Skip to main content

Undelete

ဇာတ်လမ်းအစက ဒီလို။ အရင်က external HDD ကို ဖုန်းမှာ တပ်သုံးနေကျ။ အဲ့တာကို window မှာ တပ်လိုက်တော့ ဘာမပြော ညာမပြောနဲ့ format ရိုက်ခိုင်းတာနဲ့ ရိုက်လိုက်သတဲ့။ အဲ့မှာတင် အထဲ ရှိသမျှ data တွေ အကုန် ကုန်သွားတော့တာပဲ။ အဲ့တော့ ဖျက်မိလိုက်တဲ့ format ရိုက်လို့ ပျက်သွားတဲ့ video file တွေ ပုံတွေ ကို ပြန်ဆယ်ယူဖို့ လုပ်ရတော့တာပဲ။

ဒီနေရာမှာ ကြားဖြတ်ပြောချင်တာက File System တွေ အကြောင်း နဲ့ format ရိုက်ရင် ဘယ် device အတွက် ဘယ်ဟာနဲ့ format ရိုက်သင့်တယ်ဆိုတာ သိထားသင့်တယ်။ External HDD တွေ ဝယ်မယ်ဆို ဘူးခွံမှာ ဘယ် OS တွေမှာ အလုပ်လုပ်တယ်ဆိုပြီးပါတယ်။ အဲ့ File System တွေ အကြောင်းမသိရင် အခုလိုပဲ format ရိုက်မိနေဦးမှာပဲ။ ကိုယ်က ဘယ် device နဲ့ ဘယ် OS နဲ့ သုံးမှာလဲ ဆိုတာသိရင် ဘယ် format နဲ့ ရိုက်ရမလဲ သိတာပေါ့။ 

Window အတွက်ဆို NTFS ကို သုံးတယ်။ NTFS က Microsoft က မူပိုင်ယူထားတယ်။ NTFS နဲ့ format ရိုက်ထားရင် window only ပဲ သုံးလို့ အဆင်ပြေမယ်။ NTFS နဲ့ လုပ်ထားတဲ့  HDD ကို mac မှာ သုံးမယ်ဆိုရင် ကြားခံ software တခုလိုမယ်။ NTFS နဲ့ လုပ်ထားတဲ့ HDD ကို Android Phone မှာ တပ်လိုက်ရင် မဖတ်တာများတယ်။ ဒါပေမယ့် xiaomi phone တွေ ကတော့ ဖတ်တယ်။ အလုပ်လုပ်တယ်။ Linux မှာတော့ NTFS ကို အေးဆေး အလုပ်လုပ်တယ်။

APFS ဆိုရင်ကျတော့ mac မှာပဲ အလုပ်လုပ်တယ်။ ကိုယ့် HDD ကို mac မှာပဲ သုံးမယ်ဆိုမှ APFS နဲ့ format ရိုက်။

FAT32, exFAT ကျတော့ window ရော Mac ရော Android ရော အလုပ်လုပ်တယ်။ FAT32 အားနည်းချက်က file size က 4GB limit ဖြစ်နေတာပဲ။ ဆိုလိုတာက 4GB ထက် များတဲ့ file တွေကို ထည့်လို့မရဘူး။ exFAT မှာ ကျတော့ အဲ့ limit မရှိတော့ဘူး။ ဒါ့ကြောင့် exFAT က OS အကုန်လုံးအတွက် အဆင်ပြေဆုံးလို့ ဆိုရမယ်။

လိုရင်းကိုပြန်ဆက်ရင် အဲ့တာနဲ့ recovery software လိုက်ရှာတယ်။ ကိုနေထက်က TestDisk သုံးကြည့်ပါ့လား သူ့တုန်းကတော့ အဲ့ကောင်နဲ့အဆင်ပြေသွားတယ် ဆိုပြီး လာပြောတာနဲ့ စမ်းကြည့်ဖြစ်တယ်။


https://www.cgsecurity.org/


သူကတော့ gui နဲ့ မဟုတ်ပဲ cli နဲ့ပဲ ရတယ်။ ဘာမှမလုပ်တတ်ရင် သူ documentation ရေးပေးထားတာကိုပဲ ဖတ်ပြီး လုပ်ရင်လည်း ရတယ်။ သူရေးထားတဲ့ documentation ရှိနေလို့ ဘယ်လို လုပ်ရမယ်ဆိုတဲ့ tutorial ကိုတော့ ကျွန်တော် ရေးမနေတော့ဘူး။

https://www.cgsecurity.org/testdisk_doc/

ဒီကောင့်ကို သုံးဖို့ command line တော့ သိထားမှရမယ်။ dir တွေကို သွားတာလောက်တော့ သိထားမှ ရမယ်။

နောက်ပြီး recover လုပ်ပြီး ရလာတဲ့ file တွေကို ထည့်ဖို့ HDD အလွတ်တလုံး လိုမယ်။ recovery လုပ်မယ့် HDD ထဲကို ပြန်မထည့်ရဘူး။

Recovery လုပ်မယ်ဆိုရင် အရေးအကြီးဆုံးက write ပြန်မလုပ်မိဖို့ပဲ။ စောန format ရိုက်မိပြီး ဒေတာတွေပျက်သွားပြီ လို့ သိသိချင်း ဘာမှ ထပ်မလုပ်ပဲ​ ဒီအတိုင်းလေးပဲ ထားထားလိုက်တာ ဒေတာ အကုန်ပြန်ရမယ်။ အဲ့လိုမဟုတ်ပဲ အဲ့ထဲကို ဒေတာတွေ ထပ်ထည့်မိပြီဆိုရင် recovery လုပ်ဖို့ ခက်သွားလိမ့်မယ်။

အဲ့တာနဲ့ TestDisk နဲ့ စမ်းနေရင်း မရရင် photorec နဲ့ စမ်းပါဆိုပြီး သူကရေးထားတာနဲ့ photorec နဲ့ လုပ်လိုက်တယ်။


250GB လောက် data ကို recovery လုပ်တာ ၁၃နာရီကျော် ကြာတယ်။ အကုန်နီးပါးပြန်ရတယ်။ ဘာလို့ အကုန်ရသလဲဆိုတော့ အပေါ်က ပြောသလိုပဲ write မလုပ်လို့ပဲ။ 



အားလုံးပဲ အဆင်ပြေကြပါစေ။


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...