Skip to main content

DJI OSMO Pocket

 Video ရိုက်မယ်ဆို စိတ်ကူးမိတော့ ရှိပြီးသား Canon EOS M50 အတွက် Gimble ဝယ်မလား Pocket ပဲ ဝယ်မလား ရွေးရမယ်ဆိုတော့ သေးသေးကွေးကွေးလေးတွေ ကို ကြိုက်တဲ့ ကိုယ့် ဝသီ အတိုင်း Pocket ပဲ ရွေးလိုက်တယ်။ Pocket က တော်တော် အဆင်ပြေတယ်။ Vlog သမားတွေ အတွက် တကယ်ကို မရှိမဖြစ်ပဲ။ Travel သမားတွေ Travel Vlog သမားတွေ အတွက် တကယ်ကို RECOMMEND ပေးတယ်။ ကင်မရာ ကြီးလို ထုတ်လိုက် ထည့်လိုက်နဲ့ လုပ်စရာမလိုဘူး။ ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားလို့ ရတယ်။ လိုအပ်တဲ့ အချိန် ထုတ်ရိုက်လိုက်ယုံပဲ။ ပြီးတော့ ကျွန်တော် စက်ဘီး စီးရင်း ရိုက်ဖို့ ဆိုပြီး ၅၀၀၀ တန် mount လေး ဝယ်ပြီး စက်ဘီးမှာ တပ်ပြီး ရိုက်တော့လည်း တော်တော် မိုက်တယ်။ ကျွန်တော် photo shoot တွေ မှာ BTS တွေ ရိုက်ဖို့ဆိုလည်း ကွက်တိပဲ။ ပြီးတော့ Pocket ကို ကြိုက်တဲ့ အချက်က ဖုန်းနဲ့ ( Type-C & Lighting Port ) တန်းချိတ်ပြီး ရိုက်ထားတာတွေ ကူးထည့်၊ သူ့ DJI app နဲ့ပဲ edit လုပ်လိုက်တာနဲ့ တော်တော်လေးကောင်းတဲ့ short clips တွေ ထွက်လာတာပဲ။ ( ကျွန်တော်တော့ အဲ့ Type-C adapter လေးက ခဏတိုင်းပျောက်တယ်။ ပျောက်တိုင်းပြန်ဝယ်ရတာနဲ့ တင် တော်တော် ထိနေပြီ ) USB Connection မသုံးချင်လို့ရှိရင် wireless adapter ကို သပ်သပ် ထပ်ဝယ်လို့ ရတယ်။ အဲ့ကောင်နဲ့ ဆို ဖုန်းကနေ remote လုပ်ပြီး ရိုက်လို့ ပါရသွားတယ်။ 



This blog post is still in progress.

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...