ကျွန်တော် စာအုပ်ဆိုင် သွားလေ့ သိပ်မရှိပါဘူး။ သွားရင် ပိုက်ဆံ တအားကုန်လို့ မသွားတာပါ။ မြင်ရရင် မဝယ်ပဲ မနေနိုင်ပါဘူး။ ၂ အုပ် ၃ အုပ်လောက် ဝယ်ပြီးမှ နေလို့ ထိုင်လို့ ကောင်းသွားတာပါ။
အခုခေတ် စာအုပ်ဈေးက ကြောက်စရာပါ။ စာရေးဆရာတွေ အနေနဲ့လည်း စာအုပ် တစ်အုပ် ထွက်ဖို့ အတော်လေးကို လုံးပန်းရတာပါ။ အစစ အရာရာ ဈေးတက်၊ ကုန်ကြမ်းတွေ က ဈေးတက်နဲ့ မို့ စာအုပ်အသစ် တစ်အုပ်ထုတ်ဖို့ကို အတော်လေး ကြိုးစားယူရပါတယ်။
စဉ်းစားလို့ မရတာက ဒီလို Physical book တွေ ထက်စာရင် လူတိုင်းလက်ထဲမှာ digital device တွေ ရှိနေတဲ့ ခေတ်မှာ ဘာလို့ digital book တွေ ကို မထုတ်ကြသလဲဆိုတာပဲ။ Local မှာ ဝန်ဇင်းလို app ရှိနေပေမယ့် သုံးတဲ့သူ အရေအတွက်က နည်းနေသေးတာကိုလည်း တွေ့ရတယ်။ ဝန်ဇင်းသုံးတဲ့ သူကျ နည်းနေပေမယ့် youtube က audio book နားထောင်ပြီး စာအုပ်ဖတ်တဲ့ ပရိတ်သတ်က မနည်းပြန်ဘူး။ ဒေတာ အတိအကျ မရှိတော့ statistic ကို သေချာ မပြောနိုင်ဘူးပေါ့။ ဒါက ကျွန်တော့်ခန့်မှန်းချက် သက်သက်ပါ။

စာအုပ် အသစ်တွေက ထားပါတော့။ စာအုပ် အဟောင်းဈေးတွေကလည်း မိုးပျံထွက်နေတာပဲ။ ဒီစာအုပ် အဟောင်းတွေကရော အဲ့လောက်တန်ဖိုးရှိလို့လား။ ဘာနဲ့ ဈေးဖြတ်ရမလဲ ကျွန်တော်လည်း မသိဘူး။ တကယ်ရော ရှားပါးလာလို့လား။ စာအုပ် အသစ်ပြန်မထုတ်နိုင်တော့ဘူး ဆိုရင်တောင် digital နဲ့ ထုတ်ထားရင် ဒီလို ဈေးတက်စရာ အကြောင်းမရှိဘူး လို့ မြင်တာပဲ။
ဈေးတွေက ကြိုက်ရောင်း ကြိုက်ဝယ်ဈေးတွေနဲ့။ အသာလုပ်ကြပါဟ ဆိုပြီး ပြောရမယ့်ကိန်း။ အထဲက စာတွေက တန်ဖိုးရှိတာလား။ Physical book ကမှ တန်ဖိုးရှိတာလား။ ဘယ်ဟာကို တန်ကြေးသတ်မှတ်ကြမလဲ။
ဟိုးအရင်တုန်းက crack software တွေ ဝယ်သုံးကြရတယ်။ window ဆိုလည်း နည်းမျိုးစုံနဲ့ activate လုပ်ကြရတယ်။ ပွင့်လင်းမြင်သာတဲ့ခေတ်ရောက်လာတော့ မြန်မာပြည်ကထုတ်တဲ့ software တွေကို ဝယ်သုံးကြဖို့ လှုံ့ဆော်တဲ့ အထဲ ကိုယ်လည်း တက်တက်ကြွကြွပါဝင်ခဲ့တယ်။ ဒါမှ software development က ဆက်လုပ်လို့ရမှာကိုး။ ကိုယ်တိုင်လည်း ဝယ်သုံးလို့ ရတဲ့ software မှန်သမျှ ဝယ်သုံးခဲ့တယ်။ Font တွေလည်း အဲ့လိုပဲ။ ရောင်းတဲ့ font မြင်တာနဲ့ ဝယ်လိုက်တယ်။ ကိုယ် မသုံးဖြစ်ရင်တောင် အသုံးလိုမယ် ထင်တဲ့သူကို ဝယ်ပြီး လက်ဆောင်ပေးလိုက်တာပဲ။ စာအုပ်တွေလည်း အဲ့လိုပါပဲ။ တွေ့သမျှ ဝယ်နေတုန်း။ လက်ဆောင်ပေးဖြစ်နေတုန်းပဲ။ စင်ကာပူ ကို အလုပ်ကိစ္စနဲ့ သွားဖြစ်လို့ ရှိရင်တောင် စာအုပ်တွေ တကူးတက သယ်သွားပြီး စလုံးက မိတ်ဆွေတွေကို လက်ဆောင်တွေ ပေးဖြစ်တယ်။
ထားပါတော့။ အခု က စာအုပ်ဈေးတွေ ကြီးလာတာရယ်။ မကြီးသင့်တဲ့ စာအုပ်တွေက ဈေးကြီးနေတာရယ် ကို မြင်မိလို့ ဝေဘင်မိသွားတာပါ။ ထုံးစံအတိုင်း အရည်မရ အဖတ်မရ စာတွေ ရေးမိတဲ့ ကိစ္စပေါ့။

Comments
Post a Comment