်ခဲ့တဲ့ အတွက် opencore နဲ့ပဲ စာဆက်ရေးသွားပါမယ်။ Pros & Cons ကို သူရေးပေးထားပါတယ်။ တအားကြီးကွာတာတော့ မဟုတ်ပါဘူး။ အခြေခံအဆင့်တွေကတော့ အတူတူပါပဲ။
Download လုပ်ပြီးရလာတဲ့ ဖိုင်တွေထဲက EFI folder တစ်ခုလုံး ကို USB Drive ရဲ့ ESP (EFI System Partition) ထဲ ကို ကူးထည့်ရမှာပါ။ 
ကူးထည့်ဖို့ ESP ကို mount လုပ်ပေးရပါမယ်။ Terminal ကနေ 
diskutil list
လို့ ရိုက်ပါ။ disk list ပြပါလိမ့်မယ်။ 
တကယ်လို့ unsuported command ဖြစ်နေရင် zsh ကနေ bash ကို ပြောင်းပေးဖို့ လိုပါလိမ့်မယ်။ diskutil က zsh မှာ run မရလို့ပါ။ 
Zsh ကနေ bash ပြောင်းဖို့ အတွက် Terminal မှာ 
chsh -s /bin/bash 
လို့ ရိုက်ပါ။ ပြီးရင် terminal ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ bash ပြောင်းသွားပါလိမ့်မယ်။ 
ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် disk number တူကြမှာ မဟုတ်ပါဘူး။ ကျွန်တော့်မှာက disk2s1 က usb drive ရဲ့ ESP ပါ။ Mount လုပ်ဖို့ 
sudo diskutil mount disk2s1
လို့ ရိုက်ပါ။ password တောင်းရင် ထည့်ပေးလိုက်ပါ။ mounted ဆိုပြီး ပြပါလိမ့်မယ်။ Finder မှာ EFI ဆိုပြီး drive တစ်ခု ပေါ်လာပါလိမ့်မယ်။ စောန download လုပ်ထားတဲ့ အထဲက EFI folder တခုလုံးကို အဲ့ထဲ copy ကူးထည့်လိုက်ပါ။
Laptop မှာ ပြင်ဆင်စရာ နည်းနည်း ရှိတာ ပြင်ဆင်ရပါမယ်။ ပထမဆုံး F2 ကို နှိပ်ပြီး BIOS ထဲ ဝင်ပါ။ ပြီးရင် Security ထဲမှာ admin password မရှိသေးရင် password အသစ်ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် Secure Boot ကို off ပေးလိုက်ပါ။ USB boot ကိုလည်း enable မလုပ်ရသေးရင် လုပ်ပေးလိုက်ပါ။ 
ပြီးရင် laptop မှာ USB Drive ကို တပ်ပြီး ပါဝါဖွင့်ပါ။ boot တက်နေတုန်း F12 ကို နှိပ်ပါ။ boot list ပေါ်လာရင် usb drive ကို ရွေးပေးပါ။ 
Opencore bootloader ပေါ်လာပြီး Install macOS Catalina ကိုရွေးပေးပါ။ macOS install ပေါ်လာတယ် ဆိုရင် အရင်ဆုံး disk utility ကို ရွေးပြီး internal SSD ( OS တင်မယ့် SSD ) ကို format ရိုက်ပေးရပါမယ်။ 
Name - Xiaomi
Format - APSH (Journaled)
Schema - GUID Partition Table
Format ရိုက်လို့ပြီးရင် disk utility ကို ပိတ်ပြီး macOS installer ကို ဖွင့်ပါ။ စောန format ရိုက်ထားတဲ့ SSD ကို ရွေးပြီး OS X ကို install လုပ်လို့ရပါပြီ။ OS X install လုပ်နေရင်း reboot ကျသွားပြီး ပြန်တက်လာရင် Xiaomi drive ကို ရွေးပေးပါ။ Installation ဆက်လုပ်ပါလိမ့်မယ်။ OS တက်လာပြီ ဆိုရင် စောနက အတိုင်း SSD ရဲ့ ESP partition ထဲကို EFI folder ကို ထပ်ထည့်ပေးရပါမယ်။ ပြီးရင် reboot ချလိုက်ပါ။ ပြီးပါပြီ။ ဒန့်တန့်တန့်
MacOS ကတော့ install လုပ်ပြီးသွားပါပြီ။ iServices တွေဖြစ်တဲ့ FaceTime တို့ App Store တို့ သုံးဖို့ fix တွေ လုပ်ရပါဦးမယ်။ 
https://khronokernel-2.gitbook.io/opencore-vanilla-desktop-guide/extras/iservices
https://www.tonymacx86.com/threads/an-idiots-guide-to-imessage.196827/
ကျွန်တော်တို့ Mi book က 12.5 လက်မဆိုတော့ စာလုံးတွေက မြင်ရတာ သေးလွန်းနေပါလိမ့်မယ်။ အဲ့ အတွက် fix လုပ်လို့ ရပါတယ်။ 
(စာလုံးသေးတာ ကိုယ့်အတွက် အဆင်ပြေတယ် ဆိုရင်တော့ ဒီအတိုင်းပဲ ထားလို့ရပါတယ်။)
https://github.com/xzhih/one-key-hidpi/


အဲ့ကနေ အရင်ဆုံး Download လုပ်လိုက်ပါ။ 
Tool  ကို မ run ခင် အရင်ဆုံး SIP ကို disable လုပ်ရပါမယ်။ အဲ့ အတွက်  laptop ကို recovery mode ကို ဝင်ပါ။ ( opencore boot menu မှာ ပါဝါ စဖွင့်ဖွင့်ချင်း ဆိုရင် Xiaomi HDD ပုံလေး ပေါ်ပါတယ်။ အဲ့ အချိန် မှာ keyboard က space bar ကို နှိပ်လိုက်ပါ။ recovery mode ကို ရွေးဖို့ ပေါ်လာပါလိမ့်မယ်။ opencore version အမြင့်မှာတော့ ပါဝါဖွင့်လိုက်တာနဲ့ recovery ကို ရွေးစရာပါပါတယ်။ ) 
Recovery mode ထဲ ရောက်ရင် Utility ကနေ terminal ကို ဖွင့်လိုက်ပါ။ ပြီးရင် terminal မှာ csrutil disable လို့ ရိုက်ပါ။ SIP successfully disable လို့ ပြရင် reboot ရိုက်ပြီး macOS ထဲကို ပြန်ဝင်ပါ။ 
ပြီးရင်တော့ download လုပ်ထားတဲ့ one key hidpi ကနေ .command file ကို run လိုက်ပါ။ 
ပြီးရင် restart လုပ်လိုက်ပါ။ Setting > Display ထဲမှာ scaled ဆိုပြီး ရွေးစရာ ပေါ်နေပါလိမ့်မယ်။ ကိုယ် အဆင်ပြေတဲ့ screen size ကို ရွေးပါ။
အကုန်ပြီးသွားပြီ ဆိုမှ SIP ကို enable ပြန်လုပ်ပါ။
တချို့ Hardware တွေ အလုပ် မလုပ်ဘူးဆိုရင် NVRAM ကို reset လုပ်လိုက်ပါ။ 
Power တက်လာတဲ့ အခါ Xiaomi HDD icon လေး ပေါ်လာရင် spacebar ကို တစ်ချက် နှိပ်လိုက်ပါ။ အဲ့ မှာ reset NVRAM ကို ရွေးပေးလိုက်ယုံ ပါပဲ။ Clear NVRAM ကို မရွေးနဲ့နော်။ ဘာမှ ပြန်တက်လာမှာ မဟုတ်ဘူး။ ကျွန်တော် တခါမှားနှိပ်လိုက်မိတာ အကုန် အစအဆုံး ပြန် လုပ်လိုက်ရတယ်။
( ဒါက opencore အတွက်ပါ။ clover နဲ့ ဆိုရင်တော့ kexts ကို rebuild ပြန်လုပ်ပေးရပါမယ်၊ အဲ့ အတွက် မူရင်း ပိုစ့်မှာ ကြည့်ပါ။ ) 


Opencore နဲ့ ဆိုရင်  CFG Lock ကို unlock လုပ်ပေးဖို့ လိုကို လိုပါတယ်။ macOS အတိုင်း sleep/wake ဖြစ်ဖို့နဲ့ CPU performances တွေ အတွက် မရှိ မဖြစ်လိုတာပါ။ အဲ့ အတွက် BIOS ကို modified လုပ်ပေးဖို့ လိုပါလိမ့်မယ်။ Default မှာက disable လုပ်ထားလို့ပါ။ သူ့ မူရင်း ပိုစ့်မှာတော့ opencore bootloader တက်နေတဲ့ အချိန် spacebar နှိပ်လိုက်ရင် grub shell ကို ရွေးစရာပေါ်လာပါလိမ့်မယ် လို့ ရေးထားပေမယ့် ကျွန်တော့်ဆီမှာကျ နှိပ်လည်း ပေါ်မလာပါဘူး။ အဲ့တော့ grub shell ကို သက်သက် ရှာ ထည့်ရပါတယ်။
https://github.com/datasone/grub-mod-setup-var/releases
အဲ့ ကနေ modGRUBshell.efi ကို download လုပ်ပါ ပြီးရင် BOOTX64.efi လို့ name ပြောင်းပြီး EFI/BOOT ထဲ ကို copy ကူးထည့်လိုက်ပါ။ ပြီးရင် laptop ကို reboot ချပြီး USB ကနေ boot တက်လိုက်ပါ။
Update: Version  အသစ်မှာ grub shell ရသွားပါပြီ။ Manual ထည့်စရာ မလိုတော့ပါဘူး။

ဒီစာရေးနေတဲ့ အချိန်မှာ macOS BigSur ထွက်နေပါပြီ။ တင်လို့ ရပါတယ်။ ဒါပေမယ့် driver တွေ hardware တွေ အကုန် အလုပ်မလုပ်သေးပါဘူး။ Catalina မှာတော့ တော်တော်များများ အကုန်နီးပါး အလုပ်လုပ်နေပါပြီ။ အဲ့တာကြောင့် ကျွန်တော် catalina ပဲ တင်ဖြစ်လိုက်တာပါ။
Post edited : BigSur work perfectly. 
Trackpad Fix
Laptop ကို sleep ကနေ ပြန်ပြီး wake လုပ်တဲ့အခါ trackpad က အလုပ်မလုပ်ပဲ ရပ်သွားပါတယ်။ အဲ့အတွက် https://github.com/giusedm/Xiaomi_Air_12.5_EFI_O.C/releases
ကနေ ကို download လုပ်ပြီး EFI Folder ထဲက kext folder ကို macOS တင်ထားတဲ့ SSD ထဲက EFI ထဲက kext folder ထဲကို paste လုပ်လိုက်ပါ။ ပြီးရင် restart လုပ်ပါ။
Post edit: ဒီ EFI က BigSur မှာပါ သုံးလို့ အဆင်ပြေပါတယ်။ ဒီကောင် တခုတည်းနဲ့ trackpad, wifi အကုန် Fix ပါတယ်။ အောက်က wifi fix ကို မလုပ်လည်း ဒီကောင်နဲ့ ရပါတယ်။
WIFI Fix
Wifi ကတော့ open intel GitHub 
https://openintelwireless.github.io/itlwm
ကနေ နောက်ဆုံးထွက်ထားတဲ့ AirportItlwm.kext ကို download လုပ်ပြီး EFI Folder ထဲက kext folder ကို macOS တင်ထားတဲ့ SSD ထဲက EFI ထဲက kext folder ထဲကို paste လုပ်လိုက်ပါ။ ပြီးရင် restart လုပ်ပါ။





References
https://github.com/johnnync13/EFI-Xiaomi-Notebook-air-12-5
https://www.zdnet.de/88283562/installation-von-macos-10-12-sierra-auf-xiaomi-mi-notebook-air-12-5/

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________