Skip to main content

Light Set Up များ

 Lighting set up တွေ အကြောင်း ရေးမှ ရတော့မယ်။ ကိုယ့်ဟာကိုယ်လည်း စိတ်ထဲ အမြဲ မှတ်မထားနိုင်တော့ဘူး။ စာရေးရင်း မှတ်ထားမှ မှတ်မိတော့မယ်။ နောက်ခါ လိုတဲ့အချိန်ကျရင် ပြန်ကြည့် ပြန်ဖတ် လို့လည်း လွယ်တာပေါ့။ sketch ဆွဲဖို့တော့ စိတ်ကူးရှိတယ်။ ဒါပေမယ့် ကိုယ့် drawing skill က သိတဲ့အတိုင်းပဲ။ ကြောင်ခြစ်တာကမှ ကြည့်လို့ ကောင်းသေးတယ်။ ကျွန်တော် ဒီ post မှာ educational purpose အနေနဲ့ light set up တွေကို ထပ်ဖြည့်သွားပါ့မယ်။ အခုကတော့ ဘာမှ သိပ်ရှိဦးမှာ မဟုတ်ဘူး။ ကြာလာလေ စုံလာလေ ဖြစ်မှာပါ။ ဒီဟာတွေရေးဖို့ အတွက် အဓိက ပံ့ပိုးပေးတဲ့ Bliss Studio က ကိုနှောင်း ကို ကျေးဇူးတင်ရမှာပါပဲ။ သူ့ ရူတင်တွေမှာ ရိုက်ထားတာတွေချည်းပဲလေ။ ဆိုတော့ ဒီ set up တွေကလည်း ကိုနှောင်းရဲ့ set up တွေပါ။ ကျွန်တော် အဲ့လောက်မတတ်ပါဘူး။ အထင်မကြီးကြပါနဲ့ လို့။ ကျွန်တော်က ကျွန်တော့်အတွက် note သဘောမျိုးနဲ့ မှတ်ထားတာကို တခြားသူတွေလည်း ကြည့်လို့ရအောင် ပြန် မျှဝေပေးတဲ့ သဘောနဲ့ ဒီမှာ လာသိမ်းထားတာပါ။


set up 1


ထိုင်ခုံနောက်က AD 200 က backdrop ကို light ပေးထားတာ။ ပုံကို ISO 100, Shutter 1/160, f 11 နဲ့ ရိုက်ထားပါတယ်။ မီးတစ်လုံးချင်းဆီရဲ့ setting ကတော့ ကိုယ် လိုသလို ချိန်ပေါ့။ 

ပုံက camera က ထွက်တဲ့ jpeg ပါပဲ။ ဘာမှ ပြင်မထားပါဘူး။ (မပြင်တတ်လို့ပါ)


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။