Camera Terminology

Camera နဲ့ ပတ်သတ်တဲ့ အခေါ်အဝေါ်တွေကို ဒီီပိုစ့်မှာ စုပြီး ရေးပါ့မယ်။ အလျဉ်းသင့်ရင် သင့်သလို ထပ်ဖြည့်သွားပါ့မယ်။
Sensor
Digital Camera ရဲ့ အသက်က ကင်မရာရဲ့ sensor size ပါ။ ကင်မရာရဲ့ lens ကိုဖြုတ်လိုက်ရင် ကင်မရာထဲမှာ တွေ့ရတဲ့ လေးထောင့်ကြီးက camera sensor ပါ။

အဲ့ဒီ sensor size ကို မူတည်ပြီး ကင်မရာတွေကို အမျိုးအစားခွဲကြတာပါ။ အဲ့အကြောင်းကို မပြောခင် အရင်ဆုံး ဖလင်ကို အရင်ပြောရပါလိမ့်မယ်။ အရင် ဖလင်ခေတ်က standard film က 35mm( ကန့််လန့်ဖြတ်တိုင်း)36 x 24mm ပါ။ Digital ခေတ်ကို ရောက်လာတဲ့ အခါ film နေရာမှာ sensor တွေဖြစ်သွားပါတယ်။
 Sensor size က မူလ 35mm film size အတိုင်း ရှိနေတယ်ဆိုရင် အဲ့ ကင်မရာကို Full Frame Camera လို့ သတ်မှတ်ပါတယ်။
အဲ့တော့ Full frame ထက် ၁ ဆခွဲ ငယ်တဲ့ sensor တွေကို crop frame လို့ ခေါ်ပြီး အဲ့ဒီ crop frame sensor ပါတဲ့ camera တွေကို Crop Frame Camera လို့ ခေါ်ပါတယ်။ Crop frame ကို APS-C လို့လည်း ခေါ်ပါသေးတယ်။ 35mm Full Frame နဲ့ Crop Frame ကြားထဲမှာ APS-H (သူ့ ဆိုဒ်ကတော့ 28.1 x 18.7mm )ဆိုပြီး အရင်က Canon က ထုတ်တဲ့ Sensor လည်း ရှိပါသေးတယ်။ အဲ့ဒါကိုကျတော့ Canon ရဲ့ 1D series model အဟောင်းတွေမှာ တွေ့ရပါလိမ့်မယ်။ Crop frame sensor တွေအကုန်လုံး ၁ ဆခွဲ ငယ်တာမဟုတ်ပါဘူး။ Camera model နဲ့ manufacturer ပေါ်မှုတည်ပြီး 1.5x , 1.6x, 1.7x ဆိုပြီး ကွဲပါသေးတယ်။ဘယ် မော်ဒယ်က ဘယ်လောက်ဆိုတာ wiki မှာ ကြည့်လို့ရပါတယ်။







Image credit to Wikipedia





ဒီပုံကတော့ lens တလုံးတည်းကိုပဲ သုံးပြီး ရိုက်မယ်ဆိုရင်တောင် camera sensor ပေါ်မူတည်ပြီး ဘယ်လောက်ဆိုဒ်ရမယ်ဆိုတာကို ပြထားတာပါ။ (Photo credit to newatlas.com)

What different-sized sensors – Full Frame, APS-C, MFT, 1-inch, 2/3-inch, 1/2.3-inch, 1/3.2-inch – would have captured if using the same lens to take this photo

ဒီလိုဗျာ။ ကျွန်တော် 22mm နဲ့ ရိုက်တယ်။ အဲ့တာက m 50 မှာ ရိုက်တာနော်။ အဲ့တော့ crop factor 1.6 နဲ့ မြှောက်တော့ 35 mm ရတယ်။ 
သဘောက full frame မှာ 35mm lens တပ်ရိုက်တဲ့အခါ ရတဲ့ပုံ နဲ့ ညီတယ် လို့ ပြောချင်တာပေါ့

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း