ကျွန်တော်တို့ နဲ့ သမိုင်းများ

 သမိုင်းဆိုတာ မအ အောင် သင်ရတာ လို့ လူတိုင်း ပြောကြတယ်။ ကျွန်တော်တို့ ကျောင်းမှာ သင်ခဲ့ရတဲ့သမိုင်းက အတုအညာတွေ။ ဆိုတော့ ကျွန်တော်တို့ အ ခဲ့ကြတယ်။ သမိုင်းအစစ်ကိုလည်း ဘယ်မှာ ရှာရမှန်းမသိခဲ့ကြဘူး။ သမိုင်း အစစ်ကို သိမှ အတိတ်မှာ ဖြစ်ပျက်ခဲ့တာတွေကို သိမှ အရှိတရား ကို လက်ခံနိုင်လာမယ်။ ဘယ်သူတွေက ဘယ်လို ဆိုတာ သိလာမယ်။ အမှားတွေကို ထပ်မလုပ်မိအောင် တားနိုင်မယ်။ ဟိုတနေ့ကမှ ကျားပေါက်ရဲ့ podcast နားထောင်လိုက်ရသေးတယ်။ အဲ့ထဲမှာ ပြောထားသလိုပဲ။ ကျွန်တော်တို့က မြန်မာနိုင်ငံသမိုင်းကို မြန်မာလူမျိုးတွေ ရေးတာ မဖတ်နဲ့။ ကျန်တဲ့ သူတွေ ရေးတာဖတ်ရင် အတော် လေး လုံလောက်ပြီ ဆိုသလိုပဲ။ ခုဖြစ်နေတာတွေမှာ ကျွန်တော်တို့ကိုယ်တိုင်က သမိုင်းပဲ။ ဒီသမိုင်းကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ရေးခဲ့ပြီ။ ရှေ့ကလူတွေ ရေးခဲ့တဲ့ သမိုင်းကို စာမကျေခဲ့တဲ့ ကျွန်တော်တို့ က ကိုယ့်သမိုင်းကို ရေးတဲ့ အခါမှာ အမှားတွေ ပါလာတယ်။  ဆိုတော့ အခုလည်း အချိန် မနှောင်းသေးပါဘူး။ ကျွန်တော်တို့ စာ မကျေခဲ့တာတွေကို စာကျေအောင် အခု စာပြန်ဖတ်လို့ မှီပါသေးတယ်။ 

ခုဆို သမိုင်းက တပါတ်ပြန်လည်လာပြီလို့ ပြောလို့ရတယ်။ တပါတ်ပြန်လည်လာတာကိုပဲ ကျွန်တော်တို့က ပြီးခဲ့တဲ့ အတိတ်ကအတိုင်း ပြန်ပြီး အမှားတွေ လုပ်နေကြဦးမှာလား။

Comments

Popular posts from this blog

MacOS Myanmar Unicode Keyboard

Contacts တွေကို one click နဲ့ unicode ပြောင်းနည်း

Oppo ဖုန်းများတွင် Unicode ပြောင်းပုံ