မိတ်ဆွေ အပေါင်းအသင်းတွေ window တင်ခိုင်းရင် တစ်သောင်းခွဲတန် လိုင်စင် ဝယ်ပြီး ထည့်ပေးလိုက်တာပဲ။ အဲ့တာ အကောင်းဆုံးနဲ့ အဆင်အပြေဆုံးပဲလေ။ လက်ဖက်ရည်တစ်ခွက်တောင် ၃ ထောင် ဖြစ်နေတဲ့ဟာကို။
တလောက macOS မှာ virtual box နဲ့ window သုံးဖို့ လိုလာလို့မရ VB ကို install လုပ်၊ window ISO နဲ့ install လုပ်ဖို့ လုပ်တော့ မရဘူး။ error ပြပါလေရော။ ရှာလိုက်ဖွေလိုက်တော့မှ နည်းနည်း နားလည်သွားတယ်။ Apple silicone တွေဖြစ်တဲ့ M series တွေကျ ရိုးရိုး x 64 window တွေနဲ့ မရတော့ဘူး။ Window ARM နဲ့ပဲ ရတော့တယ်။ အဲ့ကျမှ window ARM ISO ကို ရှာထည့်လိုက်တော့မှ ရသွားတော့တာပဲ။
Window ရပြီး တော့ မပြီးသေးဘူး။ Activate လုပ်ခိုင်း ဝယ်ခိုင်းတော့တာပဲ။ စောန လို လိုင်စင်နဲ့ ကျ အဆင်မပြေဘူးလေ။ ခုကျ စမ်းစရာရှိလို့ ခဏ သုံးတာဆိုတော့ ထုံးစံအတိုင်း activator လိုက်ရှာရတော့တာပေါ့။ အဲ့တာနဲ့ ကိုကျော်စွာသွင် က ဒါလေး သုံး ဆိုပြီး ပြောတာနဲ့ သုံးကြည့်ပြီး အဆင်ပြေတာနဲ့ ပြန်ပြီး share လိုက်တာ။
Power Shell ကို run as admin နဲ့ run ပြီး ဒါလေး ရိုက်ထည့်လိုက်။ ပြီးရင် follow the on screen instructions ပေါ့။
iex (curl.exe -s --doh-url https://1.1.1.1/dns-query https://get(.)activated(.)win | Out-String)
(.) မှာ ကွင်းစ ကွင်းပိတ်တွေကို ဖျက်လိုက်ဦးနော်။
Comments
Post a Comment