Skip to main content

Xiaomi Pad 7 1 week Review

 Xiaomi ထုံးစံအတိုင်း  Price to Performance ကောင်းတယ်ပေါ့။ 



ဒါပေမယ့် အဆင်မပြေတာလေးတွေက ရှိနေတယ်။ Tablet ကို သူ့ original Keyboard နဲ့ တွဲ ပြီး စာရိုက်တာမှာ မြန်မာစာ ရိုက်ရတာ အဆင်မပြေဘူး။ 3rd party keyboard software နဲ့မှပဲ ရတယ်။ ပြီးတော့ 3rd party keyboard ထည့်လိုက်တာနဲ့ browser search bar မှာ စာရိုက်ပြီး ရင် enter ကို နှိပ်လို့မရတော့ဘူး။ 

3rd party keyboard တွေ တောင်မှ Z keyboard နဲ့ပဲ အဆင်ပြေတယ်။ ကျန်တဲ့ ကီးဘုတ်တွေနဲ့ဆို language chage တဲ့ ctl+ space က အလုပ် မလုပ်ပြန်ဘူး။ ဟိုအရင်က NZ keyboard နဲ့ ရတယ်။ အခု မရတော့ဘူး။ NZ ရေးတဲ့ Dev အကိုက ခြေရာဖျောက်သွားတာက ကြာပြီ။ သူ့ဟာကိုပဲ ကိုဆန်းလင်းနိုင် က PlayStore ပေါ်တင်ပေးထားတာ။ ဆိုတော့ maintainance မရှိတော့တာ အတော်ကြာပြီ။

Default ပါတဲ့ ကီးဘုတ်က English လို့သာ ပြောတာ စာရိုက်ရင် တရုတ်စာတွေပဲ ထွက်လာတယ်။ အဲ့တော့ china rom နဲ့ ကောင် ကို ဝယ်မိရင် 3rd party keyboard က မထည့် မနေရ ထည့်ကို ထည့်မှ ရတော့တာပဲ။ 

အဲ့ 3rd party keyboard ထည့်လိုက်ရင် vol ခလုတ်တွေ က အလုပ် မလုပ်တော့ဘူး။ space bar နဲ့ youtube မှာ pause လုပ်လို့လည်း မရတော့ဘူး။ ဘယ်သူမှလည်း bug report မလုပ်ကြတော့ အခုထိ မပြင်ပေးသေးဘူး။

နောက်ပြီး Physical keyboard မှာ မြန်မာစာကနေ English ကို ပြောင်းတဲ့ ခလုတ်က အခုထိ အဆင်မပြေသေးဘူး။ ဘယ်ကတည်းက မပြေတာလဲဆို Mi Pad 5 စထွက်ကတည်း က မပြေတာ။ ပြောင်းလို့ ရလိုက် မရလိုက် ဖြစ်နေတာ။ တချို့ app တွေမှာ keyboard language ပြောင်းလို့ ရတယ်။ တချို့ app တွေမှာ ပြောင်းလို့ မရဘူး။ အဲ့ အတွက် quick fix ကတော့ ပြောင်းမယ်ဆို အပေါ်က noti bar ကို ဆွဲချ ပြီးရင် ပြောင်း ၊ ပြီးရင် ကိုယ် သုံးနေတဲ့ app ထဲ ပြန်ဝင်။ အဲ့တာက မြန်မာစာ ကြောင့် ဖြစ်တယ်ထင်နေတာ၊ ဘယ်ဟုတ်မလဲ တကမ္ဘာလုံး ဖြစ်နေတာ။ language 2 မျိုး စာရိုက်တဲ့ သူတွေ အကုန် အဲ့လို ဖြစ်ကြတာ။

Speaker ကလည်း နည်းနည်း ဆူတယ်။ အသံ ထွက်တာ သိပ်မကောင်းဘူးလို့ ခံစားရတယ်။ ဒါကလည်း ကိုယ်က speaker ကောင်းတာတွေချည်း နားထောင်နေလို့ လည်း ဖြစ်နိုင်တာပဲ။ iPhone 13 mini နဲ့ Google Pixel 7a ရဲ့ speaker နဲ့ ယှဉ်နားထောင်ရင် ကိုပဲ ဆူတဲ့ အသံကြီး ကြားရတယ် လို့ ခံစားနေရတာ။ 

မြန်မာနိုင်ငံက review သမားတွေ ဆို ဒီ error တွေ ရှိတယ်ဆိုတာ အသံတောင် မဟဘူး။ ဘယ် ဟ မလဲ ။ အဲ့လို ပြောရင် မရောင်းရ ဖြစ်ကုန်မှာပေါ့နော့်။ 

ဒါတွေက 1 week review ပါ။ Long term review တော့ ဘယ်လို လာမယ် မသိဘူးပေါ့။ 

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။