Skip to main content

မတူညီသော SSD မျိုးကွဲများအား ခွဲခြားကြည့်ခြင်း

Solid State Drive လို့ခေါ်တဲ့ SSD တွေက ကျနော်တို့နေ့စဉ်ထိတွေ့နေကျ ဟာ့ဒစ် (HDD) တွေထက်အဆများစွာပိုကာင်း ပိုမြန်တာတော့ဟုတ်တယ်။ အဲလိုမြန်တာကိုမှ SSD တွေဟာ သူတို့ရဲ့ အမျိုးအစား မူကွဲအလိုက် အနိမ့်အမြင့်ရှိကြပြန်ပါသေးတယ်။

SSD ကို SATA, M2, PCIE (add-in card) ဆိုပီး သုံးမျိုးခွဲထားပါတယ်။



SATA SSD 

SATA SSD က 2.5လက်မမို့ ပုံမှန်မြင်တွေ့နေကျ laptop ဟာ့ဒစ်တွေနဲ့ အရွယ်အစားတူညီပီး မြန်နှုန်းအနေနဲ့ 600MB/s အထိရှိပါတယ်။ SSD တွေထဲမှာ SATA က စျေးနှုန်းအားဖြင့်အနည်းဆုံးဖြစ်တာမို့ SSD စတင်အသုံးပြုတဲ့သူတွေအနေနဲ့ အများဆုံးရွေးချယ်လေ့ရှိတဲ့ အမျိုးအစားလည်းဖြစ်တယ်။

M2 SSD

M2 က ရုတ်တရက်ကြည့်ရင် ကွန်ပျူတာ RAM နဲ့ ဆင်သယောင်ရှိပြီး သူ့ကို မားသားဘုတ်ရဲ့ M2 slot မှာ စိုက်ကာအသုံးပြုရပါတယ်။ (M2 slot ဟာ မားသားဘုတ်တိုင်းမှာမပါဝင်ပဲ Intel 6th gen Skylake မှသာစတင်ပါဝင်လာပါတယ်)  M2 ကို transfer protocol အနေနဲ့ M2 SATA SSD နဲ့ M2 NVMe SSD ဆိုပီး နှစ်မျိုးထပ်မံခွဲခြားထားပါသေးတယ်၊ 

M2 SATA နဲ့ M2 NVMe ဘယ်လိုတွေကွာလည်း

တပ်ဆင်ပုံ တပ်ဆင်နည်းကတော့အတူတူပါပဲ. . M2 slot လေးမှာ စိုက်လိုက်ရုံပဲ. . ဘာလို့လည်းဆိုတော့ ပုံစံကအတူတူပဲလေ။အဲ . . မတူတာက မြန်နှုန်းပါ။

M2 SATA က SATA ဆိုတဲ့အတိုင်း အမြင့်ဆုံး 600MB/s ရှိပါတယ်၊ M2 NVMe ကတော့ ထုတ်လုပ်သူအလိုက် 2100MB/s ကနေ 3500MB/s အထိရှိတတ်ပါတယ်။ အနည်းဆုံး သုံးဆလောက်တောင်ကွာတာနော်။

စျေးနှုန်းကိုကြည့်မယ်ဆိုရင်လည်း M2 ခြင်းအတူတူ NVMe က SATA ထက်ပိုများသွားပါတယ်။

PCIE SSD ကတော့ အကောင်းဆုံးနဲ့စျေးအကြီးဆုံးပါပဲ၊ 

ဂရပ်ဖစ်ကတ်အသေးစားလေးနဲ့ဆင်တူပီး မားသားဘုတ်ရဲ့ PCI-E slot မှာ တပ်ဆင်အသုံးပြုရပါတယ်။

စျေးက 2.5" SATA, M2 တွေနဲ့ယှဉ်ရင် တော်တော်ကြီးကိုကွာဟတဲ့အတွက် အတော်အသင့်အသုံးပြုလေ့မရှိကြပါဘူး။

သင်ဟာ အစဉ်အဆက် HDD ကိုသာအသုံးပြုရာကနေ အပြောင်းအလဲဖြစ်အောင် SSD နဲ့ တွဲသုံးကြည့်ချင်တယ်ဆိုရင်တော့ 2.5" SATA SSD တွေကို ပထမဆုံး စဉ်းစားရမှာပါ၊ စျေးလည်းအသက်သာဆုံးဖြစ်သလို မားသားဘုတ်တိုင်းနဲ့လည်းအသုံးပြုလို့ရတဲ့အတွက် သူ့ကိုသာရွေးဖို့တိုက်တွန်းပါတယ်။ 

SSD ထဲမှာတော့ အနိမ့်ဆုံးဆိုပီး လျှော့တော့မတွက်ပါနဲ့၊ သင့်ရဲ့ ဟာ့ဒစ်ထက် လေးငါးဆလောက်မြန်ပါတယ်။ 

M2 ကိုတော့ မိမိရဲ့ မားသားဘုတ်မှာ M2 slot လည်းပါမယ်၊ NVMe လည်း အထောက်အပံ့ပေးတယ်ဆိုရင် တစ်ခါတည်း M2 NVMe ကိုသာသုံးပါလို့ပြောချင်ပါတယ်။ M2 SATA ကျ အပေါ်ကပြောခဲ့တဲ့ 2.5" SATA နဲ့ မြန်နှုန်းကမထူးခြားနားမို့ပါ။ 

ငွေဆိုတာက ကိုယ့်အတွက်အတားအဆီးမဟုတ်ဘူး၊ မျက်စိထဲမှာလည်း ဂရပ်ဖစ်ကတ်နဲ့အပြိုင် လှတပတလေးမြင်ချင်သပဆိုရင်တော့ PCIE SSD ကိုသာရွေးလိုက်ပါ။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။