mi mouse

ဒီဟာလေး review ရေးတာ တနှစ်ကြာသွားတယ်။ 



Mi က ထုတ်တဲ့ mouse လေး တွေ့တော့ တကယ့်ကြွက်ကလေး နဲ့တူလို့ မြင်မြင်ချင်း သဘောကျပြီး တန်းဝယ်မိတာပဲ။ Spec တောင် မကြည့်မိလိုက်ဘူး။ (ရန်ကုန်မှာလည်း Mi showroom မှာ မြန်မာငွေ ၁၈၅၀၀ နဲ့ ဝယ်လို့ရပါတယ်) တကိုယ်ရေသုံးထက် ရုံးသမားတွေအတွက် အဆင်ပြေမယ်။ ဘာလို့လဲ ဆိုတော့ သူ့မှာ Bluetooth 4.0 ရော 2.4GHz adapterနဲ့ရော ၂ မျိုးသုံးလို့ရတယ်။ နောက်ပြီး သူ့ရဲ့ ထူးခြားချက်က အဲ့ ၂ ခုလုံး ကို switch လေးနဲ့ ပြောင်းလို့ရတာ။ ရှုပ်သွားပြီလားမသိဘူး။ ပြန်ရှင်း ပြမယ်။ ကျွန်တော့် laptop မှာကျ Bluetooth ပါတော့ mouse ကို Bluetooth နဲ့ pair လုပ်ပြီး သုံးတယ်ဗျာ။ ရုံးက Desktop မှာကျတော့ 2.4GHz adapter လေးနဲ့ သုံးတယ်ဗျာ။ laptop နဲ့ desktop ပြိုင်တူ သုံးတဲ့အခါကျတော့ ဒီ mouse လေးရဲ့အောက်က switch လေး ကို နှိပ်ပြီး ပြောင်းယုံပဲ။ Laptopရော desktopရော ကို mouse တလုံးတည်းနဲ့ သုံးရတာပေါ့။ 


Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ