Skip to main content

WD HDD အမျိုးအစားများ

 

Green HDD (အစိမ်းရောင် )က ဆူညံသံနည်းတယ်။ ဈေးလည်း သက်သာတယ်။ အိမ်သုံးအတွက်အဆင်ပြေတယ်။ အပူထုတ်တာ နည်းတယ်။သူက Eco Friendly လိုပါတင်စားခံရပါတယ်။Energy အကုန်သက်သာလို့ပါ။IntelliPower နည်းပညာကို သုံးထားပြီး Storage အများကြီး ထောက်ပံ့နိုင်ပါတယ်။ သူကတော့ 5400-7200RPM ကြားရှိပါတယ်ဗျ။အသံတိတ်အောင်လုပ်ထားလို့ Performance အရမ်းအကောင်းကြီးတော့မဟုတ်ဘူး။ သက်တမ်းကလည်း ပျမ်းမျှလောက်တော့ ခံပါတယ်။ 


Red HDD (အနီရောင် )ကတော့ NAS လို့ခေါ်တဲ့ Network Attached storage တွေမှာသုံးတာများပါတယ်။NAS တွေက 24နာရီ 7ရက်လုံး အမြဲ Run ရတာဖြစ်လို့ပါ။ Residential နဲ့ လုပ်ငန်းအလတ် လောက်တွေမှာသုံးကြပါတယ်။သူက Green HDD အတိုင်းပဲ အသံတိုးတယ်၊ ပါဝါစားသက်သာတယ်။ ဆက်တိုက် မနားမနေ အလုပ်လုပ်ဖို့ နေရာတွေမှာ သုံးတယ်။


Black HDD (အမဲရောင် )ကတော့။ Performance လည်းကောင်းတယ်။ cache မှာလည်းအပေါ်ကနှစ်ခုထက်များပါတယ်။သူကတော့ အမြင့်ထဲမှာပါလို့ Video editing ၊ 3D ဆွဲတာ ၊ Gaming တို့ Server တို့လိုPerformanace ကောင်းကောင်းလိုတဲ့ နေရာတွေ မှာသုံးတယ်။

Blue HDD (အပြာရောင် )က လည်း အိမ်သုံးအတွက်ပါဘဲ။သူက ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့်ပါတယ်။7200Rpm အထိရှိပါတယ်။ သူကတော့ စွမ်းဆောင်ရည်ကောင်းအောင်လုပ်ထားတာမို့  အသံကတော့ Green HDD ထက်ပိုကျယ်တယ်။ Black HDD လောက်တော့ performance မကောင်းပါဘူး။ 

Purple HDD (ခရမ်းရောင် )ကတော့ Surveillance တွေအတွက်သီးသန့်လို့ပါပြောလို့ရပါတယ်။ CCTV လိုမျိုး အမြဲ 24/7 run နေတာမျိုးမှာသုံးပါတယ်။ FIFO ဆိုတဲ့ First in first out system နဲ့လည်းအဆင်ပြေတယ်။

Gold HDD ( ရွှေရောင် ) ကတော့ အကောင်းဆုံး ၊ အမိုက်ဆုံး အကြမ်းဆုံးပဲ။ ဈေးကလည်း မနည်းဘူး။ သုံးထားတဲ့ နည်းပညာတွေကလည်း အမိုက်စားတွေပေါ့။StableTrac, Multi-axis shock sensor, နဲ့ Dynamic fly height technology တွေ သုံးပေးထားတယ်။ ဘာတွေလည်းတော့ ကျွန်တော်လည်း မသိဘူး။ 550TB အထိ ရှိတယ်။ Data center တွေ ဆာဗာတွေမှာ သုံးကြတယ်။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။