Skip to main content

Power Bank နဲ့ WIFI Router အားသွင်းကြိုး ပြဿနာ

အခုတလော မီးတွေပြတ်လာတော့ Power Bank တွေနဲ့ တွဲသုံးတဲ့ 5to12v ကြိုးတွေနဲ့ Power Bank  တွေနဲ့ တွဲသုံးကြတယ်။ တစ်ချို့ကလည်း အဆင်ပြေတယ်၊ တစ်ချို့ကလည်း အဆင်မပြေဘူး။ အဲဒါထက် Power Bank ရောင်းတဲ့ တစ်ချို့ တွေက သူတို့ Power Bank  က WiFi အတွက်သုံးလို့ရတယ်။ ကျန်တဲ့ဟာတွေက သုံးမရဘူး။ သူတို့ဟာက 6v,9v,12v တွေထွက်လို့ 12v ကြိုးနဲ့သုံးရင်ရရတယ်။ ကဖန်တဲ့ဟာတွေက 5v ပဲထွက်လို့ ကြိုးနဲ့တွဲသုံးလို့မရဘူး ဆိုပြီး ပြော ရောင်းလာကြတာ တွေ့နေရတယ်။ ပထမ က တစ်ဦးပဲ၊ နောက်ကြတော့ အတော်များလာတယ်။ မသိလို့ပဲ ပြောရောင်းလာတာလား၊ သိသိရက်နဲ့ပဲ ဂျင်းထည့်သလားတော့မသိပါဘူးဗျာ။

  • မေး - Power Bank တိုင်း 12v ကြိုးနဲ့ သုံးလို့ရလား။
  • ဖြေ - ရပါတယ်။

                   မရပါဘူး။

  • မေး - ဟမ်ဘယ်လိုကြီးလဲ။
  • ဖြေ  - ရပါတယ် ဆိုတာ ခေတ်ပေါ် Power Bank တိုင်း 2.1A or 2A တစ်ပေါက်ပါကြတာများလို့ပါ။

        မရ ပါဘူးဆိုတာ က ဂျင်း Power Bankတွေက  battery ကနေအစ USB output အထိ အဆုံး အကုန်ဂျင်း မို့လို့ပါ။ 2A ပါတယ်ဆိုပေမယ့် 1.5A လောက်ပဲ အများဆုံးထွက် တာကို 2ပေါက် parallel ထုတ်ထားပြီး 2Ax1, 1Ax1 ဆိုပြီး ရေးထားလို့ပါ။

  • မေး - ဒါဆို ဟို ဆိုင်တွေက ပြောတဲ့ သူတို့ ပါဝါဘဏ်က 12v ထွက်လို့ 12v ကြိုးနဲ့ နိုင်တယ် ဆိုတာကရော
  • ဖြေ - အဲဒါက နားမလည်တာလား မရှင်းတာလား မသိပါဘူး။ နောက်ပိုင်း ဖုန်းတွေမှာ Quick Charge စနစ်ဆိုတာပါလာတယ်။ battery တွေ အားအရမ်းကုန်နေရင် CPU သိပြီး အားသွင်းတဲ့စနစ်ကို လှမ်းပြောပါတယ်၊ အားသွင်းတဲ့စနစ်က နေပြီးပုံမှန် 5v ကနေ 6v တိုးပေးပါတယ်၊ ထပ် လိုအပ်သေးရင် 9v, အဲဒီကမှ 12v အထိ တိုးပေးပါတယ်၊ အဲဒီမှာ သူ့ဟာသူ နေရင်ထိုင်းရင်း 6,9,12v မထွက်ပါဘူး၊ ဖုန်း နဲ့ အားသွင်းပေးတဲ့ စနစ် အချင်းချင်း ချိတ်ဆက်ပြီးမှ လိုအပ်သလို volt ထုတ်ပေးတာပါ၊ အဲဒါကြောင့်မို့ ဖုန်းရော၊ အားသွင်းစနစ်ရော QC စနစ်ပါရင်တောင် ကြိုးက data အပြန်အလှန် သယ်ဆောင်နိုင်တဲ့ စနစ်မပါရင် (တစ်ချို့ကြိုးတွေမှာ data ကြိုးမပါဘူး ပါဝါ ကြိုးပဲပါတယ်) 12v,9v,6v မထုတ်ပေးပါဘူး၊ 

မေး - အဲဒါဆို သူတို့ပြောသလို မရဘူးပေါ့။

ဖြေ - အဲလိုလည်းမဟုတ်ပြန်ဘူး၊

မေး - ဟမ် မင်းဟာက ဘာတုံးကွ။

ဖြေ - ဒီလိုလေ၊ သူတို့ပြောသလို 12v ပါလို့ နိုင်တာမျိုး မဟုတ်ပါဘူးဗျ၊ အဲဒီ PD တို့ QC တို့ပါမှတော့ 5v 2.1A or 2.4A ကပါပြီး သားမို့လို့ရတာပါ။

အချုပ်ပြောရရင် PowerBank ကို နံမည်ရှိတဲ့အစစ်ဝယ်ပါ၊ mi, remax, kongfulon(စာလုံးပေါင်း မှားချင်မှာနိုင်ပါတယ်) etc ပေါ့ဗျာ၊ mi ထဲကတော့ အတော်များများ က အားသွင်းနေရင်း ပါဝါဘဏ် ကနေ အားပြန်ထုတ်သုံးလို့ရတယ်၊ တစ်ချို့ ဆိုရင် QC ပါ in ရော out ရောပါတယ်၊ အတော်များများကတော့ အားသွင်းနေရင် ပြန်ထုတ်သုံးမရဘူး၊ USB to 12v ကြိုးက 1A ထွက်တာမျိုးပဲ ဝယ်သုံးပါ။

အရေးအကြီးဆုံးက ကိုယ့် WiFi router စက်ကို ဖင်လှန် ကြည့်ပါ၊ 12v, 1A ဟုတ်မဟုတ်ကို၊ 12V 1A မှသာ Power Bank နဲ့ 5to12v ကြိုးကိုသုံးပါလို့  ပြောချင်ပါတယ်။


ကိုစိုင်းခမ်းခေါင် Facebook မှာ ရေးတင်ထားတာတွေ့လို့ ကူးလာတာ။ ကျွန်တော် ရေးတာမဟုတ်ဘူး။

Comments

Popular posts from this blog

မြန်မာအဘိဓာန်အက္ခရာစဉ်နည်း

မြန်မာအက္ခရာစဉ်ရာတွင် ၁။ ဗျည်းအက္ခရာစဉ် ၂။ ဗျည်းတွဲ ၃။ သရကာရန် ၄။ အသတ်ကာရန် ဟူ၍ ၄ ဆင့်ရှိပါသည်။ ၁။ ဗျည်းအက္ခရာစဉ် ****************** ဗျည်းအက္ခရာ စဉ်ရာတွင် က မှ အ အထိ အစဉ်လိုက်သာဖြစ်သည်။ မှတ်သားရန်မှာ ဉကလေးကို ညကြီးရှေ့တွင် စဉ်ရသည်။  ဥပမာ >>>ဗျည်းစဉ်များကို သိရန် အောက်ပါစာများကို အက္ခရာစဉ်ကြည့်ပါ။ အိတ်ကပ်၊ ခါသာ၊ မာလာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ ကတိ။ ကတိ၊ ခါသာ၊ ငါးသိုင်း၊ ဉာဏ၊ ညအခါ၊ မာလာ၊ အိတ်ကပ်။ ဟု အဖြေရပါသည်<<< ၂။ ဗျည်းတွဲ ********** ပင့်၊ရစ်၊ဆွဲ၊ထိုး သည် ယ၊ရ၊ဝ၊ဟ ၏ စာလုံးဆင့်ပုံစံ ဖြစ်ပါသည်။ ထို့ကြောင့် ယ၊ရ၊ဝ၊ဟ အစဉ်လိုက်အတိုင်းစဉ်ရသည်။ ကျ၊ကြ၊ကှ၊ကွ။ ကျွ၊ ကြွ။ ကျှ၊ကြှ၊ကွှ။ ကျွှ၊ကြွှ။ (ကဗျည်းနှင့် ပေါင်းပြထားပါသည်) ရှင်းအောင်ပြရပါက ကျ=က ယ။ ကြ=က ရ။ ကှ=က ဟ။ ကွ=က ဝ ကျွ=က ယ ဝ။ ကြွ=က ရ ဝ ကျှ=က ယ ဟ။ ကြှ=က ရ ဟ။ ကွှ=က ဝ ဟ ကျွှ=က ယ ဝ ဟ။ ကြွှ=က ရ ဝ ဟ ဖြစ်ပါသည်။ ဥပမာ >>>မျောက်ကြီး၊ မွဲတေ၊ မျှတ၊ မြို့မ၊ မှတ်ခြင်၊ မြွေပါ၊ မွှေးပျံ့။ မျောက်ကြီး၊ မြို့မ၊ မွဲတေ၊ မှတ်ခြင်၊ မြွေပါ၊ မျှတ၊ မွှေးပျံ့။ <<< ...

ပြည်ထောင်စု font

Pyihtaungsu Font Downloads Windows 7 – Microsoft Office အားလုံးအတွက် – Pyidaungsu-1.8_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-1.8_Bold.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) Windows 10 & 8 – Microsoft Office 2013, 2016 အတွက် – Pyidaungsu-2.5_Regular.ttf ဖောင့်   [ DOWNLOAD ]     Mirror Link (Google Drive) – Pyidaungsu-2.5_Bold.ttf ဖောင့်    [ DOWNLOAD ]     Mirror Link (Google Drive) iPhone, iPad အတွက် – Pyidaungsu-2.4.mobileconfig ဖောင့်ပရိုဖိုင် Safari Browser ကိုသုံး၍ ဒေါင်းပါ    [ DOWNLOAD ]     Mirror Link (Google Drive) Download Myanmar Unicode Keyboards KeyMan Keyboard အသုံးပြုခြင်း Download Myanmar Unicode Fonts Myanmar3 အဟောင်း – Myanmar3_MultiOS.ttf ဖောင့်   [ DOWNLOAD ]      Mirror Link (Google Driv...

MacOS Myanmar Unicode Keyboard

  MacOS မှာ ဘယ်တုန်းက ပါလာမှန်းတော့ မသိဘူး။ အစက keymagic နဲ့ပဲ မြန်မာစာကို ရိုက်နေတာ။ သဝေထိုးကို ရှေ့က ရိုက်တာ အကျင့်ပါနေလို့။ ခုကျ ubuntu မှာ messenger က chrominium based ဆိုတော့ သဝေထိုးရှေ့က ရိုက်ရင် bug ပါပြီး ရိုက်မရဖြစ်နေတာနဲ့ default keyboard ကို သုံးရပြန်ရော။ ခုမှ သတိရလို့ Mac မှာပြန်ကြည့်တော့ mac မှာ မြန်မာစာအတွက် ကီးဘုတ်က ၂ ခုပါတာပဲ။ တခုက ရိုက်နေကျ myanmar 3 layout နဲ့ နောက်တခုက ဘာကြီးလဲကို မသိတာ။ စာလုံးတွေက တနေရာစီ။ အဲ့တော့ default myanmar 3 layout keyboard နဲ့ ဆိုတော့ keymagic တောင် ထည့်စရာမလိုတော့ဘူး။ သဝေထိုးကို နောက်မှ ရိုက်တာကလည်း အသားကျနေပြီးသား။  System preferences > keyboard > input source ကနေ  + ကို နှိပ် Burmese ကို ရွေး ။အပေါ်က Myanmar ကို ရွေး။  ရပြီ။  P.S- Catalina နဲ့ BigSur မှာတော့ ရတယ်။ ကျန်တဲ့ အဟောင်းတွေတော့ မသိဘူး။