Skip to main content

J Music

ဒီနှစ်ထဲ Japan သီချင်းတွေ နားထောင်ဖြစ်တယ်။ ဂျပန် သီချင်းတွေ နားထောင်တယ် ဆိုလို့ ဂျပန်စကား ဂျပန်စာ တတ်တယ် မထင်နဲ့။ တစ်လုံးမှကို နားမလည်တာ။ အရင်ဆုံးက Baby Metal နားထောင်တယ်။ 

ပြီးတော့ iron bunny နားထောင်တယ်။ နားထောင်ဖြစ်တဲ့ အကြောင်းရင်းက Baby Metal အဖွဲ့ကွဲသွားတော့ Iron Bunny က နေရာယူမှာ ဆိုပြီး သတင်းတက်လာတာ တွေ့ပြီး နားထောင်ဖြစ်သွားတာ။ 

နောက်တော့ Wagakki Band(和楽器バンド) ကို သွားတွေ့တယ်။ အားပါးပါး။ မိုက်မှ မိုက်ပဲ။ ခေတ်ပေါ်ဂီတနဲ့ ရိုးရာဂီတ ကို mix လုပ်လိုက်တာ။ ဂျပန် ကြိုးသုံးချောင်းတပ် မယ်ဒလင် အသံက Rock နဲ့တွဲလိုက်တော့လည်း အတော်နားထောင်လို့ ကောင်းတာပဲ။ Performance တွေကလည်း အတော်မိုက်တယ်။ တီးနေတာကိုက လုံးဝ mood ဝင်ပြီး တီးနေတာ။ မျက်နှာတွေကို ကြည့်လိုက်တာနဲ့ ကိုယ်ပါ mood ဝင်သွားတယ်။ Solo တွေ တီးသွားတာ arrangement တွေ က အစ လုံးဝ ကြိုက်တယ်။သူတို့ အဖွဲ့က အစက vocaloid သီချင်းတွေပြန်ဆိုပေမယ့် အဲ့ကတည်းက ကိုယ်ပိုင်သီချင်းတွေ ရှိနေပြီးသား။ Stage တီးတဲ့ အခါမှာလည်း ဝတ်ထားတာတွေက ရိုးရာဝတ်စုံနဲ့ပဲ။ ( မြန်မာမှာဆို ဆဲခံ နေရလောက်ပြီ) သီချင်းဆိုတော့လည်း ဂျပန်ယပ်တောင်လေးကိုင် ဂျပန်ထီးလေးကိုင်ပြီး ဆိုတာ ( အဲ့တာလည်း ဒီမှာဆိုရင် အဆဲခံရမှာပဲ ) 

ခု YouTube က Band Maid ကို suggestions အနေနဲ့ပြလို့ နားထောင်ကြည့်တော့ ကြိုက်သွားပြန်ရော။ သူတို့အဖွဲ့က အဆိုရော အတီးရော အကုန် မိန်းကလေးတွေချည်းပဲ။ Band နာမည်နဲ့လိုက်အောင် Maid ဝတ်စုံလေးတွေပဲ ဝတ်ကြတယ်။ Band Maid ရဲ့ သီချင်းတွေကကျတော့ ပုံမှန်ပါပဲ။ ထူးခြားတာက MV တွေက ရိုက်ထားတာ တော်တော် လှတယ်ဗျ။ ရုပ်ရှင်ကြည့်ရသလိုပဲ။ ဂစ်တာ solo လေးတွေလည်း လှတယ်ဗျ။ bass လည်း အတော်မိုက်တယ်။ လူတင် လှတာ မဟုတ်ဘူးသူတို့ကိုင်တဲ့ ဂစ်တာလေးတွေကလည်း အတော် လှတယ်ဗျ။ ကျွန်တော်ကြိုက်တဲ့ပုံစံလေးတွေ။ ဘာတံဆိပ်လဲတော့ မသိဘူး။ နောက်မှ ရှာကြည့်ရဦးမယ်။  

အဲ့ Band Maid သီချင်းခွေတွေရှာရင်း တွေ့တာက ဂျပန်တွေက သီချင်းတွေကို rip ရင် flac နဲ့ပဲ rip တော့တာဗျ။ အတော်မိုက်တယ်။ နားထောင်ရတာ ရှယ်ပဲ။ နားကြပ် ကောင်းကောင်းတလုံး တော့ ဝယ်ဦးမှ။ ဟိုတလောက Walkman လေးက မျက်စပစ်ပြနေတယ်။ ဟဲဟဲ။

တူနီးရှား နိုင်ငံမှာတော့ ရုပ်ချောချောနဲ့ နည်းနည်းဆိုတတ်ရင် အဆိုတော်ဖြစ်ပြီ။ သီချင်းစာသားလေးတွေကလည်း ခေတ်နဲ့အလိုက်ဖြစ်ဖြစ် ပေါ်ပင်စာသားလေးတွေနဲ့ဖြစ်ဖြစ် ဒါမှမဟုတ် နားထဲ ဝင်လွယ် စွဲလွယ်တဲ့ စာသားလေးတွေနဲ့ ဆိုရင် သီချင်းက ပေါက်ပြီပဲ။ ကျန်တဲ့ အနုပညာအားစိုက်ထုတ်မှု့ကို မတွေ့ရတော့ဘူး။ အနုပညာ quality ကျလာတယ်လို့ ကျွန်တော်တော့ မြင်တယ်။ သီချင်းဆိုချင်လို့ အဆိုတော်လုပ်တာထက် ထင်ပေါ်ကျော်ကြားမှု့ fame ကို လိုချင်လို့ ဆယ်လီ ဖြစ်ချင်လို့ အဆိုတော် လုပ်တာ ပိုများနေသလိုပဲ။ 

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။