Skip to main content

Telegram Media Downloader

 Telegram က တချို့  private channel and private group တွေမှာ download လုပ်လို့ မရအောင် လုပ်ထားလေ့ရှိပါတယ်။ (သင်တန်း group တွေရယ်၊ ရုပ်ရှင် channel တွေရယ်ပါ၊ တခြား မတွေးစေချင် :P )



အဲ့က download လုပ်မရအောင် ပိတ်ထားတဲ့ video တွေကို download လုပ်လို့ ရအောင် လုပ်တဲ့ နည်းတော့ ရှိပါတယ်။ ကျွန်တော် သုံးနေတာလည်း တစ်နှစ်လောက်ရှိပါပြီ။ သူက browser ကနေ သုံးမှပဲ ရတာပါ။ Telegram app ထဲကနေ သုံးလို့ မရပါဘူး။ 

အရင်ဆုံး user script manager ကို install လုပ်ရပါမယ်။ ကျွန်တော်ကတော့ Tampermonkey ကို သုံးပါမယ်။

https://www.tampermonkey.net/

ကိုယ်သုံးမယ့် browser ကို မူတည်ပြီး အောက်က link တွေကနေ တိုက်ရိုက် သွင်းလို့ ရပါတယ်။

  • Chrome: Tampermonkey or Violentmonkey
  • Firefox: Greasemonkey, Tampermonkey, or Violentmonkey
  • Safari: Tampermonkey or Userscripts
  • Microsoft Edge: Tampermonkey or Violentmonkey
  • Opera: Tampermonkey or Violentmonkey
  • Maxthon: Violentmonkey


  • Add to Firefox ကိုနှိပ်ပြီး add ကို နှိပ်ပေးပါ။






     ပြီးမှ ဒီ website ကို သွားပြီး install script ကို နှိပ်ပါ။ ထပ်ပေါ်လာတဲ့ အခါ Install ကို နှိပ်ပါ။

    https://greasyfork.org/en/scripts/446342-telegram-media-downloader







    ဒါဆိုရင် ရပါပြီ။

    Telegram web က version ၂ ခု ရှိပါတယ်။ တစ်ခု မရ နောက်တစ်ခုနဲ့ ပြောင်းပြီး စမ်းကြည့်ပေ့ါ။











    မူရင်း ရေးထားတာက ဒီမှာပါ။

    Comments

    Popular posts from this blog

    မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

    မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

    ပြည်ထောင်စု font

    Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

    MacOS Myanmar Unicode Keyboard

      MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။