ခရီးသွားရင် gadget တွေ ပေါလှတဲ့ ကိုယ့်အတွက် charger တွေ သယ်ရတာ အလုပ် အတော်ရှုပ်တယ်။ ဖုန်းအတွက်၊ power bank အတွက်၊ ကင်မရာအတွက်၊ လက်ပတော့ အတွက် စသည်ဖြင့်ပေါ့။ ခု ၂၀၂၀ မှာ Type C ကို migrate လုပ်မယ်ကွာ ဆိုပြီးတော့ ပိုက်ဆံအကုန်ခံပြီး လုပ်လိုက်တယ်။ သက်သာသွားတာကတော့ charger အများကြီး သယ်ရတဲ့ ဒုက္ခက ကင်းသွားတာပဲ။ အဲ့တာနဲ့ ဒီ charger လေးကို ဝယ်ဖြစ်တယ်။ (တကယ်က လုလာတာရယ်။) ဝယ်တုန်းက order တင်လိုက်ပြီးမှ ရန်ကုန်က ထွက်ဖို့ အကြောင်းဖန်လာတော့ ကိုအေးမင်းလတ် ဆီကနေ သူသုံးနေတာကို အတင်းယူလာလိုက်တာ။ ခုသုံးနေတဲ့ laptop ၂ ခုစလုံးက Type C charging ပေါက်တွေဆိုတော့ 65Watt အထိပေးနိုင်တဲ့ charger ဆိုတော့ အသာလေး အဆင်ပြေတယ်။ အားသွင်းရင် ပူတာ ဘာညာ မရှိဘူး။ ဆိုဒ်ကလည်း compact လေးဆိုတော့ ကျွန်တော့်အကြိုက်ပဲ။ ဖုန်းကလည်း 18Watt နဲ့ရတယ်ဆိုတော့ ဖုန်းအတွက်လည်း ဒီ charger ပဲ။ ကင်မရာကလည်း Type C နဲ့ဆိုတော့ ကင်မရာ အားသွင်းလည်း ဒီ charger ပဲ။ Power bank, Bluetooth Speaker ကလည်း Type C နဲ့ဟာပဲ အစကတည်းက ရွေးဝယ်ထားတော့ သူတို့အတွက်လည်း အတော် အဆင်ပြေတယ်။ ဘာ လာလာ ဒေါင်းတယ်ပေါ့ဗျာ။ ဈေးကတော့ ကျွန်တော် ဝယ်တုန်းက ၂ သောင်း ၂ ထောင် တဲ့။ ဘယ်မှာရောင်းလဲတော့ ကျွန်တော်လည်းမသိဘူး။ တရုတ်ပြည်က လူကြုံနဲ့ ကိုအေးမင်းလတ် ဝယ်ပေးလို့ ကျွန်တော်လည်း ရတာ။
I keep all of my memos here.
Comments
Post a Comment