တော်လှန်ရေးနဲ့ ကျွန်တော်
တော်လှန်ရေးကာလအတွင်း Facebook လို social media ပေါ်မှာ phone ကလိ နေတဲ့ ပုံတင်တော့ ဘဲလေး က လာပြီး comment ပေးတယ်။ ဘဲကြီးပဲ အေးတယ်။ ဟိုဟာလုပ်လိုက် ဒီဟာ လုပ်လိုက်နဲ့ ဆိုပြီးတော့ပေါ့။ အဲ့တာနဲ့ ဟကောင်ရ social media ပေါ်က life က လူတွေကို ကိုယ်မြင်စေချင်သလို မြင်ရအောင် ဒီလို ပုံမျိုးတွေ တင်နေရတာဟ။ Social media မှာတော့ ဖြူစင်သူလေး ပါဆိုပြီး တင်ရတာပေါ့ မဟုတ်ဘူးလား။
တော်လှန်ရေးအတွင်း ဘာလုပ်ဖြစ်လဲ ဆိုတာ ပြောရရင် အများကြီးပဲ။ ပြောလို့ရရင်တောင် ခုချိန်မပြောသင့်သေးဘူးဆိုပြီး ငြိမ်နေရတာ။ သူများတွေလို social media မှာ တက်ကြွယ်တာတော့ ကျွန်တော်လည်း လုပ်တတ်တာပေါ့။
တော်လှန်ရေးကာလမှာ နေ့တိုင်း ငါ တော်လှန်ရေးအတွက် ကနေ့ ဘာလုပ်ပြီးပြီလဲ ဆိုတာပဲ တွေးတယ်။ ဘယ်နေရာက ပါရပါရ တော်လှန်ရေးအတွက်ပါတယ်။ စဖြစ်ခါစက နေ့တိုင်းနီးပါး ရေးဖြစ်တဲ့ စာတွေတောင် ခု ကိုယ်တိုင်မြေပြင်မှာ ဝင်ပါလာရတော့ မရေးနိုင်တော့ဘူး။ ရေးတော့ ရေးရဦးမယ်။ မရေးဖြစ်ရင် အကုန်လုံး မေ့ကုန်တော့မှာ။ Happy New Year ကို အရေးတော်ပုံ အောင်ရမည် လို့ ကြွေးကြော်တာ ကျွန်တော်တို့ တစ်နိုင်ငံတည်း ရှိမယ်ပဲ ထင်တယ်။
နှစ်သစ်မှာ တော်လှန်ရေးအောင်မြင်ဖို့ အတွက်ပဲ အာရုံစိုက်တော့မယ်ဗျာ။
Comments
Post a Comment