Skip to main content

Smart Tags

    လူတွေက အလွယ်ပြောနေကြတာက GPS tracker တွေတဲ့။ တကယ်တော့ GPS tracker ဟုတ်မနေပါဘူး။

    ကလေးတွေ ကို လိုက်ရှာရလွယ်အောင် ဘယ်နားရောက်နေလဲ သိအောင် ကလေးနဲ့အတူ ထည့်ထားပေးလို့ရတယ်။ စက်ဘီး တွေ ဆိုင်ကယ်တွေ ကို ဘယ်ရောက်နေလဲ သိအောင် ကြည့်လို့ရတယ်။ ကျွန်တော်က လေဆိပ်မှာ luggage ခဏတိုင်း လိုက်ရှာရလို့ luggage ထဲ ထည့်ထားတယ်။ ပိုက်ဆံအိတ် ဘယ်နားချထားမိမှန်းမသိလို့ ပိုက်ဆံအိတ်ထဲ ထည့်ထားတယ်။ အိမ်သော့ စက်ဘီးသော့ ခဏတိုင်းပျောက်လို့ သော့ချိတ်နဲ့ တွဲထားတယ်။ အဲ့တော့ ပျောက်ပြီဆိုရင် Apple Find My app ကနေ အသံနဲ့ပြန်ရှာလို့ရတယ်။ တည်နေရာကိုပြပေးတယ်။



    ဒီကောင်တွေ အလုပ်လုပ်ပုံကို ရှင်းပြမှရမယ်။ GPS TRACKER လို့သာ အလွယ်ခေါ်တာ။ ဒီကောင်တွေကိုယ်တိုင်မှာ GPS မပါဘူး။ သူ့အနီးအနားမှာ ရှိတဲ့ Apple device တစ်ခုခု ကို ဒီကောင်က လှမ်းချိတ်တယ်။ အဲ့ကနေ GPS signal ကို ယူတယ်။ပြီးမှ ပိုင်ရှင်ဆီကို GPS location ပြန်ပို့တယ်။ အဲ့လိုပို့ဖို့ကိုလည်း ဘေးနားရှိတဲ့ apple device ကိုပဲ သူက သုံးရတာ။ ဒါက အလွယ်ကူဆုံး ရှင်းပြတာ။ အဲ့တော့ ဘာ မကောင်းဘူးလဲဆို သူ့ဘေးနားပတ်ဝန်းကျင်မှာ iPhone iPad မရှိရင် သူ့ location သိနိုင်ဖို့ မလွယ်ဘူး။ iPhone iPad ရှိတယ် ဆိုရင်တောင် အဲ့ Apple device က wifi or mobile data မရရင်လည်း သူ့ location ကြည့်မရပြန်ဘူး။ ဘာလို့လဲဆိုတော့ အပေါ်မှာ ပြောခဲ့တဲ့ သူက GPS အတွက် ဘေးက apple device တွေကို မှီခိုနေရတာမို့။ ဆိုလိုချင်တာက အင်တာနက်လိုင်း အဖြတ်ခံထားရတဲ့ ဒေသတွေဆို အဆင်မပြေနိုင်ပါဘူး။ 


     အခု ရေးမယ့် tag တွေက Apple devices တွေနဲ့ပဲ အလုပ် လုပ်တယ်။ Android က ခုထိ မရသေးဘူး။ ရတာတော့ ရနေပြီ။ Android သာ ရရင် အတော်ပိုကောင်းမယ်။ လူတိုင်း android သုံးနေတာကိုး။ အခုတော့ find my network ဆိုပြီး android က လုပ်နေတယ်။ ဘယ်တော့မှ သုံးလို့ရမယ်ဆိုတာလဲတော့မသိဘူး။ 



ဈေးနှုန်း

    Apple က ထုတ်တဲ့ AirTag က တစ်ခုကို မြန်မာငွေ ၁ သိန်း ၂ သောင်း (ခန့်မှန်း) ပေးရတယ်။ အခု တရုတ်ကထုတ်တာက ၃ သောင်း၊ အခု မြန်မာမှာ barmaso က ထုတ်တာက ၃ သောင်း ၇ ထောင်ပေးရတယ်။ Barmaso smart Tag က အထဲမှာ keychain လေး တစ်ခုပါတယ်။ အဲ့တာနဲ့ သော့ချိတ်အနေနဲ့သုံးလို့လည်းရတယ်။ Apple Air tag ဆိုရင် keychain က ထပ်ဝယ်ရင် တစ်သောင်း လောက်ရှိတယ်။ ဒါတောင် ဈေးအနည်းဆုံးကောင်။ 



ဘက်ထရီ

    Tag တွေအကုန်လုံး က နာရီထဲထည့်တဲ့  CR2032 lithium 3V ဘက်ထရီကို သုံးထားတယ်။ ဘက်ထရီကုန်ရင် အလွယ်တကူ လဲလို့ရတယ်။ ဘက်ထရီ ဘယ်လောက်ခံသလဲဆိုတာကတော့ ကိုယ်သုံးတဲ့အပေါ်မူတည်မှာပေါ့။ ခဏတိုင်း လိုက်ရှာနေ ကြည့်နေရင်တော့ မြန်မြန်ကုန်မှာပဲ။ ဘက်ထရီက city mart နဲ့ နာရီဆိုင်တွေမှာ ဝယ်လို့ရတယ်။ ၂၅၀၀ လောက်ရှိတယ်။ ဓါတ်ခဲတံဆိပ်အပေါ်မူတည်ပြီး ဈေးကြီးတာတွေလည်း ရှိတယ်။ ဘက်ထရီလဲရတာလည်း ဘာမှမခက်ဘူး။ Barmaso က ဟာကတော့ သူ့ထဲက tool လေးနဲ့ ထိုးဖွင့်ပြီး battery လဲရတယ်။




    Apple Airtag နဲ့ Barmaso ဘာကွာသလဲဆိုတော့ အဓိက ကွာတာက precise location ပဲ။ Apple Airtag မှာ UWB (Ultra Wide Band) နည်းပညာပါတော့ location အတိအကျကို ပြပေးနိုင်တယ်။ သုံးမယ့်ဖုန်းကတော့ UWB ပါတဲ့ ဖုန်း ဖြစ်ဖို့တော့ လိုတာပေါ့။ သိရသလောက် iPhone 11 နဲ့အထက်ဆိုရင် UWB ပါတယ်။ မပါတာက iPhone SE 3rd Gen ပဲ။ budget phone ဆိုတော့ ခိုထားတာနေမယ်။ 

Android တွေမှာကျ ဘယ်ဖုန်းတွေက UWB ပါလဲ သိချင်ရင် ဒီမှာ သွားကြည့်။ 


https://en.m.wikipedia.org/wiki/List_of_UWB-enabled_mobile_devices

ပုံကတော့ samsung က UWB setting ပါတဲ့ ဟာကို screenshot ရိုက်ပြပေးထားတာပါ။



    UWB က precise location နေရာအတိအကျ သိရဖို့အတွက်သုံးတယ်။ UWB မပါတဲ့ Barmaso smart Tag ကတော့ Bluetooth နဲ့ပဲ အလုပ် လုပ်တယ်။ 


ဒါက Barmaso Smart Tag ပါ။ သူ့မှာက UWB မပါတော့ Direction ကို ပဲကြည့်လို့ရတယ်။ နေရာ အတိအကျ မသိရဘူးပေါ့။ ပစ္စည်းသေးသေးလေးတွေ ကျ အတိအကျ လိုက်ရှာလို့မရဘူး။


Apple Air Tag ကျတော့ Find my ဆိုပြီး ပေါ်တယ်။ အဲ့တာကျတော့ UWB ပါတော့ နေရာအတိအကျကို ညွှန်းပေးတယ်။ အောက်က Video မှာကြည့်ရင် သေချာသိလိမ့်မယ် လို့ ထင်ရတာပဲ။ 


Precise Location က ဖုန်းမှာလည်း UWB ပါမှ အလုပ်လုပ်တာဆိုတော့ iPad တွေနဲ့ကျ Apple Airtag တွေက find my အလုပ် မလုပ်ပြန်ဘူး။ ဆိုတော့ Apple airtag က iPhone နဲ့ပဲ အလုပ် လုပ်တာ အဆင်အပြေဆုံးလို့ပဲ ပြောရမှာပဲ။ 



Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...