Skip to main content

Sunday Thoughts

ထုံးစံလိုဖြစ်နေတဲ့အတိုင်း ၂၀၂၀ နှစ်အစမှာ ရန်ကုန် ကို ပြန်ရောက်လာတယ်။ ရန်ကုန်ဟာ အရင်ကထက်ပိုပြီး ဖုန်ထူလာတယ်။ လေထုညစ်ညမ်းမှု့ပိုများလာတယ်။ ရောက်ကတည်းက ဘယ်သူ့မှ အသိမပေးပဲ တိတ်တိတ်လေးနေနေတာတောင် ဘာတွေအလုပ်ရှုပ်လို့ ရှုပ်မှန်းမသိ။(ဒီ post တောင် မနည်းရေးယူရတာ၊  Window ကနေ MacOS ကို ပြောင်းသုံးတာ အရင်သုံးနေကျ waitzar keyboard မရှိတော့ စာရိုက်ရတာ အတော်တိုင်ပတ်နေတယ်)
ကင်မရာလည်း မကိုင်တာ အတော်ကြာပြီမို့ ပြန်ကိုင်ကြည့်ဖို့ ကြိုးစားနေတယ်။ လူကလည်း ရန်ကုန် ပြန်ရောက်မှပဲ အိပ်ရေးမဝ အစား မမှန်နဲ့ အတော် တိုင်ပတ်သွားတယ်။
ဒီလိုနဲ့ပဲ Sunday မှာ ရန်ကုန်မြို့ထဲ လျှောက်သွားရင်း ဓါတ်ပုံရိုက်ဖြစ်တယ်ပေါ့။ ဒီအချိန်မှာတွေးမိလိုက်တာက lens အများကြီး မလိုဘူးဆိုတာပဲ။ ‌အခု ဘာကို သဘောကျနေလဲဆိုတော့ ef-m 22 mm လေးကို အတော်သဘောတွေ့နေတာ။ ဘာရိုက်ရိုက် သူလေးနဲ့ အတော်ကို အလုပ်ဖြစ်တယ်။

 Bokeh လေးလည်း အတော်လှတယ်။ သယ်ရပြုရလည်း အနေတော်လေးပဲ။ STM လည်းပါတော့  auto focus အတွက် သိပ်ပြီး စိတ်ပူစရာမလိုဘူး။ နောက်ခါတွေ ခရီးထွက်ရင် ဒါလေးပဲ ယူသွားတော့မယ်လို့ စိတ်ကူးထားတာပဲ။ အရင်တုန်းက auto focus မလိုပါဘူး ဆိုပြီး တွေးခဲ့ဖူးသေးတယ်။ တကယ် candid ရိုက်တဲ့ အခါကျ auto focus က အတော် အရေးကြီးတယ်။ အဲ့နေ့မှာပဲ 50mm နဲ့ရိုက်သေးတယ်။ ကိုယ်ကြိုက်တဲ့ ပုံလေးတွေက candid ဆိုတော့ ရိုက်လိုက်တာတော့ ရိုက်လိုက်တာပဲ။ အိမ်ရောက်တော့ ပြန်ကြည့်တော့မှ focus မပြတ်တာတွေ ဖြစ်နေတာ သိတယ်။ အဲ့တာကြောင့် ရိုက်ပြီးတိုင်း ပြန်ကြည့်ဖို့ အကျင့်လုပ်ရမယ် ဆိုပြီးတွေးမိတယ်။50mm က auto focus ပါတယ်ဆိုပေမယ့်လည်း adapter ခံပြီးသုံးရတော့ နည်းနည်း နှေးတယ်။ အဲ့ဒါကြောင့် တကယ်ရိုက်တော့ focus မပြတ်တာဖြစ်တော့တာပဲ။

Sunkiss

နောက်ပြီး 22mm ဆိုတော့ canon ရဲ့ crop factor 1.6 နဲ့ မြှောက်လိုက်ရင် 35mm ရသွားတာဆိုတော့ ပုံတွေက တော်တော် ကြည့်ရတာ ကောင်းတယ်။ Video ရိုက်တော့လည်း optical stabilisation မပါပေမယ့် EOS M50 ရဲ့ Stablizer နဲ့ တွဲ အလုပ်လုပ်တော့ တော်ယုံ movement အလှုပ်တွေဆို တော်တော် ငြိမ်ငြိမ်လေး ရိုက်လို့ရတယ်။ EF M mount lens တွေထဲမှာတော့ လောလောဆယ် ဆိုဒ်အသေးဆုံးနဲ့ သယ်ရပြုရ အသက်သာဆုံးပဲ။

ဓါတ်ပုံရိုက်တော့ ဆင်မလိုက်ဘက် ကို ရောက်ဖြစ်တယ်။ အရင်နေတုန်းကနဲ့ တခြားစီပဲ။ လူကူးတံတားဆိုလည်း အတော်ကြီး အဆင်ပြေအောင် လုပ်ပေးထားတယ်။ တက်တဲ့ဘက်မှာလည်း စက်လှေကားတပ်ပေးထားသေးတယ်။

IMG_0300

ဆူးလေကတော့ အရာရာ အရင်အတိုင်းပါပဲ။ ဒီလူတွေနဲ့ ဒီလှေနဲ့ ဆိုသလိုပဲ ကြေးစား နေ့စား ဆန္ဒပြတဲ့ သူတွေနဲ့တောင် တွေ့လိုက်ရသေးတယ်။

IMG_0197

P.S ဒီပိုစ့် မှာ ဓါတ်ပုံတွေ အကုန်လုံး ကျွန်တော်က ကလစ် နှိပ်ယုံပဲ။  Post တွေ Theme တွေ အကုန် model က အကုန် သူ့ဟာသူ စိတ်ကြ်ိုက် လုပ်သွားတာ။ ဒီတခါ ပုံတွေတင်တော့ ရေစာ ထိုး ရမလား မထိုးရပဲထားရမလား အတော် စဉ်းစားလိုက်ရသေးတယ်။ နောက်ဆုံးကျမှ ရေစာကြီးနဲ့ဆို ကြည့်ရတာ အတော် ဆိုးမှာပဲ ဆိုပြီး မထည့်ပဲ ထားလိုက်တော့တာ။

ခုက ဖလင်နဲ့ရိုက်တာတွေ အတော်သဘောကျနေတာ။ ဖလင်ဖိုးလည်း မရှိ၊ ရိုက်လည်း မရိုက်ရဲ လို့ ငြိမ်နေတာ။ ဖလင် ကာလာလေးတွေ က အတော် သဘောကျစရာကောင်းတာကိုး။ ခုတော့ Lightroom ကနေပဲ ဖလင်ကာလာလေးတွေ ရအောင် လုပ်ပြီး အာသာဖြေနေရတယ်။
Downtown vibe


In Frame - A Mee Oo







Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...