Skip to main content

WD HDD အမျိုးအစားများ

 

Green HDD (အစိမ်းရောင် )က ဆူညံသံနည်းတယ်။ ဈေးလည်း သက်သာတယ်။ အိမ်သုံးအတွက်အဆင်ပြေတယ်။ အပူထုတ်တာ နည်းတယ်။သူက Eco Friendly လိုပါတင်စားခံရပါတယ်။Energy အကုန်သက်သာလို့ပါ။IntelliPower နည်းပညာကို သုံးထားပြီး Storage အများကြီး ထောက်ပံ့နိုင်ပါတယ်။ သူကတော့ 5400-7200RPM ကြားရှိပါတယ်ဗျ။အသံတိတ်အောင်လုပ်ထားလို့ Performance အရမ်းအကောင်းကြီးတော့မဟုတ်ဘူး။ သက်တမ်းကလည်း ပျမ်းမျှလောက်တော့ ခံပါတယ်။ 


Red HDD (အနီရောင် )ကတော့ NAS လို့ခေါ်တဲ့ Network Attached storage တွေမှာသုံးတာများပါတယ်။NAS တွေက 24နာရီ 7ရက်လုံး အမြဲ Run ရတာဖြစ်လို့ပါ။ Residential နဲ့ လုပ်ငန်းအလတ် လောက်တွေမှာသုံးကြပါတယ်။သူက Green HDD အတိုင်းပဲ အသံတိုးတယ်၊ ပါဝါစားသက်သာတယ်။ ဆက်တိုက် မနားမနေ အလုပ်လုပ်ဖို့ နေရာတွေမှာ သုံးတယ်။


Black HDD (အမဲရောင် )ကတော့။ Performance လည်းကောင်းတယ်။ cache မှာလည်းအပေါ်ကနှစ်ခုထက်များပါတယ်။သူကတော့ အမြင့်ထဲမှာပါလို့ Video editing ၊ 3D ဆွဲတာ ၊ Gaming တို့ Server တို့လိုPerformanace ကောင်းကောင်းလိုတဲ့ နေရာတွေ မှာသုံးတယ်။

Blue HDD (အပြာရောင် )က လည်း အိမ်သုံးအတွက်ပါဘဲ။သူက ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့်ပါတယ်။7200Rpm အထိရှိပါတယ်။ သူကတော့ စွမ်းဆောင်ရည်ကောင်းအောင်လုပ်ထားတာမို့  အသံကတော့ Green HDD ထက်ပိုကျယ်တယ်။ Black HDD လောက်တော့ performance မကောင်းပါဘူး။ 

Purple HDD (ခရမ်းရောင် )ကတော့ Surveillance တွေအတွက်သီးသန့်လို့ပါပြောလို့ရပါတယ်။ CCTV လိုမျိုး အမြဲ 24/7 run နေတာမျိုးမှာသုံးပါတယ်။ FIFO ဆိုတဲ့ First in first out system နဲ့လည်းအဆင်ပြေတယ်။

Gold HDD ( ရွှေရောင် ) ကတော့ အကောင်းဆုံး ၊ အမိုက်ဆုံး အကြမ်းဆုံးပဲ။ ဈေးကလည်း မနည်းဘူး။ သုံးထားတဲ့ နည်းပညာတွေကလည်း အမိုက်စားတွေပေါ့။StableTrac, Multi-axis shock sensor, နဲ့ Dynamic fly height technology တွေ သုံးပေးထားတယ်။ ဘာတွေလည်းတော့ ကျွန်တော်လည်း မသိဘူး။ 550TB အထိ ရှိတယ်။ Data center တွေ ဆာဗာတွေမှာ သုံးကြတယ်။

Comments

Popular posts from this blog

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

ios သမားတွေကတော့အရင်ဆုံး App Store ထဲဝင်ပြီး search ကနေ pyaung လို့ရိုက်ရှာပါ။ ပြီးရင် Download လုပ်ပါ။ ရှာ မတွေ့ရင် ဒီ link ကနေ download လုပ်လို့လည်း ရပါတယ်။ https://apps.apple.com/us/app/pyaung/id1039690192 home screen မှာ pyaung app ပေါ်လာရင် ဝင်လိုက်ပါ။Contact ဆိုတဲ့ tap ထဲဝင်ပါ။ zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါပြီ။ Android သမားတွေကတော့ ကိုနေရှိန်ဦး လုပ်ပေးထားတဲ့ app ကို အောက်က link ကနေ Download လုပ်ပြီး zawgyi to uni , uni to zawgyi ကို စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ https://play.google.com/store/apps/details?id=com.nso.unicc https://m.apkpure.com/unicontact-converter/com.nso.unicc နောက်တခုက Dev House က ထုတ်တဲ့ MM contact converter ပါ။ သူကတော့ Android သီးသန့်ပါပဲ။ Contacts တွေမှာ zawgyi နဲ့ unicode ရောနေရင်တောင် အဆင်ပြေပါတယ်။  ပြောင်းနေရင်း ဟန်းသွားတာမျိုးမဖြစ်ပါဘူး။ (Main thread မှာအလုပ်လုပ်မလုပ်ပဲ thread ခွဲပြီးပြောင်းလို့ပါ) https://play.google.com/store/apps/details?id=me.myatminsoe.mmcontactsconverter

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ

Oppo Ufont ကို အရင်ဆုံး Download လုပ်ပါ။ Click here to download 1. Download   2. Download   3. Download    Color OS 6 နှင့်အထက်ဖုန်းများတွင် 1. Setting / Languages and regions / Regions,တွင် Myanmar ပြောင်းပါ။ 2. Display & Brightness / Support Dai Characters, ကို ဖွင့်ပေးပါ။ Color OS 5.2 ဖုန်းများတွင် 1. Install Font App ကို install လုပ်ပါ။ 2.App ကို Change font ကိုနှိပ်ပြီး နှစ်သက်ရာ font ကို  apply လုပ်ပါ။ ____________________________________________