ဝင်းဒိုး ကျတော်မူခြင်း

ဇာတ်လမ်းက ဘယ်ကစလဲ ဆိုတော့ printer တာ က print မရတာက စတယ်။ print မရလို့ လာခေါ်တော့ သွားတယ်။ ကြည့်တယ်။ driver ပြန်ထည့်တယ်။ မရဘူး။ အဲ့တာနဲ့ restart ချမယ် ဆိုပြီး ချလိုက်တာ ပြန်တက်မလာတော့ဘူး။ window startup repair ဆိုပြီး ပေါ်လာတယ်။ ပြီးရင် cannot repair ဆိုပြီး ပေါ်လာရော။ အဲ့တာနဲ့ အင်တာနက်ထဲ လျှောက်ရှာပြီး အကုန်လျှောက်လုပ်ကြည့်ရတော့တာပဲ။ 

အင်မတန် ကံကောင်းတာက ဒီမတိုင်ခင်ကမှ inmarsat တပ်လိုက်တာဆိုတော့ အင်တာနက်က ကြိုက်သလို အဆင်ပြေပြေသုံးလို့ရသွားတာပဲ။ အရင် fbb နဲ့ဆို ငုတ်တုတ်မေ့ပဲ။ 

System restore လုပ်မယ်ဆိုပြီးကြည့်တော့ restore point က မရှိဘူး။ အဲ့တော့ restore က လုပ်မရတော့ဘူး။ 




c:\windows\system32\drivers\acpi.sys file ပျက်နေပြီဆိုတဲ့စာ ပေါ်လာတယ်။

( ပြောလို့သာရယ်။ Window ရဲ့လက်က ပြေးလို့ကို မလွတ်တာ။ တနေ့က OS ပြန်တင်တော့ bootable usb လုပ်တာ။ Etcher က Mac ရော Ubuntu ရော အဆင်မပြေ။ rufus နဲ့ပဲ အဆင်ပြေသွားတယ်။ တချို့ software တွေကြောင့် ဝင်းဒိုး တလုံးကလည်း အမြဲဆောင်ထားနေရတုန်းပဲ။ )

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း