Skip to main content

Anger Management

Big Bag ရဲ့ Anger management album ကို နားထောင်ဖြစ်တယ်။ Album Cover မှာကိုပဲ Rating သတ်မှတ်ချက် ကို 18+ ဆိုပြီး ထည့်ပေးထားတယ်။ ဒါက ကိုယ်တွေ နိုင်ငံမှာ မြင်နေကျမှ မဟုတ်တာ။
ဟို ဖောင်းထုတဲ့ သီချင်း FMWO ကတော့ တော်တော် ဂယက် ရိုက်သွားတာပေါ့။ ရယ်စရာကတော့ audio CD မှာ ဆင်ဆာ မဖြတ်တော့ ဆဲတဲ့ စကားလုံးတွေ ပါလာပြီး Live show မှာ FMWO ကို ဆိုတော့ ဆဲတဲ့ စာသားတွေကို ဆင်ဆာဖြတ်ထားတယ်။
ထွက်ခါစကတော့ Starry Night တို့ ဘာတို့ကတော့ အတော် hot ဖြစ်ခဲ့တာပေါ့။ ကောင်းလည်း ကောင်းပါတယ်။ သတိရတယ် သီချင်းကလည်း အတော်ကောင်းတယ်။ သတိရတယ် MV ကို Pencil Animation Studio ကနေ ဆွဲ လိုက်တော့လည်း ထပ်ပြီး ပေါက်သွားပြန်ရော။ 
သတိရတယ် သီချင်းက သူဆိုနေကျပုံစံ မဟုတ်ပဲ EDM ပုံစံနဲ့ သီချင်း tempo လေးက တက်သွားတာ။ နောက်ဆုံး Solo တွေ ဝင်တဲ့နေရာဆို Live show မှာ လုံးဝ အလွင့်ဖြစ်ပြီး ပေါက်ကွဲထွက်လို့ ရတာမျိုး။

အဲ့ထဲကမှ နောက်ဆုံးအပုဒ် Running Away သီချင်းကို ကိုကျားပေါက် ဘယ်လို ခံစားချက်နဲ့ ရေးခဲ့လဲ အတော်စိတ်ဝင်စားဖို့ ကောင်းတယ်။ဒီ  album title ကိုက Anger Management ဆိုတော့ သူဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကို ဒီသီချင်းခွေထဲမှာ မြင်ရမှာပေါ့။ ဒီ album ထွက်ပြီး သိပ်မကြာဘူး သူအိမ်ထောင် ကွဲ သွားတယ်။ ဒါဆို ဒီသီချင်းက မကွဲခင်မှာ သူဖြစ်နေတာတွေကို သူ ထုတ်ပြောထားတာလို့ ကျွန်တော် ထင်တယ်။ အဲ့အချိန်မှာပဲ ဘာလို့ ဒီ အခွေက 18+ rating လို့ သူသတ်မှတ်ထားတာလဲ ဆိုတာ ကျွန်တော် နည်းနည်း နားလည်လာတယ်။ ဒီသီချင်းကို နားထောင် စ အချိန်တုန်းက ဘာမှ မသိခဲ့ပေမယ့် ကျွန်တော့် အသက် ၃၅ ရောက်တဲ့ အချိန်မှာတော့ ဝါးတားတား တော့ နားလည် လာပြန်တယ်။ Album rating ကို 18+ မလုပ်ပဲ 30+ လုပ်ရမှာ တကယ်က။

 Running Away သီချင်းကို သူရေးခဲ့တဲ့ အချိန်မှာ ဘယ်လောက်တောင် ခံစားနေရမလဲ မသိဘူး။ သီချင်းက နားထောင်ရတာနဲ့တင် အတော် ကို မွန်းကြပ်နေတယ်။ 

"တစ်အိမ်တည်းနေပြီး မမြင်ရအောင် ပုန်းရှောင်ရင်း မောနေပါပြီ" 

သူဘယ်လောက်တောင် ခံစားနေရလဲ ဆိုတာ သီချင်းစတာနဲ့တင် စပြီး ခံစားလို့ ရတယ်။ 
သူ့ကို မပြောနဲ့။ တစ်အိမ်တည်း မနေတဲ့ ကိုယ်တောင် တခါတလေ ပုန်းရှောင်နေရတာ အတော်ခံရခက်တယ်။

"ဒါအိမ်ထောင်ရေး ပုစ္ဆာ" လို့ ဆိုလိုက်တာကို အစက ဘာပြောချင်မှန်းမသိ။ ကနေ့ကျမှ ငယ်ငယ်က သင်္ချာပုစ္ဆာ ဆိုတာက ပြဿနာလို့ တွေးမိလိုက်လို့ သူ ဘာကို ဆို လိုက်မှန်းသိသွားတာ။ 




ကိုယ်တွေလည်း အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး ဘယ်လို လာမယ် မသိဘူး။ အသက်ကြီးလာလေ အိမ်ထောင်ပြုဖို့ နီးလာလေ အိမ်ထောင်ပြုဖို့ တွေဝေ လာလေ ဖြစ်နေတယ်။ အိမ်ထောင်ရေးက ကိုယ်နဲ့ မဆိုင်သလို ဆိုပေမယ့် တချိန်ကျရင် ဆိုင်လာတော့မှာမဟုတ်လား။ အချစ်ရေးနဲ့ အိမ်ထောင်ရေး က သက်ဆိုင်လား မသက်ဆိုင်ဘူးလားဆိုတာကို ခုထိ ကိုယ်လည်း ဇဝေဇဝါ ဖြစ်တုန်ုးပဲ။
 
Lonely Crow
 
 
 
 တကယ်တော့ ဒါတွေက ကိုယ်စိုက်ပျိုးခဲ့တဲ့ အပင်ကို ကိုယ် ရိတ်သိမ်းရတာပဲ မဟုတ်လား။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။