Skip to main content

Me & Ubuntu

 Ubuntu သုံးနေတာ တော်တော် ကြာပြီ၊ End user တယောက်အနေနဲ့ ရေးမယ် စိတ်ကူးထားတာတွေလည်း များနေပြီ ဆိုတော့ ရေးဖြစ်သွားတယ်။ ကျွန်တော်လည်း Ubuntu ကို သုံးတာ end user အဆင့်ပါပဲ။ ဟိုတလောက အကို တယောက်က လာမေးတယ်။ သာမာန် ရုပ်ရှင်ကြည့်၊ စာဖတ်ဖို့ အတွက် Ubuntu ပြောင်းချင်လို့ အဆင်ပြေမလားတဲ့။ ကျွန်တော်ကလည်း ပြောလိုက်ပါတယ်။ ပြေတာမှ ဟိုဘက်လွန်သေးတယ် အကို လို့။ ဘာလို့လဲ ဆို Window မှာ ဆို window တင်ပြီး Driver တွေ ထည့်ရ၊ ဟို Software တွေထည့်ရ၊ MS office က ထည့်ရ။ Crack ထည့်ရ Virus ရန် ကြောက်ရနဲ့။ Ubuntu ကျ တင်လိုက်တာနဲ့ လက်တင် တန်းသုံးလို့ရပြီ။ Libre Office Suit ကလည်း MS Office နဲ့ အကုန်လုံး တူတူပဲ။ တခုတော့ ရှိတာပေါ့။ mp3 mp4 တွေ အတွက် code တွေ တော့ ထည့်ဖို့လိုတာ။ အဲ့တာကလည်း အင်တာနက်ချိတ်ပြီး လုပ်လိုက်ရင် ခဏလေးပါပဲ။

Ubuntu install လုပ်ဖို့ ကတော့ Laptop model ပေါ် မူတည်ပြီး နည်းအမျိုးမျိုး ရှိတာမို့ မရေးတော့ဘူး။ ဒီမှာ Install လုပ်ပြီး ဘာတွေလုပ်ရမလဲ ဆိုတာပဲ ရေးတော့မယ်။

အသေးစိတ်ကိုတော့ ဆရာအိမောင် ရေးထားတဲ့ Ubuntu for You စာအုပ်မှာ ဖတ်လို့ရပါတယ်။ eimaung.com မှာ အခမဲ့ download လို့ ရနိုင်ပါတယ်။

Office အတွက်ကတော့ Libre Office Suit ပါတော့ word, excel, ppt file တွေ အကုန် တန်းဖွင့်လို့ ရတယ်။ edit လို့ရတယ်။ Libre Word မှာဆို မြန်မာစာအတွက် စာလုံး breaking တွေလိုဟာတောင် ပါသေးတယ်။ 

Media အတွက်က Video Player နဲ့ Rhythm ( Music Player ) ပါပြီးသား။ ဒါပေမယ့် format အကုန် play လို့ မရဘူး။ အဲ့ အတွက် video and audio codec တွေ ထပ်ထည့်ဖို့လိုတယ်။ 

Software Center ကနေ သွင်းဖို့ ဆို အောက်က လင့်တွေ ကို နှိပ်လိုက်တာနဲ့ ရပြီ။

Ubuntu: Click here to install the ubuntu-restricted-extras package

Kubuntu: kubuntu-restricted-extras

Xubuntu: xubuntu-restricted-extras

Lubuntu: lubuntu-restricted-extras 

တကယ်လို့ အပေါ်က Link တွေ အလုပ်မလုပ်ဘူးဆိုရင် manual install လုပ်လို့ ရပါသေးတယ်။ Terminal ကို ဖွင့်ပြီး အောက်က command ကို ရိုက်လိုက်ယုံ ပါပဲ။

 Ubuntu အတွက်:

sudo apt-get install ubuntu-restricted-extras

Kubuntu အတွက်:

sudo apt-get install kubuntu-restricted-extras

Xubuntu အတွက်:

sudo apt-get install xubuntu-restricted-extras

Lubuntu အတွက်:

sudo apt-get install lubuntu-restricted-extras
 


 Vlc သုံးနေကျ သူတွေ ဆိုလည်း Ubuntu အတွက် Vlc ရှိတယ်။ အဲ့ကောင်ကို သုံးလို့ရတယ်။ Software center မှာ vlc ဆိုပြီး ရိုက်ထည့်ပြီး install လုပ်ယုံပဲ။ Features ကတော့ သူကပိုစုံတာပေါ့။

 

PDF file တွေ အတွက်လည်း ဘာ software မှ ထပ်ထည့်စရာ မလိုဘူး။ ဒီအတိုင်း pdf file တွေ တန်းဖွင့်လို့ရတယ်။

 

 

ရေးရင်း အိပ်ချင်လာလို့ နောက်မှ ဆက်ရေးတော့မယ်။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________