Fujiflim နဲ့ ကျွန်တော်

ကျွန်တော် ကင်မရာ စပြီး ရိုက်တတ်တဲ့ အချိန်မှာ ကျွန်တော့်ရဲ့ သူငယ်ချင်း ကိုဗလ တစ်ယောက်လည်း ကင်မရာရောဂါဝင်ပြီး Fujiflim XT-20 လေး ဝယ်လာပါတယ်။ အဲ့တော့ ကျွန်တော်လည်း သူ့ဆီက ဖူဂျီလေး ငှားပြီး ဓါတ်ဖမ်း ရင်း ဒီစာတွေကို ရေးမိတာပါ။
ပထမဆုံး ကြိုက်မိတာက retro ဖြစ်နေတဲ့ camera design ပါ။ အန်းတိတ် ဖြစ်နေတဲ့ဖလင်ကင်မရာတွေ ရဲ့ ဒီဇိုင်းအတိုင်း လုပ်ထားလို့ကင်မရာလေးလွယ်ထားရရင်ကိုပဲ  လှပါတယ်။ အဲ့ဒါကြောင့် မိန်းကလေးတွေ က Fuji ပဲ ဝယ်ကိုင်ကြတာထင်တယ်။

ကင်မရာကို စ သုံးတော့ တိုင်ပါတ်ပါတယ်။ ခလုပ်အနေအထားတွေက Canon, Nikon နဲ့ မတူပါဘူး။ အဲ့ဒါနဲ့ Manual စာအုပ်တောင်းဖတ်ပြီးတော့ မှ ရိုက်လို့ ရသွားပါတယ်။ Aperture က Lens မှာ Ring နဲ့ adjust လုပ်ရတာပါ။ အစကတော့ ကျင့်သား မရသေး လို့ တိုင်ပါတ်ပေမယ့် နောက်တော့ တော်တော်လေး အဆင်ပြေသွားပါတယ်။
Mirrorless ဆိုတော့ View Finder က EVF( Electronic View Finder) ပါပါတယ်။ EVF ဆိုတာက ပုံမှန် ကင်မရာတွေမှာလို ချောင်းကြည့်ပေါက်မှာ မှန် မဟုတ်ပဲ LED screen သေးသေးလေး တပ်ပေးထားတာပါ။ ကျွန်တော်ကတော့ ကင်မရာ စကိုင်ကတည်းက mirrorless နဲ့ စရိုက်လို့လားမသိ။ Mirrorless ရဲ့ viewfinder ကို သဘောကျပါတယ်။ ကိုယ် setting ချထားတဲ့ result ကို တန်းပြီး ကြည့်လို့ရတာ mirrorless တွေရဲ့ အားသာချက်တစ်ခုပါပဲ။ (အားနည်းချက်ကတော့ Exposure မတွက်တတ်တော့တာပဲ။ ကိုင်ပြီးလို့ တစ်နှစ်ကြာတဲ့အခါမှ သိရတဲ့ ခံစားချက်ပါ။)
ပါတဲ့ LCD screen ကလည်း Tilt လုပ်လို့ရတော့ low angle ရိုက်တဲ့အခါ အဆင်ပြေတာပေါ့။ Touch screen ဖြစ်တဲ့အတွက်Touch focus လည်း ရပါတယ်။ ခု Firmware version အသစ်ထွက်လို့ တင်လိုက်တဲ့အခါမှာတော့ view finder ကနေကြည့်နေရင်း LCD မှာ focus point ကို နေရာရွှေ့လို့ရသွားပါတယ်။

Camera body က ခလုပ်တွေက ကိုယ့်စိတ်ကြိုက် function ကို  assign လုပ်ပေးလို့ရပါတယ်။ တခြား ကင်မရာတွေလို ခလုပ်အသေမဟုတ်ပါဘူး။

Fujiflim ရဲ့ အားသာချက်တစ်ခုကတော့  Fuji ရဲ့ Flim simulation တွေပါပဲ။ အရင်ခေတ်က film တွေရဲ့ color တွေကို ဒီဘက်ခေတ် digital မှာ ထည့်လို့လွယ်သွားတော့ ရိုက်လိုက်တာနဲ့ fuji color တွေတန်းရသွားတာ တော်တော်မိုက်တယ်။









ဒီစာကို ဆက်ရေးပါ့မယ်။ ( ကြုံတဲ့အခါ)

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

MacOS Myanmar Unicode Keyboard

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ