Skip to main content

မိုးရာသီ နဲ့ မှို

 ဇာတ်လမ်း အစက မိုးရာသီပဲ။ မိုးရာသီရောက်တိုင်း ရန်ကုန်မှာ ရောက်နေတဲ့ ကိုယ့်ကိုကိုယ် ပဲ အပြစ်တင်ရတော့မှာပေါ့။ မိုးရာသီမှာ humidity (စိုထိုင်းဆ) များတယ်ပေါ့။ စိုထိုင်းဆ နည်းတာ များတာက ဘာတွေသက်ရောက်မှု့ ရှိသလဲဆိုတာ SweetConnect က ရေးထားတဲ့ content လေး ကို ပြန်ကူးပြီး ပြောရမယ်။ 

🟩 မိမိနေအိမ်မှာ အပူချိန်များခြင်း နှင့် စိုထိုင်းဆ များ‌နေခြင်းက မိမိ အသက်အန္တရာယ်တွက်  မသိမသာခြိမ်းခြောက်နေတယ်ဆိုတာ သင်  သတိထားမိပါသလား ?

🟩 မိတ်ဆွေတို့ သတိထားမိအောင် စိုထိုင်းမှု များခြင်းနဲ့ အပူချိန်များခြင်း တို့ရဲ့ နောက်ကွယ်မှာ ဖြစ်တက်တဲ့ ရောဂါလေးတွေကို လေ့လာမိသလောက် အရင်ဆုံး ပြောပြပေးပါ့မယ် ခင်ဗျာ  ။ 
________________________________________________

🟩 စိုထိုင်းမှု များခြင်းကြောင့် ဖြစ်တက်တဲ့ ရောဂါလေးတွေကနေ စပြော‌ပြပါမယ် ခင်ဗျာ ။ 

🟩  စိုထိုင်းမှု များလာရင် ကိုယ့်ကို အန္တရာယ်ပေးနိုင်တာတော့  ( Mycotoxin )အဆိပ်တောက်ပါဝင်တဲ့ မှိုဆိုတဲ့ Bacteria ပါဘဲ ခင်ဗျာ ။ 

🟩 မှိုဆိုတဲ့ Bacteriaက စိုစွတ်မှုများပြီး လေကောင်းလေသန့် မရတဲ့နေရာတွေကနေ စတာဘဲ ခင်ဗျာ ။ 

🟩 မှို မှာပါတဲ့ Mycotoxin အဆိပ်တောက်ကို ရှူရှိုက် ၊ ထိမိ ၊ မျိုချ မိလိုက်ရင် ဖြစ်တတ်တဲ့ ရောဂါလေးတွေကို သိသလောက်လေး မျှဝေပေးပါ့မယ် ခင်ဗျာ 

🦠 ပန်းနာရင်ကြပ် 

🦠 ခေါင်းကိုက်ခြင်း

🦠ကိုယ်ခံအား ကျဆင်းခြင်း

🦠 မျက်စိပြဿနာ  ( မျက်စိရောင်ခြင်း ၊ မျက်စိနာခြင်း )

🦠 သွေးလည်ပတ်မှု ပြဿနာ ( သွေးယိုခြင်း ၊ သွေးခဲခြင်း ၊ သွေးအန်ခြင်း )

🦠အာရုံကြောပြဿနာ ( အတက်ဝေဒနာ ၊ ကြွက်သားအားနည်းခြင်း ၊ မေ့တက်ခြင်း ) 

🦠စိတ်ဓာတ်ကျရောဂါ 

🦠အသက်ရူလမ်းကြောင်းရောဂါ ( နှာခေါင်း ယားယံခြင်း ၊ နှာရည်ယိုခြင်း ၊ နှာပိတ်ခြင်း ) 

🟩 အစရှိတဲ့ ရောဂါများကို ဖြစ်ပေါ်စေပါတယ် ခင်ဗျာ ။
________________________________________________

🟧 အခန်းတွင်း အပူချိန် များရင်ရော ဘာတွေ ဖြစ်တက်လဲ ? 

🦠 အပူရှပ်ခြင်း 

🦠 နှာခေါင်းသွေးယိုခြင်း 

🦠 မိတ်အဖုလေးတွေ ထွက်ခြင်း 

🦠 ခေါင်းမူး‌ဝေခြင်း 

🦠 ရေဓာတ်နဲ့ ဆားဓာတ်များ ခမ်းခြောက်ခြင်း 

🦠 ဦးနှောက် သွေးကြော ရုတ်တရုတ် ပြတ်တတ်ခြင်း

🦠 ကိုယ်ခန္ဓာ လေးလံ ထိုင်းမှိုင်းလာခြင်း

🦠ယားယံခြင်း 

🦠 အမောဖောက်ခြင်း

🟧 အစရှိတဲ့ ရောဂါများကို  ဖြစ်ပေါ်စေနိုင်ပါတယ် ခင်ဗျာ။
_________________________________________________




အစတုန်းက စိုထိုင်းဆ ကြောင့် ဖြစ်တယ်လို့ မသိသေးဘူး။ တရက် အပြင်သွားရင်း လက်က ယားလားလို့ ကြည့်လိုက်တော့ အဖုတွေ ထွက်လာတယ်။ Allergy လိုဖြစ်သွားတာ။ အဲ့တာနဲ့ သူငယ်ချင်းဆရာဝန် ဆီ ဖုန်းဆက်မေးပြီး ဆေးသောက် ဆေးလိမ်းလိုက်တော့ ယားတာ တော့ သက်သာသွားတယ်။ နောက်ထပ် သတိထားမိတာက အပြင်မှာ နေတဲ့ အချိန်ဆို ဘာမှ မဖြစ်ပေမယ့် အိမ်ထဲ အခန်းထဲ ပြန်ရောက်ပြီ ဆိုတာနဲ့ အဖုတွေ က ချက်ချင်းကို ထ လာတာ။ တကယ်က မှိုတွေက အခန်းထဲမှာ ပြည့်နေပြီ။ မျက်စိနဲ့ မမြင်ရလို့သာပဲ။ အဲ့အချိန် မိုးကလည်း ကောင်းတာမှ နေ မထွက်တာ တစ်ပါတ်ကျော်ပြီလေ။  အဲ့တာလည်း ရုတ်တရက်ဆိုတော့ အမှတ်မရ သတိမထားမိသေးဘူး။ နောက်ရက်ကျ မပတ်ပဲ ထားတာ ၂ ရက်လောက်ရှိနေတဲ့ လက်ပတ်နာရီ ကို ပတ်မယ်လုပ်လိုက်တဲ့ အခါမှာ မျက်စိနဲ့ တွေ့ လိုက်ရတော့တာပဲ။ 



အဲ့ကျမှ မှိုတွေကို မျက်စိနဲ့ တပ်အပ် မြင်ရတော့တာပဲ။ စားပွဲပေါ်တင်ထားတဲ့ နာရီမှာတောင် ဒီလိုဖြစ်နေတာ လှမ်းထားတဲ့ အဝတ်တွေဆို ပြောမနေနဲ့တော့ပဲ။ 



အဲ့တော့မှ အခန်းထဲက  Mi Humidity စားပွဲတင် နာရီလေးကို ကြည့်မိလိုက်တော့ Humidy က 80%  ပြနေပြီ။ အဲ့တာနဲ့ humidity ကို လျော့ချပစ်ဖို့ လုပ်ရတယ်။ ဘယ်လို လုပ်သလဲဆိုတော့ dehumidifier ဝယ်ရတာပေါ့။ ကိုယ်ဝယ်မယ်လုပ်တော့ တချို့ဆိုင်တွေမှာ ပစ္စည်းက မရှိတော့ဘူး။ အဲ့တာနဲ့ လိုက်ရှာရင်း ဒီကောင်ကို သွားတွေ့တယ်။



 ဒီကောင်က Dehumidifier အပြင် Air Purifier ပါ ပါတယ်။ ဒါပေမယ့် သူ့ air filter က အကောင်းကြီးတော့ မဟုတ်ဘူးပေါ့။ Demhumidifier အနေနဲ့ အလုပ် လုပ်တဲ့အခါမှာ သူ့မှာ ပါတဲ့ water tank ပြည့်သွားရင် auto stop လည်း ဖြစ်တယ်။ ရေ ပြည့်နေပြီ ဆိုတာလည်း အချက်ပေးတယ်။ Tank ကနေ ရေပိုက်သွယ်ပြီး အပြင်ကို ထုတ်ထားရင်တော့ ရေပြည့်တော့မှာ မဟုတ်လို့ 24hr သုံးလို့ ရသွားမယ်။  စစချင်းနေ့မှာ ဆို ၄ နာရီကို ရေ 1 Ltr လောက်ကို ရတာ။



ဒီကောင်က သူ့ရဲ့  smart home app နဲ့ ချိတ်လို့လည်း ရတယ်။ wifi နဲ့ ချိတ်ပြီး သူ့ app ကနေ control လုပ်လို့လည်း ရတယ်။ ပိုပြီး အဆင်ပြေတာက Google Home နဲ့ပါရတော့ အိမ်မှာ ရှိတဲ့ smart home devices တွေထဲ တခါတည်း ဝင်သွားတယ်။ Google Home app ကနေပါ control လုပ်လို့ရတယ်။ ဖုန်းကနေ ဆိုရင် humidity ကို ဘယ်လောက်ထားမယ်တို့ timer တို့ကို setting ပေးလို့ရတယ်။ Night Mode ဖွင့်ထားရင်တော့ အတော်ကို အသံငြိမ်တယ်။ Night Mode မဖွင့်ရင်တော့ အတော် နားဆူတယ်။

နောက်မှ သိရတာက ဒီကောင်ကို အဝတ်လှန်းတဲ့ အခန်းထဲမှာ ဖွင့်ထားရင် အဝတ်က ရေ တွေကိုပါ စုတ်ပေးတဲ့အတွက် အဝတ်တွေ အခြောက်မြန်အောင် လည်း သုံးကြတယ် ဆိုတာပဲ။ 

ကျွန်တော် ဝယ်တာကတော့ ရန်ကုန်က Xchange Mobile ဆိုင်ကပဲ။ ဈေးကတော့ ခုခေတ်အခြေအနေအရ အမြဲပြောင်းနေတော့ ဈေး မရေးတော့ဘူး။ C4E ဆိုင်မှာလည်း ရှိတယ်။

Post edit on 2025 Jun 30 : ၂၀၂၄ Aug တုန်းက ၅ သိန်း ၇ သောင်းနဲ့ ​ဝယ်ခဲ့တာ ဒီနေ့ ဈေးသွားကြည့်တာ ၉ သိန်း ၅ သောင်းဖြစ်နေပြီ။ 


Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...