Skip to main content

အင်တာနက်ပေါ်က လိမ်နည်းများ

Digital ခေတ်မှာ ဘာတွေ trend ဖြစ်လဲ ဆိုတာကို မှီအောင် လိုက်ဖို့လိုပါလိမ့်မယ်။ Smart Phone တွေ ကို လူတိုင်းသုံးလာတဲ့ ခေတ်မှာ ကိုယ့် အန္တရာယ်ကို ကိုယ်တိုင် သိဖို့ လိုပါလိမ့်မယ်။ အရေးကြီးတာကတော့ သူများပြောတိုင်း မယုံဖို့ပါပဲ။ နောက်ပြီး ဘယ် app တွေကတော့ ဘာလုပ်တဲ့ app ဆိုတာ သိဖို့လည်း လိုပါလိမ့်မယ်။ သူများပြောတဲ့ app တိုင်း ကိုယ့်ဖုန်းထဲကို install လုပ်လိုက်တာက အတော်ကို ဆိုးတဲ့ အခြေအနေပါ။ အခု ကြားရမြင်ရတာ များလာတာကတော့ anydesk app နဲ့ ပိုက်ဆံလိမ်တာပါ။ လိမ်

နည်းတွေကလည်း မရိုးရပါဘူး။ လူတွေ လိုချင်တာနဲ့ မျှားကြပြီးတော့ လိမ်ကြတာပါ။ လူဆိုတာလည်း အလကားရတယ် ဆိုတိုင်း လိုချင်ကြတာမျိုးပဲလေ။ 

Anydesk software ဆိုတာ remote desktop software ပါ။ Remote assistance လုပ်ဖို့ အတွက် သုံးတာပါ။ ဒီရောက်တော့မှ hack ဖို့ ငွေလိမ်ဖို့ သုံးနေကြတော့တာ။ anydesk ကို install ပြီးရင် ကိုယ့် ID ကို ဟိုဘက်က သိပြီး ကိုယ်က remote assistance ကို accept ပေးလိုက်မိရင် ကိုယ့်ဖုန်းမှာ ပေါ်နေတာတွေကို ဟိုဘက်လူက မြင်နေရပါတယ်။ ဆိုတော့ privacy အရဆိုရင်တော့ လုံးဝ မကောင်းတာ အမှန်ပါပဲ။ အဲ့တော့ ကိုယ့်ဖုန်းဆီ ရောက်လာမယ့် OTP sms တွေ ကို ဟိုဘက်လူက မြင်နေရပါပြီ။ Anydesk ကို remote assistance အတွက်ပဲ သုံးသင့်ပါတယ်။ ကိုယ်နဲ့ မသိတဲ့ လူတစ်ယောက်က anydesk ကို install လုပ်ခိုင်းရင် မလုပ်ဖို့ပဲ အကြံပေးချင်ပါတယ်။ 



Comments