Router Review
Facebook ကို VPN နဲ့ သုံးမှ ရလာတဲ့ အချိန်မှာ ကျွန်တော့်အတွက် အဆင်မပြေတာတွေများလာတယ်။ ကျွန်တော့်မှာ devices တွေက များတယ်။ ဖုန်းတွေ laptop တွေ tablet တွေ အပြင် တခြား gadget တွေပါ ရှိနေတာကိုး။ အကုန်လုံးကို VPN ထည့်ဖို့ အလုပ်တခုကလည်း ပိုလာတယ်။ အဲ့တာနဲ့ အဆင်ပြေမယ့်နည်းလမ်းကို လိုက်ရှာရင်း facebook ပေါ်က ကိုကျော်စွာသွင် တင်ထားတဲ့ router လေးကို သွားတွေ့မိတယ်။
Router မှာ တခါတည်း VPN ထည့်လို့ရတဲ့ router ပေါ့။ အဲ့ router မှာ တခါတည်း VPN ထည့်ထားတော့ အဲ့ router က လွင့်တဲ့ wifi ကို ချိတ်တဲ့ devices တွေ အကုန် လုံး VPN ထည့်စရာမလိုတော့ဘူးပေါ့။
Router အကြောင်း product info အသေးစိတ်ကို သူ့ website မှာ ဖတ်လို့ရပါတယ်။
Router Mode က ၄ မျိုးပါတယ်။
Lan Cable တပ်ပြီး router အနေနဲ့ သုံးလို့ရတယ်။
Wifi ကို ဖမ်းပြီး repeater အနေနဲ့လည် သုံးလို့ရတယ်။ Range extender သဘောပေါ့။
ဖုန်းက usb tethering လုပ်ပြီး USB မှာ ဖုန်းနဲ့ချိတ်ပြီး portable router အနေနဲ့လည်း ရတယ်။
3G/4G moden တပ်ပြီး portable router အနေနဲ့လည်း ရတယ်။
Router ထဲကို ထည့်ဖို့ VPN အတော်များများကိုလည်း support လုပ်တယ်။
Default အနေနဲ့ 1.1.1.1 လည်း ပါတယ်။ Tor လည်း ပါတယ်။ Open VPN ဆို drag and drop နဲ့ တန်းရတယ်။ Router ကို manage လုပ်ဖို့ app ကလည်း android ရော iOS ရော ရှိတယ်။ သဘောအကျဆုံးက router ဘေးဘက်မှာ switch တခုပါတယ်။ အဲ့ switch နဲ့ vpn ကို on off လုပ်လို့ရတာပဲ။
Comments
Post a Comment