Skip to main content

AMP

 ဒီတခါ ဆေးထိုးသွားတာက ကိုအေးမင်းလတ်ပဲ။ ကိုယ့်ဟာကိုယ် DAP လေးကို IEM လေးနဲ့ တွဲပြီး နားထောင်နေတာ အကောင်း။ သူနဲ့ လက်ဖက်ရည်ဆိုင်ထိုင်မိမှာ Amplifier ပါတာ ပိုကောင်းတယ်။ Fiio က ထုတ်တဲ့ Amp ရှိတယ်။ ဈေးလည်း မကြီးဘူး။ ဝယ်ပြီး စမ်းကြည့် လိုက်တဲ့။ ဝယ်ပြီးရင်လည်း ပြော သူ လာငှားမလို့တဲ့။ သူဆေးထိုးတာနဲ့ မြို့ထဲ ရောက်တော့ မနေနိုင် မထိုင်နိုင် ဝယ်မိပါလေရော။ 


 DAP နဲ့ သီချင်းနားထောင်တာကိုပဲ Amp ပါတာနဲ့ မပါတာ အတော်ကို ကွာတယ်။ နဂိုကတည်းက sound stage ကျယ်ပါတယ် ဆိုတဲ့ နားကြပ်နဲ့ ကိုပဲ Amp ပါသွားတာနဲ့ ထပ်ပြီး stage ပိုကျယ်သွားတယ်။ Bass သံလည်း ပိုပြီး ကျစ်သွားတယ်။ Amp မပါရင် bass က ဖွယ်တယ်တယ် ကြီးလို့ ကို ခံစားလာရတော့တာပဲ။ သီချင်းဆိုတဲ့ အဆိုတော်ရဲ့ အသံကလည်း ပိုပြီး clear ဖြစ်သွားတယ် ကျွံထွက်လာတာတွေလည်း သိပ်မရှိတော့ဘူး။ သေးသေးလေးတွေ ကြိုက်တဲ့ ကျွန်တော့် Amp ကလည်း Amp လို့ မထင်ရအောင်ကိုပဲ သေးတယ်။




ခုနားထောင်ဖြစ်နေတာက ၂၀၀၀ ပြည့်နှစ်က ထွက်ခဲ့တဲ့ ACID ရဲ့ စတင်ခြင်း အခွေ။ အဲ့ အခွေကို အခု သေချာပြန်နားထောင်မှ သေချာကို တီးထား ဆိုထားတာကို သိတာပဲ။ ခုနောက်ပိုင်း နည်းပညာတွေ ဒီလောက် တိုးတက်နေတာတောင်မှ အတော် ဆိုးဆိုး Hip-Hop သီချင်းတွေကို မြင်နေရတယ်။ အနုပညာ ကြိုးစားအားထုတ်မှု့နည်းလာတယ် ထင်တာပဲ။ စတင်ခြင်း အခွေမှာ instrumental တီးထားတာက အတော်ကို မိုက်တယ်။ တီးထားတာ Track တွေ မနည်းဘူး။ Track တစ်ခုချင်းဆီကိုလည်း သေချာလုပ်ထားတယ်။ Surround ဆို ဝေးရော Left Right ပဲ ရှိတဲ့ Studio ခေတ်မှာတောင် Mixing Mastering ကို ရှယ်လုပ်ထားတယ်။ ဘဝ သီချင်းထဲက ဘဘစိုင်း ဆိုတဲ့ အပိုဒ်မှာတင် ဘဘစိုင်း အသံက အလယ်မှာ ဘယ်ဘက်က နောက်တစ်ယောက်ရဲ့ အသံ၊ ဘယ်ဘက်မှာ နောက်တစ်ယောက် အသံ၊ လူ ၃ ယောက် အသံ နဲ့ လုံးဝ မိုက်တယ်။ 

Comments

  1. Best online slots games at Jumba Casino
    Read reviews, compare 익산 출장마사지 customer ratings, 상주 출장안마 see screenshots and learn more about Jumba Casino. 창원 출장마사지 Download Jumba Casino casino app 속초 출장마사지 & play 논산 출장안마 slots games for

    ReplyDelete

Post a Comment

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...