NearDrop

 ကျွန်တော်က backup phone အနေနဲ့ pixel 3 ကို သုံးတယ်။ Laptop က MacBook Pro ကိုသုံးတယ်။ Apple ECO System ထဲမှာဆိုရင် file တွေ share တာက airdrop နဲ့ လွယ်လွယ် share လို့ရပေမယ့် android phone နဲ့ MacBook မှာ file share ဖို့က အတော် အလုပ်ရှုပ်တယ်။ Google Photo သုံးရင် သုံး၊ ဒါမှမဟုတ် Google Drive သုံးပဲ။ ဒါမှမဟုတ် ကြိုးနဲ့ချိတ်ပြီး ကူးပဲ။

အခုတော့ ဒီကောင်လေးနဲ့ အဆင်ပြေသွားပြီ။ android phone ကနေ macbook ကို nearby share နဲ့ ပို့လို့ ရသွားတော့ အလုပ်ရှုပ်သက်သာသွားပြီ။



Geek တွေကတော့ မူရင်းလင့်မှာပဲ ကြည့်လိုက်တော့။ 

https://github.com/grishka/NearDrop


install လုပ်ရတာလည်း မခက်ဘူး။ download လုပ်လို့ရတာလေးကို application folder ထဲ ဆွဲထည့်လိုက်။ Launchpad ကနေ ဖွင့်လို့ damaged ဖြစ်နေတယ်ပြနေရင် 

terminal ကနေ xattr -cr /Applications/Signal.app  လို့ ရိုက်လိုက်။


ပြီးရင် allow နှိပ်ပေး။ ပြီးရင် network နဲ့ noti ကိုလည်း access ပေးလိုက်။


တခုရှိတာက ဒီ app သုံးပြီး share တဲ့အခါ mac ရော android phone ရော wifi တခုတည်းမှာ ချိတ်ထားမှ ရမယ်။

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ