ဒီကောင်လေး ခဏ ခဏတွေ့နေတာရယ် စမ်းချင်တာရယ် ဒါလေး နဲ့ ဆို စာ တကယ်ဖတ်ဖြစ်နိုင်မလား ဆိုတာရယ် သိချင်တာနဲ့ ဝယ်စမ်းကြည့်လိုက်တယ်။ တခြား သူတွေတော့ မသိဘူး။ ကိုယ့်ဆီရောက်လာတော့ Unlock လုပ်ထားပြီး သား၊ 3rd party firmware နဲ့ ကိုပဲ လာတာ။ Stock Rom နဲ့ မဟုတ်ဘူး။ EU မှာ ရောင်းတဲ့ တချို့ အလုံးတွေက Lock လုပ်ထားတော့ Stock firmware နဲ့ ဖြစ်ပြီး တခြား Rom တင်မရလို့ reddit မှာ ပြောဆိုနေကြလေရဲ့။ ကိုယ်ဝယ်တဲ့ region ပေါ်မူတည်ပြီး firmware မတူကြဘူး။ 3rd party firmware တွေက ပိုကောင်းတယ်။ ပိုပြီး optimized ဖြစ်တယ်။ ပိုပြီး features စုံတယ်။
Crosspont နဲ့ crossink က နာမည်ကြီးတယ်။ arabic or japan or chinese cjk သမားတွေအတွက် သီးသန့် firmware တွေလည်း ရှိတယ်။
Aliexpress က တချို့ အလုံးတွေမှာ lock လုပ်ထားတာတွေ ရှိတယ်။ unlock ပြန်လုပ်ပြီး custom firmware ထည့် လို့ ရအောင် လုပ်ဖို့ နည်း ရှိတယ်။
First impression ကတော့ သေးတယ်။ သေးတော့ စာအုပ် တကယ်ဖတ်မယ်ဆို ( ဝတ္ထုရှည် တစ်အုပ် လုံး ပြီးအောင် ဖတ်တာ ) အားမရဘူးလို့ မြင်မိတယ်။ Kindle ၆ လက်မ ဆိုဒ်နဲ့မှ စာဖတ်နေကျ မို့လို့လားတော့ မသိ။ သေးနေတော့ အားပိုစိုက်ရတယ်လို့ ခံစားရတယ်။
ဒါပေမယ့် kindle ထက် ပိုပြီး သေးတော့ ခရီးသွားရင် သယ်ရပြုရလွယ်တယ်။ Bus ကားပေါ်မှာ အလွယ်တကူ ထုတ်ဖတ်လို့ ရတာမျိုးပေါ့။Online မှာ မြင်နေရသလို မဟုတ်တာတွေ အများကြီးပဲ။ magnetic က အားပျော့နေတာမျိုးပေါ့။ သူ့ ads မှာတော့ ကပ်နေတာ။ ကိုယ့်ဆီမှာကျ မကပ်တာမျိုး။ ပြီးတော့ ကပ်တာကလည်း ပြောင်းပြန်ကြီး။ တခြား အလုံးတွေတော့ မသိဘူး၊ ကိုယ့်ဆီရောက်လာတဲ့ အလုံးက အဲ့လို ပြောင်းပြန် ဇောက်ထိုးကပ်မှပဲ ကပ်လို့ ရတယ်။
မြန်မာ စာ က ကျတော့ XCT format နဲ့ မှ ဖတ်လို့ရတယ်။ epub မှာ ဆို မရဘူး။ Kindle တွေမှာ kfx format နဲ့မှ ရသလိုပေါ့။ မြန်မာစာအုပ်တွေအတွက် font size ကို convert လုပ်ပေးတဲ့ website မှာ တခါတည်း ချိန်ပေးမှ ရမယ်။ မဟုတ်ရင် စာလုံးတွေက သေးနေတယ်။
Touch မရပဲ button နဲ့ဆိုတော့ ရေရှည်မှာ ခလုတ်ပျက်ရင် တိုင်ပတ်နိုင်ခြေ ရှိတယ်။
ဒါက first impressions ပဲ။ နောက်မှ ထပ်တွေ့တာတွေ ထပ်ဖြည့်ရေးရမယ်။
https://github.com/uxjulia/CrossInk
https://github.com/crosspoint-reader/crosspoint-reader
web font maker
Epub to XCT converter
ကိုယ်လည်း XT4 ဝယ်ပြီး ဘယ်လောက်မှ မကြာဘူး။ XT4 pro ထပ်ထုတ်လိုက်ပြီ။ backlight ပါလာတယ်။ Touch ပါလာတယ်။ ဈေးကတော့ ခေါက်ချိုး တက်သွားတယ်။
Comments
Post a Comment