Skip to main content

XT Eink X4

 ဒီကောင်လေး ခဏ ခဏတွေ့နေတာရယ် စမ်းချင်တာရယ် ဒါလေး နဲ့ ဆို စာ တကယ်ဖတ်ဖြစ်နိုင်မလား ဆိုတာရယ် သိချင်တာနဲ့ ဝယ်စမ်းကြည့်လိုက်တယ်။ တခြား သူတွေတော့ မသိဘူး။ ကိုယ့်ဆီရောက်လာတော့ Unlock လုပ်ထားပြီး သား၊ 3rd party firmware နဲ့ ကိုပဲ လာတာ။ Stock Rom နဲ့ မဟုတ်ဘူး။ EU မှာ ရောင်းတဲ့ တချို့ အလုံးတွေက Lock လုပ်ထားတော့ Stock firmware နဲ့ ဖြစ်ပြီး တခြား Rom တင်မရလို့ reddit မှာ ပြောဆိုနေကြလေရဲ့။ ကိုယ်ဝယ်တဲ့ region ပေါ်မူတည်ပြီး firmware မတူကြဘူး။ 3rd party firmware တွေက ပိုကောင်းတယ်။ ပိုပြီး optimized ဖြစ်တယ်။ ပိုပြီး features စုံတယ်။ 



Crosspont နဲ့ crossink က နာမည်ကြီးတယ်။ arabic or japan or chinese cjk သမားတွေအတွက် သီးသန့် firmware တွေလည်း ရှိတယ်။ 

Aliexpress က တချို့ အလုံးတွေမှာ lock လုပ်ထားတာတွေ ရှိတယ်။ unlock ပြန်လုပ်ပြီး custom firmware ထည့် လို့ ရအောင် လုပ်ဖို့ နည်း ရှိတယ်။ 

First impression ကတော့ သေးတယ်။ သေးတော့ စာအုပ် တကယ်ဖတ်မယ်ဆို ( ဝတ္ထုရှည် တစ်အုပ် လုံး ပြီးအောင် ဖတ်တာ ) အားမရဘူးလို့ မြင်မိတယ်။ Kindle ၆ လက်မ ဆိုဒ်နဲ့မှ စာဖတ်နေကျ မို့လို့လားတော့ မသိ။ သေးနေတော့ အားပိုစိုက်ရတယ်လို့ ခံစားရတယ်။ 



ဒါပေမယ့် kindle ထက် ပိုပြီး သေးတော့ ခရီးသွားရင် သယ်ရပြုရလွယ်တယ်။ Bus ကားပေါ်မှာ အလွယ်တကူ ထုတ်ဖတ်လို့ ရတာမျိုးပေါ့။

Online မှာ မြင်နေရသလို မဟုတ်တာတွေ အများကြီးပဲ။ magnetic က အားပျော့နေတာမျိုးပေါ့။ သူ့ ads မှာတော့ ကပ်နေတာ။ ကိုယ့်ဆီမှာကျ မကပ်တာမျိုး။ ပြီးတော့ ကပ်တာကလည်း ပြောင်းပြန်ကြီး။ တခြား အလုံးတွေတော့ မသိဘူး၊ ကိုယ့်ဆီရောက်လာတဲ့ အလုံးက အဲ့လို ပြောင်းပြန် ဇောက်ထိုးကပ်မှပဲ ကပ်လို့ ရတယ်။





မြန်မာ စာ က ကျတော့ XCT format နဲ့ မှ ဖတ်လို့ရတယ်။ epub မှာ ဆို မရဘူး။ Kindle တွေမှာ kfx format နဲ့မှ ရသလိုပေါ့။ မြန်မာစာအုပ်တွေအတွက် font size ကို convert လုပ်ပေးတဲ့ website မှာ တခါတည်း ချိန်ပေးမှ ရမယ်။ မဟုတ်ရင် စာလုံးတွေက သေးနေတယ်။





Touch မရပဲ button နဲ့ဆိုတော့ ရေရှည်မှာ ခလုတ်ပျက်ရင် တိုင်ပတ်နိုင်ခြေ ရှိတယ်။ 

ဒါက first impressions ပဲ။ နောက်မှ ထပ်တွေ့တာတွေ ထပ်ဖြည့်ရေးရမယ်။ 


https://github.com/uxjulia/CrossInk


https://github.com/crosspoint-reader/crosspoint-reader


web font maker 


https://xteink.lakafior.com


Epub to XCT converter


https://x4converter.rho.sh


ကိုယ်လည်း XT4 ဝယ်ပြီး ဘယ်လောက်မှ မကြာဘူး။ XT4 pro ထပ်ထုတ်လိုက်ပြီ။ backlight ပါလာတယ်။ Touch ပါလာတယ်။ ဈေးကတော့ ခေါက်ချိုး တက်သွားတယ်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။