CipherText

  အင်တာနက်ကဖြတ်တော့မယ်လို့ပဲ ပြောနေတုန်းရှိသေး နေ့လည် တနာရီမှာ ဖြတ်သွားတယ်။ အဲ့တော့ sms ကနေ သတင်းဖလှယ်ဖို့ ကျတော့ ကြားဖြတ်ပြီး ကြည့်နေမှာကို စိုးရိမ်နေရတယ်။ အဲ့တာနဲ့ ဒီ app လေး ကို ကိုဇေယျ က လုပ်ပေးတယ်။

ဒီကောင်က စာတွေ ကို encrypt လုပ်ပေးတယ် decrypt လုပ်ပေးတယ်။ decrypt လုပ်ဖို့ key ကို သိမှ ရမယ်။ key ကို ကိုယ့်လူ အချင်းချင်း ကြိုပြောထားပေါ့။

Encrypt လုပ်မယ်ဆို အရင်ဆုံး key ထည့်၊ ပြီးရင် ရေးချင်တဲ့ စာကို ရေး၊ ပြီးရင် encrypt ခလုတ်ကို နှိပ်လိုက်ရင် ရပြီ။ encrypted လုပ်ပြီးသား text တွေကို auto copy လုပ်ပေးထားတယ်။ ပို့ချင်တဲ့ဆီ ( ဥပမာ SMS ) paste တန်းလုပ်ယုံပဲ။

SMS နဲ့ ပို့မယ်ဆို unlimited sms package နဲ့ မှ အဆင်ပြေမယ်။ ဒါပေမယ့် သတင်းအတွက်ဆိုတော့ စာကို လိုတိုရှင်းပို့တာ အဆင်ပိုပြေမယ်။ ဒီအတိုင်း စာ အရှည်ကြီးနဲ့ chatting လို ပို့နေလို့တော့ အဆင်မပြေဘူး။ 

Ooredoo ကတော့ sms 9 စောင် အထိ အရှည်ပို့လို့ရတယ်။ ကျန်တဲ့ operator တွေတော့ မရှိတော့ မစမ်းရလို့ မသိဘူး။


Click Here to Download




Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ