Skip to main content

Covid19 ရက်စွဲများ (၂)

ထင်ထားတဲ့အတိုင်း second wave ဖြစ်တော့တာပဲ။ ရက်ပိုင်းနဲ့ ထောင်ဂဏန်း ဖြစ်သွားတယ်။ ဆရာ မောင်မောင်ဦး ရေးသလိုပဲ တဖြည်းဖြည်းနဲ့ ကိုယ့်နားရောက်လာတယ်။ အရင်က ရန်ကုန်တခုတည်းကနေ အခုဆို နယ်ပေါင်းစုံအထိ ဖြန့်ကျက်သွားပြီ။ နယ်မြို့တွေပါ lockdown ချရတဲ့အထိ ဖြစ်ကုန်တယ်။ ကံကောင်းတာလား ကံဆိုးတာလားမသိ။ second wave မှာ ကိုယ်က ကမ္ဘာ့အပြင်ဘက်ရောက်နေတာပဲ။ နယ်က ကိုယ့်အဖေနဲ့အမေ တောင် lockdown ထဲပါသွားတယ်။ 
second wave ဖြစ်တဲ့အချိန်မှာ ကျွန်တော် မြန်မာနိုင်ငံထဲ မရှိတော့ ရန်ကုန်က ဘော်ဒါတွေကတော့ လှမ်းပြောကြတယ်။ မင်းသာ ရန်ကုန်မှာဆို ပျင်းနေမှာတဲ့။ အကုန်လုံး ဘယ်မှ သွားလို့မရတော့ဘူး။ လမ်းတွေလည်း ပိတ်ထားကြတယ်တဲ့။ ဟုတ်ရင်လည်း ဟုတ်မှာ။ ကျွန်တော်က အိမ်ထဲနေရတာ သိပ်မကြိုက်ဘူး။ ပျင်းစရာကြီးကိုး။ မြန်မာ မှာ မရှိပေမယ့်လည်း အခု အလုပ်ရုံနဲ့ အိပ်ခန်းနဲ့ပဲ ကူးချည်သန်းချည် နေနေရတာပါပဲ။ အလုပ်လေး ရှိပြီး အာရုံလေးလွဲလို့ရနေတော့ မပျင်းတော့တာပေါ့။ ပြီးတော့ အရင်လို မဟုတ်ပဲ အင်တာနက်က အမြဲရနေတော့ အားနေရင် အွန်လိုင်းပေါ်ရှိတဲ့သူနဲ့ အာလူးဖုတ်နေတာ၊ မပျင်းရတော့ဘူးပေါ့။ 
ဒီရက်ပိုင်း လူက motivation မရှိဘူး ဖြစ်နေတယ်။ စာဖတ်စရာတွေလည်း အများကြီး အကြွေးတွေတင်နေတယ်။ စာလုပ်စရာတွေလည်း အများကြီး ကျန်နေသေးတယ်။ အဲ့တာတွေကို လုပ်မယ် ဆိုပြီး မလုပ်ဖြစ်တာများနေတယ်။ ခု‌ စာရေးတဲ့အလုပ်တောင် မနည်း စိတ်ထည့်ပြီးရေးနေရတာ။ ရုပ်ရှင်လည်း နည်းနည်း ပြန်ကြည့်ဖြစ်တယ်။ ဒီ လ ထဲ သုံးကားလောက်တော့ ကြည့်ဖြစ်သွားတယ်။ အသစ်ထက် အဟောင်း တွေပဲ ကြည့်ချင်စိတ်ပေါ်နေတယ်။ ဓါတ်ပုံ အတွက် လေ့လာမယ် ဆိုပြီး download လုပ်ထားတာ တွေက အိမ်က PC ထဲ မေ့ကျန်ခဲ့တယ်။ ဒီရောက်တော့မှ download ထပ်လုပ်မိတဲ့ ဟာတွေကလည်း ရုရှားလို တွေ ဖြစ်နေတော့ ဘယ်လိုမှ အဆင်မပြေ။ 

စာဖတ်မယ် လုပ်ထားတဲ့ ဟာတွေလည်း မဖတ်ဖြစ်။ ဘာအတွက်နဲ့ အချိန်ကုန်နေမှန်းကို မသိတော့တာပါ။ 


Vietnam ကို ရောက်သွားသေးတယ်။ Covid ကြီးနဲ့ ဘယ်မှ မသွားလိုက်ရပဲ ပြန်လာရတာပဲ ရှိတယ်။ အရင်တခေါက်က မရိုက်လိုက်ရတာတွေ ရိုက်မယ် စိတ်ကူးထားတာတွေတောင် ပျောက်ကုန်ရောပဲ။ 
 
 
 
Sun World Ba Na Hill
 
Suez ကို ဖြတ်တော့ ဘေးနှစ်ဖက်မှာ သဲသောင်တွေချည်းပဲ မြင်ရတယ်။ ကန္တာရ ဆိုတာ ပူလောင်လွန်းတယ် ဆိုတာ စာတွေ သီချင်းစာသားတွေထဲ မှာပဲ ဖတ်ဖူးတာ အပြင်မှာ ပိုဆိုးတယ်။ မျက်စိတဆုံး သဲသောင်ကြီးနဲ့ နေကလည်း ပူလိုက်တာ လွန်ပါလေရော။ ဒါတောင် အညာသားမလို့ အဲ့လောက်ပဲ ညည်းတာ။ တောင်ကြီးနဲ့ လားရှိုးက ၂ ကောင်ဆို ဘယ်လောက်တောင် အော် လိုက်မလဲ လို့ သတိရဖြစ်လိုက်သေးတယ်။  


 
Istanbul ကိုလည်း ဖြတ်သွားဖြတ်လာ ရောက်လိုက်သေးတယ်။ အတော်လှတာ။ Architect  စိတ်ကူးလေးတွေ အတော်သဘောကျတယ်။ အိမ်လေးတွေကလည်း ပိစိလေး ချစ်စရာလေးတွေ။ Istanbul မှာ ဓါတ်ပုံ တော်တော်များများ ရိုက်မိလိုက်တယ်။ ပုံတွေက အများကြီးပဲ။ နောက်မှ ဖြည်းဖြည်းချင်း တင်ရမယ်။
 
 
Istanbul
 
 
 




The Passenger

ရုရှားက ပြန်လာတော့ ဇီးကွက် ၄ ကောင် passenger အနေနဲ့လိုက်လာတယ်။ ဘယ်အထိ လိုက်လာမလဲ ဆိုပြီး စောင့်ကြည့်နေတာ Istanbul ရောက်တော့ ဆင်းနေခဲ့ရော။ ဇီးကွက် က အထီး အမ ၂ စုံ။ တွေးမိလိုက်သေးတယ်။ ဇီးကွက်တွေတောင် ဟန်းနီးမွန်းထွက်ရင် over sea ကို ထွက်နေကြပြီပဲလို့။





 ဝဿန် ရုပ်ရှင်ပွဲတော်ကို ဒီနှစ်ကျ Covid ဖြစ်လို့ online ကနေပဲ ကျင်းပတယ်။  Online က လုပ်လိုက်တော့ လူတွေ ပိုကြည့်ဖြစ်သွားတယ်လို့ မြင်တယ်။ ဆရာ မင်းလူရဲ့ ဝတ္ထု ကိုပြန်ရိုက်လို့ hot ဖြစ်သွားတာလည်း ပါမယ် ထင်တယ်။ ရုပ်ရှင်ရုံ မှာ ဆိုရင် လက်မှတ် မရတာတို့ နယ်ကလူတွေ ကျ ကြည့်မရတာတို့ ဆိုတော့ ခုလို ပြတာကိုပဲ ကျေးဇူးတင်ရမယ်။ ကျွန်တော်လည်း ရန်ကုန်မှာ မဟုတ်တော့ ကျွန်တော့် အတွက်လည်း အဆင်ပြေသွားတာပေါ့။ ဒီရက်ပိုင်း အလုပ်တွေ ရှုပ်နေတော့ သေချာမကြည့် ရသေးဘူး။ နောက်တစ်ပါတ် အားမှ အေးဆေးကြည့်မယ် စိတ်ကူးထားတယ်။ 


Russia






ကြယ်မိုး


ကြယ်မိုး ရွာမယ်ဆိုပြီး သတင်းဖတ်မိလို့ အဲ့ည က တညလုံး ကင်မရာ ကိုင်ပြီး စောင့်နေတာ။ တကယ်လည်း ကြယ်မိုးရွာရော ကင်မရာနဲ့ ဘယ်လိုမှ ရိုက်လို့ အဆင်မပြေဘူး။ လှတာတော့ အတော်လှတယ်။ ကောင်းကင်ကြီး ဘယ်နေရာ ကြည့်ကြည့် ကြယ်တွေ ကြွေနေတာ။


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...