Skip to main content

Dolphins

တွေ့ချင်နေတာ ကြာပြီ။ တွေ့မယ်လို့ ထင်မထားတဲ့အချိန်မှာ တွေ့မယ့်တွေ့တော့လည်း မိသားစုလိုက်ကြီး ၇ ကောင် ၈ကောင်လောက် ရှိမယ်ထင်တယ်။ တွေ့တွေ့ချင်း ကင်မရာပြေးယူပြီး ရိုက်တော့ ချောင်ထိုးထားတဲ့ ကင်မရာက ၃ ပုံပဲ ရိုက်ရသေးတယ် ဘက်ထရီ ကုန်သွားရော။ တခါ အခန်းပြန်ပြေး ဘက်ထရီ နောက်တခဲ ထပ်ထည့် ပြန်ရိုက်ရတယ်။ ထိုင်ရိုက်နေတာကိုမှ ၃ ပုံပဲ ကောင်းကောင်းရတယ်။ အငြိမ်ကို မနေပဲ ဂျွမ်းပဲထိုင်ထိုးနေကြတာ။ bulbous bow နဲ့ အပြေးပြိုင်နေရတာကို သဘောတွေတွေ့နေကြတာ။

Dolphins

အဖွဲ့လိုက်ကြီး ကျွမ်းထိုးနေကြတာ ပျော်စရာကြီး။ တစ်ယောက်တစ်လှည့်နဲ့ ထိုးနေကြတာ။ နှစ်ကောင်တွဲ သုံးကောင်တွဲ ကျွမ်းထိုးတာက ရှိသေး။


Dolphins
Dolphins


Video ရိုက်ထားဖြစ်သေးတယ်။ ပြဿနာက တစ်ကောင်မှ အငြိမ်မနေပဲ ခုန်ပေါက်နေတော့ ဘယ်ကို ချိန်ရိုက်လို့ ရိုက်ရမှန်း မသိဘူး။ 







Comments