Skip to main content

iPad Keyboard တွေအကြောင်း

 တကယ်တော့ Logitech combo touch ဘယ်လောက်ကောင်းကြောင်း video ပါ ရိုက်ပြီး သွားပြီး မတင်ဖြစ်ခဲ့တာ။ အခု iPad keyboard ဝယ်ပြီး ၄ နှစ်အကြာမှာတော့ မူရင်း Apple Keyboard နဲ့ logitech တို့ရဲ့ ကွာခြားချက်ကို သိသွားပါပြီ။ ရေရှည်မှာ logitech က ရာဘာ နဲ့ ပြုလုပ်ထားတာမို့ ရာသီဥတုဒဏ်ခံရတဲ့ အခါမှာ ရာဘာတွေက ပဲ့ကုန် ကြွေကျ ကုန်ပါတယ်။ ဒါက longterm မှ သိရမှာပါ။ ပုံကတော့ ပဲ့တဲ့နေရာတွေမှာ ကော်နဲ့ ထိန်းထားပြီး ရလို ရငြား ဆက်သုံးနေတာပါ။ ဒါပေမယ့်လည်း တဖြေးဖြေးနဲ့ နေရာစုံကနေ ပဲ့ လာတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။




 Logitech က ဖြုတ်ရတပ်ရ လွယ်ပါတယ်။ ဒါပေမယ့် မကောင်းတာက သူက စားပွဲလို နေရာ အထိုင် အတည်တကျ ရှိမှ သုံးလို့ အဆင်ပြေတာပါ။ တခါက ရထားနဲ့ ခရီးသွားတော့ ရထား စီးရင်း စာရိုက်မယ် လုပ်တာ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ နောက်ပြီး ရေရှည်မှာ logitech ရဲ့ ကီးခလုတ်တွေက ပျက်ပါတယ်။ နေရင်းထိုင်ရင်း ပျက်ကုန်တာပါ။ Apple Magic Keyboard ကတော့ ၄ နှစ်ကျော်နေတဲ့ အထိ မပျက်သေးပါဘူး။



ကီးဘုတ်ရောင်းတဲ့သူတွေကတော့ လာဆဲချင် ဆဲနေပါလိမ့်မယ်။ ကျွန်တော့်ပိုက်ဆံနဲ့ ကျွန်တော် ဝယ်ထားပြီး ကျွန်တော် ကြုံတွေ့ရတဲ့ user experience ကို ရေးထားတာပါ။ ဘယ်ကမှ ပိုက်ဆံလည်း မရပါဘူး။ iPad ရော magic keyboard ရော logitech combo touch ရော အကုန်လုံး နဖူးကချွေး ခြေမ ကျတဲ့အထိ အလုပ် လုပ်ပြီး ရတဲ့ ပိုက်ဆံနဲ့ ဝယ်တာပါ။ တန်ဖိုးရှိတဲ့ ပိုက်ဆံတွေကို နောက်လူတွေ ကိုယ့်လို အမှားမျိုး မမှားစေဖို့ အတွက် ခုလို review ရေးတာပါ။ ဝယ်တုန်းက 100$ ပဲ ဈေးကွာတာဆိုပေမယ့် တကယ် စာရိုက်မယ် ရေရှည် သုံးမယ်ဆို 100$ ကို မကြည့်ပဲ Apple Magic Keyboard ကိုပဲ ဝယ်ဖို့ အကြံပေးပါရစေ။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။