Skip to main content

Canon EOS M50 Review

 Review ဆိုတာထက် ကိုယ်တိုင်သုံးပြီး အတွေ့အကြုံကို ပြန် မျှဝေတာ လို့ ပြောရင် ပိုမှန်မယ်။ M50 က ကျွန်တော့်ရဲ့ တတိယမြောက် Digital camera ပါ။ ကျွန်တော် mirrorless ပဲ ကိုင်ခဲ့တာပါ။ ပထမဆုံးက Canon EOS M3 ပါ။ ဒုတိယက Fujiflim XT 20 ပါ။ T20 က တော့ ကျွန်တော်ဝယ်တာမဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်း ဗလကြီး ဟာပါ။ သူမရိုက်ဖြစ်လို့ ကျွန်တော်ယူထားပြီး ကျွန်တော်ပဲ ရိုက်နေဖြစ်သွားတာပါ။ M3 ကနေ M50 ပြောင်းဖို့ သိပ်မစဉ်းစားလိုက်ရပါဘူး။ M3 ကို တစ်နှစ်ကျော် ကိုင်ပြီးတဲ့ အခါ အားနည်းချက် ကို သွားတွေ့ပါတယ်။ EVF ( Electrical Viewfinder ) မပါတာပါ။ EVF က နေပူထဲ ရိုက်တဲ့ အခါ မရှိမဖြစ်ကို လိုပါတယ်။ နောက်တစ်ချက်က Digit 8 ဖြစ်သွားတာပါ။ ပြီးတော့ M50 ကို အကြိုက်ဆုံးက Touch foucs ပါပဲ။ View finder ကို မျက်နှာကပ်လိုက်တဲ့အခါ နောက်က LCD panel က trackpad လို ဖြစ်သွားပြီး foucs point ကို လိုက်ရွေ့လို့ရတာပါ။ M50 ရဲ့ မကောင်းတဲ့ အချက်တွေကတော့ dial က တစ်ခုတည်းပါတာပါ။ M3 မှာ dial က ၂ ခုပါပါတယ်။ ပြီးတော့ body က plastic ဖြစ်နေတာပါ။ M3 က metal body နဲ့ ပါ။ ကျန်တာတွေကတော့ ကျွန်တော့်အတွက် အကုန် အဆင်ပြေပါတယ်။ သေးသေးလေး ဖြစ်တာကတော့ ပြောစရာမလိုတာပေါ့။ ခုနောက်ပိုင်းKit lens မတပ်ပဲ ကျွန်တော် 22mm EF-M lens နဲ့ ပဲ ရိုက်ဖြစ်တာ များပါတယ်။ သယ်ရပြုရ အတော်လေး လွယ်သွားတာပေါ့။  Canon ရဲ့ M mount lens တွေက မြန်မာမှာ ဝယ်ရတာ တော်တော် ရှားပါတယ်။ လိုချင်တိုင်း ဝယ်လို့ မရတာများတယ်။ ကျွန်တော် 22mm လေးတောင် မန္တလေးမှာ မမျှော်လင့်ပဲ တွေ့လို့ ရှိစုမဲ့စုလေးတွေနဲ့ ဝယ်လာခဲ့ရတာ။ ခုတော့ third party lens တွေ ထွက်နေပါပြီ။ Sigma လေးတော့ သဘောကျနေတာ။ လိုက်ရှာပြီး ဝယ်မယ်လို့တော့ စိတ်ကူးထားတယ်။ ပြောနေရင်း (အဲလေ စာရိုက်နေရင်း) လမ်းကြောင်းလွဲကုန်ပြီ။ M50 ရဲ့ display က flip screen ပါ။ တစ်ချို့က flip screen ကို မကြိုက်ကြဘူး။ ကျွန်တော်ကတော့ ကြိုက်တယ်။ Low angle က ရိုက်ရင်၊ လက်ကို အပေါ်မြှောက်ပြီး လူအုပ်ထဲကနေ ရိုက်ရင် flip screen က တကယ်ကို အသုံးဝင်တယ်။
M series ဆိုတော့ lens mount ကလည်း EF-M mount နဲ့ပေါ့။ M mount နဲ့ lens တွေက တော့ အခုဆို နည်းတော့ နည်းသေးတယ်လို့ ပြောလို့ရတယ်။ Third party lens တွေလည်း ရှိတော့ ရှိနေပြီ။ နည်းသေးတယ်။ ဒါပေမယ့် EF-M to EF adapter က M series ထွက်ကတည်းက ထွက်လာတာဆိုတော့ adapter တပ်လိုက်ရင် EF lens တွေရော EF-S lens တွေရော တပ်ပြီး ရိုက်လို့ ရသွားတယ် ဆိုတော့ ဈေးသက်သာတဲ့ lens တွေ ရွေးစရာ အများကြီး ရှိသွားတယ်။ Adapter က auto focus လည်း ရတယ်။ 

Connectivity အနေနဲ့က bluetooth နဲ့ wifi အပြင် NFC ပါ ပါတယ်။ NFC ပါတာကတော့ Android Phone တွေအတွက် အဆင်ပြေတာပေါ့။ iPhone က NFC က Apple Pay တခုပဲ သုံးလို့ရတာလေ။ WiFi နဲ့ bluetooth ကတော့ ဖုန်းနဲ့ camera ကို remote control လုပ်လို့ရမယ်။ ရိုက်ပြီးသားပုံတွေကို ဖုန်းထဲ တိုက်ရိုက် transfer လုပ်လို့ရမယ်။ Auto Transfer လည်း ပါတော့ ရိုက်ပြီးတာနဲ့ ချက်ချင်း ဖုန်းထဲကို transfer ပါတော့ အတော်လေးကို အဆင်ပြေတယ်။ Cons ကတော့ အဲ့ function ဖွင့်ထားတဲ့အခါ battery ကုန်တာ မြန်တာပဲ။ ကျွန်တော်ရိုက်သလောက်တော့ battery အပို ၂ လုံးလောက် ဆောင်ထားရင် လောက်ပါတယ်။ Battery ဆိုလို့ ကျွန်တော် battery အပိုကို 3rd party က ထုတ်တဲ့ battery ပဲ ဝယ်ဖြစ်တယ်။ မူရင်းနဲ့ ဈေးက အတော်ကို ကွာတယ်။ Original Canon battery က ၇ သောင်း၊ 3rd party ဘက်ထရီက ၁ သောင်း ၄ ထောင်ပဲရှိတာ။ performance က သိပ်မကွာဘူး။ 
နောက်ထွက်တဲ့ firmware နဲ့ Canon tool for PC နဲ့ ဆို M50 ကို Live camera အနေနဲ့ပါ သုံးလို့ ရသွားပြီ။ Facebook တို့ YouTube တို့မှာ Live လွင့်လို့ ရသွားတာပေါ့။ အင်တာနက်လိုင်း မကောင်းတာနဲ့ အဲ့တာကို ကောင်းကောင်း မစမ်းရဘူး ဖြစ်နေတယ်။ 

(ဆက်ရေးပါဦးမယ်)

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...