meow

J Me သီချင်းထဲက စာသားတချို့ တပိုင်းတစ နားထောင်လိုက်ရတယ်။ ကြောင်တက်နင်းသွားသော စန္ဒရားခလုတ်များတဲ့။ တကယ်လို့ အဲ့ကြောင်က သံစဉ်တွေကိုနားလည်တဲ့ကြောင်တစ်ကောင်ဖြစ်နေမယ် ဆိုရင်ရော? နားထောင်လို့ကောင်းမှာပါ။ ကျွန်တော်သိတဲ့ ကြောင်တ‌စ်ကောင်က သံစဉ်တွေကို နားလည်တယ်။ ဘယ်အချိန်မှာ ဘယ်သံစဉ်ကို သူတီးရမယ် ဆိုတာ ပိုလို့တောင်နားလည်သေးတယ်။ ကျွန်တော်ကရော? အစကတော့ မသိလို့ပေါ့။ ခုတော့ သူဘယ်သံစဉ်တီးတော့မယ်ဆိုတာတောင် ကြို ခန့်မှန်းတတ်နေပြီ။ 

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ