Disable Gate Keeper on MacOS

 Google ကို အားကိုးတာ လျော့မှဖြစ်တော့မယ်။ တခုခုဆို google ပြေးခေါက်နေတော့ ဦးနှောက်က ဘာမှကို မမှတ်မိတော့တာ။ ဟိုတလောကပဲ Gate Keeper ကို disable လုပ်နည်း ရှာဖတ်ပြီး လုပ်ထားတာ ခုကျ ပြန်ပွင့်နေလို့ ပိတ်မယ်လုပ်တော့ command ကို မမှတ်မိတော့ဘူး။ 

ဘာမှခက်တာလည်းမဟုတ်တာကို။ 

 

Terminal ကနေ ဒီ command ရိုက်လိုက်။ ပြီးတော့  password ရိုက်လိုက်ရင် ရပြီ။ 


sudo spctl --master-disable


Gate Keeper ပိတ် မပိတ် စစ်ဖို့ ဒီ command ရိုက်ရင် ပြလိမ့်မယ်။

spctl --status


Virtual Box ကို install နေတာ ဘယ်လိုမှ ထည့်မရလို့ google ထပ်ခေါက်တော့ အဖြေတွေ့ပြန်ရော။ Virtual Box ရဲ့ kernel extension ကို ထည့်ပေးမှ install လို့ ရမှာတဲ့။ 



MacOS  ကို reboot ချ၊ ပါဝါ ပြန်ပွင့်တဲ့ အချိန် cmd နဲ့ R နဲ့ တွဲနှိပ်၊ ပြီးရင် ကိုယ့် အကောင့်ကို ရွေး၊ ပြီးရင် terminal ကို ဖွင့်ပြီး ရိုက် 



open a Terminal and enter: spctl kext-consent add VB5E2TV963


ပြီးရင် restart ပြန်ချ။

VB5E2TV963 ဆိုတာက VB အတွက် kext

Restart ပြီး ပြန်ပွင့်လာရင် စောနက Virtual box install ကို ပြန် run လိုက်။ successfully installed ပြလိမ့်မယ်။

 

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ