Skip to main content

ချပ်... ဝှီး

 (ဘာမှမရေးခင် ခေါင်းစဉ်ကို အရင် ရှင်းရမယ်။ ဖုန်းဆားဗစ်ဆရာတွေက ဒေါက်ဝှီး Tool ဆိုပြီး software ထုတ်တော့ အဲ့နာမည်လေး သဘောကျလို့  ချပ်... ဝှီး လို့ ခေါင်းစဉ်ပေးမိတာပါ။ ဒေါက်ဝှီး ရဲ့  ဆိုလိုရင်းက ဖုန်းကို ကွန်ပျူတာမှာ တပ်လိုက်တာနဲ့ ဝှီး ခနဲ  အဆင်ပြေသွားမယ် လို့ ပြောချင်တာ။ ဒီ ကင်မရာကလည်း ချပ် ခနဲ ရိုက်လိုက်တာနဲ့ ဝှီး ခနဲ ပုံတန်းထွက်လာလို့ ဒီခေါင်းစဉ် ပေးမိတာပါ။ ) 

တကယ်က instax camera လိုချင်နေတာကြာပြီ။ ဝယ်မယ် ဝယ်မယ်နဲ့ မဝယ်ဖြစ်ဘူး ဖြစ်နေတာ။ အဲ့ဒါ မွေးနေ့လည်း ရောက်ရော သူငယ်ချင်းက "မွေးနေ့လက်ဆောင် ဘာလိုချင်လဲ" မေးတာနဲ့ အဲ့ဒါလေး လိုချင်တယ်ပြောလိုက်တာ။ သူလက်ဆောင်ပေးမှပဲ လက်ထဲရောက်တော့တယ်။ ကင်မရာမှာ mini 7 S ထက် ဘာတွေပိုကောင်းလဲဆိုရင် selfie ရိုက်ဖို့ lens နားမှာ mirror သေးသေးလေး ပါလာတာ နဲ့ macro ရိုက်ဖို့ attach lens လေး ပါလာတာပဲ။ battery က တခါထည့်ပြီးရင် ဖလင် ၁၀ လိပ်ထိ ရိုက်လို့ရတယ် ဆိုပါတယ်။ ဖလင်ကတော့ ရန်ကုန်က FujiFilm offical stores တွေမှာ တဘူးကို ၁၂၀၀၀ ကျပ် ၊ တခြား monochrome နဲ့ ဘောင်လှလှ ဖလင်ဆို တဘူးကို ၁၅၀၀၀ ကျပ် နဲ့ ဝယ်လို့ရတယ်။ ကျွန်တော် လိုက်ရှာရင်း ၃၄ လမ်းက Royal camera ဆိုင်မှာ ၂ ဘူးပါ တွဲရက် ကို ၁၈၀၀၀ ကျပ် နဲ့ရတယ်ဆိုတော့ တဘူးကို ၉၀၀၀ နဲ့ရတယ်ပေါ့။ Offical store ကဈေးနဲ့ဆို ၃၀၀၀ ကွာတယ်။
ကင်မရာမှာ auto mode ပါပေမယ့် သူ့ကို အားကိုးပြီး ရိုက်လို့ရှိရင် ၈၀% လောက်တော့ အဆင်ပြေပါတယ်။ တခါတလေ auto ကလည်း မမှန်ပါဘူး။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။